သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးသိုေလွာင္မထားဖို႔ ေတာင္အာဖရိကသမၼတ တိုက္တြန္း


ကိုဗစ္ကာကြယ္ေဆးထိုးေပးဖို႔ ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ခ်မ္းသာၾကြယ္ဝတဲ့ႏိုင္ငံေတြအေနနဲ႔ ကိုဗစ္၁၉ ကာကြယ္ေဆးေတြကို အလြန္အက သိုေလွာင္ထားတာမ်ိဳး မလုပ္ဘဲ ကမာၻ႔ ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ တကမၻာလံုးအတူတကြေဆာင္ရြက္သြားဖို႔လိုတယ္လို႔ ေတာင္အာဖရိကသမၼတ Cyril Ramaphosa က အဂၤါေန႔က ေျပာဆိုလုိက္ပါတယ္။ ကာကြယ္ေဆးလက္ဝါးၾကီး အုပ္ထားတဲ့ႏိုင္ငံေတြအေနနဲ႔ တျခားႏိုင္ငံေတြကိုလည္း မွ်ေဝေပးဖို႔ အြန္လိုင္းကေနက်င္းပတဲ့ ကမာၻစီးပြားေရးဆုိင္ရာ ဖိုရမ္အစည္းအေဝးမွာ ေတာင္အာဖရိကသမၼတက အခုေျပာဆိုလုိက္တာပါ။ ႏိုင္ငံတခ်ိဳ႕မွာပဲ ကိုဗစ္ကာကြယ္ေဆးထိုးႏိုင္ၿပီး တျခားႏိုင္ငံေတြက မထိုးႏွံႏိုင္ရင္ေတာ့ ကမာၻၾကီးက စိတ္ခ်ရမွာမဟုတ္ပါဘူးလို႔ ဆိုတာပါ။

အေမရိကန္ ကာကြယ္ေဆးဝါးထုတ္ကုမၸဏီ Moderna က သူ႔ကိုဗစ္ ကာကြယ္ေဆးေတြဟာ ယူေကနဲ႔ ေတာင္အာဖရိကမွာေတြ႔ရွိတဲ့ ကိုရိုနာမ်ိဳးဗီဇ ဗိုင္းရပ္စ္ပိုးသစ္ေတြအေပၚ ကာကြယ္မႈ ထိေရာက္ႏိုင္ပံုရတယ္လို႔ တနလၤာေန႔ကေျပာဆိုလိုက္ပါတယ္။ Moderna COVID-19 vaccine ႏွစ္ၾကိမ္ထိုးႏွံရင္ မ်ိဳးဗီဇသစ္ဗိုင္းရပ္စ္ပိုးေတြကို ကာကြယ္ႏုိင္ေျခ ရွိတယ္ဆိုတာ သူ႕ေလ့လာခ်က္မွာေတြ႕ရတယ္လို႔ Moderna က ဆိုပါတယ္။ ကမာၻတဝန္း ကူးစက္သူေပါင္း သန္း ၁၀၀ အထိျဖစ္လာခ်ိန္မွာ ကိုဗစ္ကာကြယ္ေဆး Moderna သတင္းေကာင္း ထြက္လာတာပါ။

အခုေတြ႔ရွိေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုးမ်ိဳး ဗီဇသစ္ေတြဟာ ပိုၿပီးေတာ့ ျမန္ျမန္ကူးစက္ႏိုင္စြမ္းရွိေနတဲ့အတြက္ ျဗိတိန္မွာ ပိုးမ်ိဳးဗီဇသစ္ကို ပထမဆံုးေတြ႔ရွိတဲ့ခ်ိန္ ဒီပိုးကိုခုခံႏုိင္မယ့္ ကာကြယ္ေဆးေတြ ထိုးႏွံႏိုင္ဖို႔က က်န္းမာေရးတာဝန္ရွိသူေတြအတြက္ အေရးၾကီးကိစၥျဖစ္ေနပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ျဗိတိန္မွာေတြ႔ရွိတဲ့ ဗိုင္းရပ္စ္ပိုးသစ္က ကူးစက္ျမန္ႏႈန္းျမင့္ေပမဲ့ အခုစမ္းသပ္ေတြ႔ရွိထားတဲ့ ကုိဗစ္ကာကြယ္ေဆးေတြက ခုခံႏိုင္မယ္လို႔ ယုံၾကည့္ထားၾကပါတယ္။ ဒါေပမဲ့လည္း ေတာင္အာဖရိကမွာေတြ႔တဲ့ ပိုးသစ္ကိုေတာ့ လက္ရွိကာကြယ္ေဆးေတြက ထိေရာက္မႈနည္းႏိုင္တယ္လို႔ ယူဆၾကပါတယ္။

