(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ ကိစၥေတြနဲ႔ပတ္သက္ၿပီး ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres အေနနဲ႔ အလြန္ စိုးရိမ္ ပူပန္စြာနဲ႔ ေစာင့္ၾကည့္ေလ့လာ ေနေၾကာင္း အတြင္းေရးမႉးခ်ဳပ္ရဲ့ ေျပာခြင့္ရက Stéphane Dujarric ေျပာပါတယ္။
ပါဝင္ပတ္သက္ေနသူ အားလုံးအေနနဲ႔ ေသြးထိုး လႈံ႕ေဆာ္ ရန္စတဲ့ လုပ္ရပ္ေတြကို ေရွာင္ရွားဖို႔၊ ေခါင္းေဆာင္မႈကို ျပသဖို႔၊ ဒီမိုကေရစီ စံႏႈန္းေတြကို ေစာင့္ ထိန္း လိုက္နာဖို႔နဲ႔ နိုဝင္ဘာလ ၈ ရက္ အေထြေထြ ေရြးေကာက္ပြဲ ရလဒ္ကို ေလးစားလက္ခံဖို႔ အတြင္းေရးမႉးခ်ဳပ္က တိုက္တြန္း တယ္လို႔လည္း ေျပာခြင့္ရ Stéphane Dujarric က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။
ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြကို ျပဌာန္းထားတဲ့ ဥပေဒေၾကာင္းအရ ေျဖရွင္းသင့္တယ္ လို႔လည္း ေျပာပါတယ္။
ၿငိမ္းခ်မ္းေရး၊ အားလုံး ပါဝင္တဲ့ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ လူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာကိစၥ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရးဆိုင္ရာ ျမန္မာ ျပည္သူေတြရဲ့ ေမၽွာ္မွန္းလုပ္ေဆာင္ခ်က္ေတြကို ကုလသမဂၢက ေထာက္ခံသြားမွာကိုလည္း ထပ္ေလာင္း အတည္ျပဳေၾကာင္း ကုလသမဂၢရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါရွိတယ္။
............
သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့နဲ့ မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
(Unicode)
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အလွန် စိုးရိမ် ပူပန်စွာနဲ့ စောင့်ကြည့်လေ့လာ နေကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက Stéphane Dujarric ပြောပါတယ်။ ပါဝင်ပတ်သက်နေသူ အားလုံးအနေနဲ့ သွေးထိုး လှုံ့ဆော် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ ခေါင်းဆောင်မှုကို ပြသဖို့၊ ဒီမိုကရေစီ စံနှုန်းတွေကို စောင့် ထိန်း လိုက်နာဖို့နဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလက်ခံဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်း တယ်လို့လည်း ပြောခွင့်ရ Stéphane Dujarric က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ပြဌာန်းထားတဲ့ ဥပဒေကြောင်းအရ ဖြေရှင်းသင့်တယ် လို့လည်း ပြောပါတယ်။
ငြိမ်းချမ်းရေး၊ အားလုံး ပါဝင်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာကိစ္စ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ မြန်မာ ပြည်သူတွေရဲ့ မျှော်မှန်းလုပ်ဆောင်ချက်တွေကို ကုလသမဂ္ဂက ထောက်ခံသွားမှာကိုလည်း ထပ်လောင်း အတည်ပြုကြောင်း ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိတယ်။