သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



ကုလအထွေထွေအတွင်းမှုးချုပ် Antonio Guterres (ဓာတ်ပုံ- AP)

(Zawgyi/Unicode)


၂၀၂၀ မှာ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရတာနဲ့ စီးပွါးရေးကပ်ဆိုက်လာခဲ့တဲ့ နောက် အခု ၂၀၂၁ အတွက် သူ့ရဲ့ ဦးစားပေးလုပ်ဆောင်မှာတွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ်က တင်ပြခဲ့တာ ဖြစ်ပြီး အခုအချိန်မှာ ဒီကပ်ရောဂါအတွက် ကာကွယ်ဆေးထိုးမှုတွေ လုပ်လာနိုင်တာကြောင့် မျှော်လင့်ချက်တွေလည်း ထားလာနေတာပါ။

၂၀၂၁ ခုနှစ်ဟာ အပြောင်းအလဲတွေ လုပ်ရမယ့်နှစ်ဖြစ်ပြီး သေဆုံးမှုတွေ ဖြစ်ပွားနေရာကနေ ကျန်းမာရေးတိုးတက်လာအောင် လုပ်ဆောင်ဖို့ အပျက်အစီးတွေ ဖြစ်နေရာကနေ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ဖို့ စိတ်ပျက်လက်ပျက် ဖြစ်နေရာကနေ မျှော်လင့်ချက်တွေရလာအောင် လုပ်ဖို့ လုပ်ရိုးလုပ်စဉ် ပုံမှန်စီးပွါးရေးလုပ်နေရာကနေ အပြောင်းအလဲတွေ ဖေါ်ဆောင်ကြဖို့ တိုက်တွန်းခဲ့တာပါ။


ဒါ့အပြင် ကြောက်မက်ဖွယ်ကြုံတွေ့ခဲ့ရတဲ့နှစ်ကနေ ဖြစ်နိုင်ခြေတွေနဲ့ မျှော်လင့်ချက်တွေရှိ လာတဲ့ နှစ်အဖြစ် ပြောင်းလဲလုပ်ဆောင်ကြဖို့နဲ့ ကမ္ဘာကြီးကို နေချင်စရာကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာအောင် ဆောင်ကျဉ်းဖို့ ဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။


.....................................................

တိုက်ရိုက် လင့်ခ်


နှစ်သစ်အတွင်းကမ္ဘာကြီးကို အသစ်ပြန်စတင်ရေးကြိုးပမ်းဖို့ ကုလအတွင်းရေးမှူးချုပ်ဆော်သြ

(Unicode)

ကမ္ဘာတလွှား ကြီးမားတဲ့ ဘေးအန္တရာယ်သင့်မှုနဲ့ ကြုံရပြီး ကံဆိုးမိုးမှောင် ကျခဲ့ရတဲ့ ၂၀၂၀ ကုန်ဆုံးပြီး ၂၀၂၁ ခုနှစ်ထဲ ရောက်လာချိန်မှာ ကမ္ဘာကြီးကို အသစ်တဖန် ပြန်လည်စတင်ရေးကို ဦးစားပေး လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့မှာ ပြောပါတယ်။

၂၀၂၀ မှာ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရတာနဲ့ စီးပွါးရေးကပ်ဆိုက်လာခဲ့တဲ့ နောက် အခု ၂၀၂၁ အတွက် သူ့ရဲ့ ဦးစားပေးလုပ်ဆောင်မှာတွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ်က တင်ပြခဲ့တာ ဖြစ်ပြီး အခုအချိန်မှာ ဒီကပ်ရောဂါအတွက် ကာကွယ်ဆေးထိုးမှုတွေ လုပ်လာနိုင်တာကြောင့် မေ ျှာ်လင့်ချက်တွေလည်း ထားလာနေတာပါ။

၂၀၂၁ ခုနှစ်ဟာ အပြောင်းအလဲတွေ လုပ်ရမယ့်နှစ်ဖြစ်ပြီး သေဆုံးမှုတွေ ဖြစ်ပွားနေရာကနေ ကျန်းမာရေးတိုးတက်လာအောင် လုပ်ဆောင်ဖို့ အပျက်အစီးတွေ ဖြစ်နေရာကနေ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ဖို့ စိတ်ပျက်လက်ပျက် ဖြစ်နေရာကနေ မေ ျှာ်လင့်ချက်တွေရလာအောင် လုပ်ဖို့ လုပ်ရိုးလုပ်စဉ် ပုံမှန်စီးပွါးရေးလုပ်နေရာကနေ အပြောင်းအလဲတွေ ဖေါ်ဆောင်ကြဖို့ တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ တွေ့နေကြပြဿနာတွေ အပြင် လူထုကျန်းမာရေး အတွက်သာမက ငြိမ်းချမ်းရေးနဲ့ သဘာဝဝန်းကျင်အတွက်ပါ ပြန်လည်တွေးဆပြီး အားဖြည့် လုပ်ဆောင်ကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ကြောက်မက်ဖွယ်ကြုံတွေ့ခဲ့ရတဲ့နှစ်ကနေ ဖြစ်နိုင်ခြေတွေနဲ့ မေ ျှာ်လင့်ချက်တွေရှိ လာတဲ့ နှစ်အဖြစ် ပြောင်းလဲလုပ်ဆောင်ကြဖို့နဲ့ ကမ္ဘာကြီးကို နေချင်စရာကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာအောင် ဆောင်ကျဉ်းဖို့ ဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ကုလအတွင်းရေးမှူးချုပ် Guterres ဟာ ဒီတာဝန်ကို ၂၀၁၇ မှာ စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး နောက်ထပ် ၅ နှစ် သက်တမ်းဆက်လက်ထမ်းဆောင်ဖို့ လည်း ဆန္ဒရှိနေတာပါ။

XS
SM
MD
LG