အင္ဒိုနီးရွားမွာေတာ့ ကူးစက္သူေပါင္း ၁,၀၀၀,၀၀၀ အထိရွိသြားၿပီလို႔ အင္ဒိုနီးရွားက်န္းမာေရးဝန္ၾကီးဌာနက ဒီကေန႔ အဂၤါေန႔မွာ ေၾကညာလိုက္ပါတယ္။ ႏုိင္ငံလူဦးေရ သန္း ၂၇၀ ရဲ႕ သံုးပံုႏွစ္ပံု ကာကြယ္ေဆးထိုးဖို႔ ျပင္ဆင္ေနခ်ိန္မွာ အခုလို ပုိးကူးစက္မႈႏႈန္းေတြျမင့္မားလာတာပါ။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ အခု စည္းမ်ဥ္းသစ္အရ အေမရိကန္ႏိုင္ငံသားေတြအပါအဝင္ အသက္ ၂ ႏွစ္နဲ႔ အထက္ ခရီးသြားသူတိုင္း ကိုဗစ္၁၉ ေရာဂါပိုးမရွိေၾကာင္း ျပႏိုင္မွာ အေမရိကန္ႏိုင္ငံတဝန္း ေလေၾကာင္းလုိင္းေတြကို စီးနင္းခြင့္ျပဳမွာျဖစ္ပါတယ္။ ဘရာဇီးလ္ ျဗိတိန္နဲ႔ ဥေရာပႏုိင္ငံက လာတဲ့ခရီးသြားေတြကိုလည္း ဝင္ခြင့္ဆက္ပိတ္ထားမယ္လို႔ သမၼသစ္ဂ်ိဳးဘိုင္ဒန္က တနလၤာေန႔က ထုတ္ျပန္ပါတယ္။ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က တနလၤာေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကပ္ေရာဂါအေျခအေနက ပိုၿပီးဆိုးဝါးလာေနတယ္ ဗိုင္းရပ္စ္ပိုးသစ္ေတြကလည္း ပ်ံ႕ႏွံေနတဲ့အတြက္ ဒီအခ်ိန္ဟာ ႏုိင္ငံတကာခရီးသြားလာမႈ ပိတ္မပင္ခ်က္ေတြ ျပန္ရုပ္ရမယ့္အခ်ိန္မဟုတ္ဘူးလို႔ေျပာခဲ့ပါတယ္။ အေမရိကန္ Minnesota က က်န္းမာေရးတာဝန္ရွိသူေတြကလည္း ဘရာဇီးလ္ကလာတဲ့ မ်ိဳးဗီဇဗိုင္းရပ္စ္ပိုးသစ္ အဲ့ဒီ့ႏုိင္ငံက ျပန္လာတဲ့ခရီးသြားလူနာကေန ပထမဆံုး အေမရိကန္မွာ ရွာေဖြေတြ႔ရွိတယ္လို႔ ထုတ္ျပန္ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးသိုလှောင်မထားဖို့ တောင်အာဖရိကသမ္မတ တိုက်တွန်း

ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေအနေနဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးတွေကို အလွန်အက သိုလှောင်ထားတာမျိုး မလုပ်ဘဲ ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ တကမ္ဘာလုံးအတူတကွဆောင်ရွက်သွားဖို့လိုတယ်လို့ တောင်အာဖရိကသမ္မတ Cyril Ramaphosa က အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။ ကာကွယ်ဆေးလက်ဝါးကြီး အုပ်ထားတဲ့နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံတွေကိုလည်း မျှဝေပေးဖို့ အွန်လိုင်းကနေကျင်းပတဲ့ ကမ္ဘာစီးပွားရေးဆိုင်ရာ ဖိုရမ်အစည်းအဝေးမှာ တောင်အာဖရိကသမ္မတက အခုပြောဆိုလိုက်တာပါ။ နိုင်ငံတချို့မှာပဲ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပြီး တခြားနိုင်ငံတွေက မထိုးနှံနိုင်ရင်တော့ ကမ္ဘာကြီးက စိတ်ချရမှာမဟုတ်ပါဘူးလို့ ဆိုတာပါ။

အမေရိကန် ကာကွယ်ဆေးဝါးထုတ်ကုမ္ပဏီ Moderna က သူ့ကိုဗစ် ကာကွယ်ဆေးတွေဟာ ယူကေနဲ့ တောင်အာဖရိကမှာတွေ့ရှိတဲ့ ကိုရိုနာမျိုးဗီဇ ဗိုင်းရပ်စ်ပိုးသစ်တွေအပေါ် ကာကွယ်မှု ထိရောက်နိုင်ပုံရတယ်လို့ တနင်္လာနေ့ကပြောဆိုလိုက်ပါတယ်။ Moderna COVID-19 vaccine နှစ်ကြိမ်ထိုးနှံရင် မျိုးဗီဇသစ်ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်ခြေ ရှိတယ်ဆိုတာ သူ့လေ့လာချက်မှာတွေ့ရတယ်လို့ Moderna က ဆိုပါတယ်။ ကမ္ဘာတဝန်း ကူးစက်သူပေါင်း သန်း ၁၀၀ အထိဖြစ်လာချိန်မှာ ကိုဗစ်ကာကွယ်ဆေး Moderna သတင်းကောင်း ထွက်လာတာပါ။

အခုတွေ့ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုး ဗီဇသစ်တွေဟာ ပိုပြီးတော့ မြန်မြန်ကူးစက်နိုင်စွမ်းရှိနေတဲ့အတွက် ဗြိတိန်မှာ ပိုးမျိုးဗီဇသစ်ကို ပထမဆုံးတွေ့ရှိတဲ့ချိန် ဒီပိုးကိုခုခံနိုင်မယ့် ကာကွယ်ဆေးတွေ ထိုးနှံနိုင်ဖို့က ကျန်းမာရေးတာဝန်ရှိသူတွေအတွက် အရေးကြီးကိစ္စဖြစ်နေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဗြိတိန်မှာတွေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုးသစ်က ကူးစက်မြန်နှုန်းမြင့်ပေမဲ့ အခုစမ်းသပ်တွေ့ရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ခုခံနိုင်မယ်လို့ ယုံကြည့်ထားကြပါတယ်။ ဒါပေမဲ့လည်း တောင်အာဖရိကမှာတွေ့တဲ့ ပိုးသစ်ကိုတော့ လက်ရှိကာကွယ်ဆေးတွေက ထိရောက်မှုနည်းနိုင်တယ်လို့ ယူဆကြပါတယ်။

အင်ဒိုနီးရှားမှာတော့ ကူးစက်သူပေါင်း ၁,၀၀၀,၀၀၀ အထိရှိသွားပြီလို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံလူဦးရေ သန်း ၂၇၀ ရဲ့ သုံးပုံနှစ်ပုံ ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေချိန်မှာ အခုလို ပိုးကူးစက်မှုနှုန်းတွေမြင့်မားလာတာပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ အခု စည်းမျဉ်းသစ်အရ အမေရိကန်နိုင်ငံသားတွေအပါအဝင် အသက် ၂ နှစ်နဲ့ အထက် ခရီးသွားသူတိုင်း ကိုဗစ်၁၉ ရောဂါပိုးမရှိကြောင်း ပြနိုင်မှာ အမေရိကန်နိုင်ငံတဝန်း လေကြောင်းလိုင်းတွေကို စီးနင်းခွင့်ပြုမှာဖြစ်ပါတယ်။ ဘရာဇီးလ် ဗြိတိန်နဲ့ ဥရောပနိုင်ငံက လာတဲ့ခရီးသွားတွေကိုလည်း ဝင်ခွင့်ဆက်ပိတ်ထားမယ်လို့ သမ္မသစ်ဂျိုးဘိုင်ဒန်က တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က တနင်္လာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကပ်ရောဂါအခြေအနေက ပိုပြီးဆိုးဝါးလာနေတယ် ဗိုင်းရပ်စ်ပိုးသစ်တွေကလည်း ပျံ့နှံနေတဲ့အတွက် ဒီအချိန်ဟာ နိုင်ငံတကာခရီးသွားလာမှု ပိတ်မပင်ချက်တွေ ပြန်ရုပ်ရမယ့်အချိန်မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ အမေရိကန် Minnesota က ကျန်းမာရေးတာဝန်ရှိသူတွေကလည်း ဘရာဇီးလ်ကလာတဲ့ မျိုးဗီဇဗိုင်းရပ်စ်ပိုးသစ် အဲ့ဒီ့နိုင်ငံက ပြန်လာတဲ့ခရီးသွားလူနာကနေ ပထမဆုံး အမေရိကန်မှာ ရှာဖွေတွေ့ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG