သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလအတြင္းေရးမွဴးခ်ဳပ္ နယူးေယာက္မွာ ကုိဗစ္ကာကြယ္ေဆးထုိး


Guterres ကိုဗစ္ကာကြယ္ေဆးထိုးစဥ္ (ဓာတ္ပံု-UN)

(Zawgyi/Unicode)
ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres ဟာ နယူးေရာက္ Bronx မွာ ရွိတဲ့ Adlai E Stevenson အထက္တန္းေက်ာင္းမွာ ဖြင့္ထားတဲ့ ကာကြယ္ေဆးထုိးစင္တာကို ၾကာသပေတးေန႔က သြားေရာက္ၿပီး ၂ ႀကိမ္ထိုးဖို႔လိုအပ္တဲ့ COVID-19 ကာကြယ္ေဆးကို ပထမအႀကိမ္ထိုးခဲ့ပါတယ္။

“ကာကြယ္ေဆးရလာၿပီျဖစ္တဲ့ အခြင့္အလမ္းကို အသံုးခ်ၿပီး တတ္ႏိုင္သမ်ွ အျမန္ဆံုး ေဆးထိုးၾကဖို႔ အားလံုးကို တိုက္တြန္းလိုပါတယ္” လို႔ ေျပာသြားတာပါ။ ကုလသမဂၢ ဝန္ထမ္းေတြနဲ႔ သံတမန္ေတြကိုပါ ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ထဲမွာ ထည့္သြင္းေပးတဲ့ နယူးေယာက္ တာ၀န္ရွိသူေတြ ကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ ဒီေရာဂါ ကာကြယ္ေဆးကို ေနရာတိုင္းက လူတိုင္း ထိုးႏိုင္ေအာင္ လုပ္ရမွာ ျဖစ္ေၾကာင္းလည္း သူ႔ ရဲ့ တြစ္တာကေန ေရးပါတယ္။ ဒီကပ္ေရာဂါအတြက္ လူတိုင္းစိတ္ခ်ရတဲ့ အေနထား မေရာက္မခ်င္း ဘယ္သူမွ စိတ္ခ်လက္ခ် ေနႏိုင္မွာ မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။

နယူးေရာက္မွာ ေနထိုင္သူ အသက္ ၆၅ ႏွစ္ အထက္ရွိသူေတြကို ေဆးထိုးေပးတဲ့ အစီအစဥ္လုပ္ေဆာင္ေနခ်ိန္ ျဖစ္တဲ့အတြက္ အသက္ ၇၁ ႏွစ္ ရွိၿပီျဖစ္ၿပီျဖစ္တဲ့ အတြင္းေရးမွဴးခ်ဳပ္ Guterres လည္း ေဆးထိုးခြင့္ရခဲ့တာ ျဖစ္ပါတယ္။ အခု အသုတ္ ေဆးထိုးဖို႔ အက်ံဴးဝင္သူေတြက အသက္ ၆၅ ႏွစ္ အထက္လူႀကီးပိုင္းေတြ၊ ေက်ာင္းဝန္ထမ္းေတြ၊ အေရးေပၚေဆးဝန္ထမ္းေတြ၊ သယ္ယူပို႔ေဆာင္ေရး ဝန္ထမ္းေတြနဲ႔ ကုန္စံုဆိုင္ဝန္ထမ္းေတြ ပါဝင္ပါတယ္။

ကာကြယ္ေဆးကို အမ်ားျပည္သူေရွ႕မွာ ထိုးႏွံမွာ ျဖစ္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္က ဒီဇင္ဘာလမွာ ေၾကညာခဲ့တာပါ။

အခုလို ကာကြယ္ေဆး ထိုးတာဟာ လူ႔က်င့္ဝတ္အရ လုပ္ေဆာင္ရမယ့္ အလုပ္တခု အျဖစ္ ခံယူထားတဲ့ အတြင္းေရးမွဴးခ်ဳပ္က ဒီေရာဂါဟာ ကူးစက္မႈ အႏၱရာယ္ရွိေနတဲ့အတြက္ လူ႔အသိုင္းဝိုင္း တခုလံုး အႏၱရာယ္ကင္းေအာင္ လူတိုင္း ပါဝင္ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္းလည္း အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................................................................

ကုလအတွင်းရေးမှူးချုပ် နယူးယောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုး

(Unicode)

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ နယူးရောက် Bronx မှာ ရှိတဲ့ Adlai E Stevenson အထက်တန်းကျောင်းမှာ ဖွင့်ထားတဲ့ ကာကွယ်ဆေးထိုးစင်တာကို ကြာသပတေးနေ့က သွားရောက်ပြီး ၂ ကြိမ်ထိုးဖို့လိုအပ်တဲ့ COVID-19 ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့ပါတယ်။

“ကာကွယ်ဆေးရလာပြီဖြစ်တဲ့ အခွင့်အလမ်းကို အသုံးချပြီး တတ်နိုင်သမျှ အမြန်ဆုံး ဆေးထိုးကြဖို့ အားလုံးကို တိုက်တွန်းလိုပါတယ်” လို့ ပြောသွားတာပါ။ ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ သံတမန်တွေကိုပါ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းပေးတဲ့ နယူးယောက် တာဝန်ရှိသူတွေ ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဒီရောဂါ ကာကွယ်ဆေးကို နေရာတိုင်းက လူတိုင်း ထိုးနိုင်အောင် လုပ်ရမှာ ဖြစ်ကြောင်းလည်း သူ့ ရဲ့ တွစ်တာကနေ ရေးပါတယ်။ ဒီကပ်ရောဂါအတွက် လူတိုင်းစိတ်ချရတဲ့ အနေထား မရောက်မချင်း ဘယ်သူမှ စိတ်ချလက်ချ နေနိုင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

နယူးရောက်မှာ နေထိုင်သူ အသက် ၆၅ နှစ် အထက်ရှိသူတွေကို ဆေးထိုးပေးတဲ့ အစီအစဉ်လုပ်ဆောင်နေချိန် ဖြစ်တဲ့အတွက် အသက် ၇၁ နှစ် ရှိပြီဖြစ်ပြီဖြစ်တဲ့ အတွင်းရေးမှူးချုပ် Guterres လည်း ဆေးထိုးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အခု အသုတ် ဆေးထိုးဖို့ အကျူံးဝင်သူတွေက အသက် ၆၅ နှစ် အထက်လူကြီးပိုင်းတွေ၊ ကျောင်းဝန်ထမ်းတွေ၊ အရေးပေါ်ဆေးဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေနဲ့ ကုန်စုံဆိုင်ဝန်ထမ်းတွေ ပါဝင်ပါတယ်။

ကာကွယ်ဆေးကို အများပြည်သူရှေ့မှာ ထိုးနှံမှာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ဒီဇင်ဘာလမှာ ကြေညာခဲ့တာပါ။

အခုလို ကာကွယ်ဆေး ထိုးတာဟာ လူ့ကျင့်ဝတ်အရ လုပ်ဆောင်ရမယ့် အလုပ်တခု အဖြစ် ခံယူထားတဲ့ အတွင်းရေးမှူးချုပ်က ဒီရောဂါဟာ ကူးစက်မှု အန္တရာယ်ရှိနေတဲ့အတွက် လူ့အသိုင်းဝိုင်း တခုလုံး အန္တရာယ်ကင်းအောင် လူတိုင်း ပါဝင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG