သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ အျငင္းအခံု ဘယ္ေလာက္ အေရးႀကီးသလဲ 


(Zawgyi/Unicode)

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲ မဲစာရင္းမွားယြင္းမူေတြ သန္းေတြနဲ႔ခ်ီ ရွိခဲ့တယ္လို႔ တပ္မေတာ္က ဆက္တိုက္ထုတ္ျပန္ေနၿပီး၊ ေရြးေကာက္ပြဲျပႆနာေတြေဆြးေႏြးဖို႔ပါ သက္တမ္းက်န္ေနတဲ့ လႊတ္ေတာ္အထူးအစည္းအေဝးေခၚတာ အပယ္ခံရတဲ့အေပၚ၊ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒနဲ႔ ညီမညီ ေမးခြန္းထုတ္လာတာက ဘာကိုရည္ရြယ္တာပါလဲ။

ဒီျပႆနာကို ဘယ္လိုေျဖရွင္းသင့္တာကို ႏိုင္ငံေရးေလ့လာသံုးသပ္သူ တပ္မေတာ္အရာရွိဝန္ႀကီးေဟာင္း၊ ေနာက္ အစိုးရပါတီေျပာခြင့္ရနဲ႔၊ ေရြးေကာက္ပြဲကၽြမ္းက်င္သူတစ္ဦးကို ကိုဝင္းမင္းကေမးရာမွာ၊ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္က အခုလိုစရွင္းျပပါတယ္။

“၂၀၂၀ ေရြးေကာက္ပြဲမွာ အႏိုင္ရတဲ့ NLD ပါတီရဲ႕ တရား၀င္မႈအေပၚမွာ သက္ေသေတြနဲ႔ ဒီလိုမ်ိဳး သံသယျဖစ္စရာေတြရွိခဲ့တယ္ဆိုတဲ့ အေထာက္အထားက်န္ေအာင္လုပ္ေနတယ္လို႔ပဲ က်ေနာ္ျမင္ပါတယ္။ ပထမ ႏိုင္ငံေရးပါတီေပါ့ေလ အဓိကေတာ့ ျပည္ခိုင္ၿဖိဳးဘက္က ေျပာတဲ့အေပၚမွာလည္း ေရြးေကာက္ပြဲ ေကာ္မရွင္ေတြေရာ အစိုးရဘက္ကေရာ၊ ေရြးေကာက္ပြဲအႀကိဳကာလကတည္းက ဘာမွ တံု႔ျပန္တာမရွိဘူး။ မရွိခဲ့တဲ့အတြက္ေၾကာင့္မို႔ ေရြးေကာက္ပြဲၿပီးတဲ့အခါမွာေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ အေျခခံံမႈထဲမွာေပးထားတဲ့ အမ်ိဳးသားႏိုင္ငံေရးက႑မွာ ပါ၀င္ရမယ္ဆိုတဲ့အခ်က္ကို ဆြဲၿပီးေတာ့မွ ေျပာတယ္လို႔ျမင္ပါတယ္။”

ဒါေပမယ့္ ေရြးေကာက္ပြဲ အႏိုင္ရ အစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ေျပာခြင့္ရ ေဒါက္တာမ်ိဳးညႊန္႔ကေတာ့

“က်ေတာ္တို႔ကေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ေၾကာင့္ ဒီျပႆနာတတ္တယ္လို႔ မယူဆပါဘူး။ အမ်ားျပည္သူလည္း ေစာင့္ၾကည့္ေလ့လာလို႔ရွိရင္ ဒီမွာ အင္မတန္ႀကီးႀကီးမားမား မသမာမႈ မရွိပဲနဲ႔ ၿပီးသြားတယ္လို႔ အမ်ားစုကေတာ့ အဲဒီလို လက္ခံထားတယ္။ အဲဒီေတာ့ ဒါကို အခုျပႆနာျဖစ္လာတာကေတာ့ ေရြးေကာက္ပြဲအလြန္ကာလမွာ မိမိတို႔ရရမယ့္အခြင့္အေရးေတြ ေနာက္ၿပီးေတာ့ မိမိတို႔ လက္ရွိအခြင့္အေရးေတြအတြက္ စိုးရိမ္ပူပန္မႈေတြ ပါ၀င္တယ္လို႔ က်ေနာ္တို႔က ျမင္တယ္။”

ဒီအေပၚ ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာခဲ့တဲ့ PACE (ေခၚ) ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ အဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က

“ေရြးေကာက္ပြဲမတိုင္ခင္တုန္းကေတာ့ ေရြးေကာက္ပြဲ တရားမွ်တမႈ ရွိမွာမဟုတ္ဘူးဆိုၿပီးေတာ့ တပ္မေတာ္ကိုယ္တိုင္က စြပ္စြဲခ်က္ေတြရွိေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဲလိုစြပ္စြဲတာထက္စာရင္ ဒီမွာ မတရားမႈေတြရွိတယ္၊ အားနည္းခ်က္ေတြရွိတယ္ ဒါကို တပ္မေတာ္က အမ်ိဳးသားႏိုင္ငံေရးတာ၀န္ေတြနဲ႔ လုပ္တယ္ဆိုတဲ့သေဘာမ်ိဳး ျမင္ပါတယ္။ ဒီမဲစာရင္းနဲ႔ ပတ္သက္လို႔ရွိရင္ ဘယ္ေလာက္ထိမွန္တယ္၊ ဘယ္ေလာက္ထိ မွားတယ္ဆိုတာ တိတိက်က် ေျပာဖို႔ ခက္တယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ဘယ္သူကမွ အဲလိုစနစ္တက် စမ္းစစ္ေလ့လာမႈကို မလုပ္ႏိုင္ဘူးေပါ့ေလ။ အပိုင္းလိုက္၊ အပိုင္းလိုက္ လုပ္တာေတာ့ရွိတယ္။ ဒါေပမယ့္ မဲစာရင္းျပဳစုပံုရဲ႕ ပံုစံကိုၾကည့္မယ္ဆိုရင္ေတာ့ မဲစာရင္းမွာ အားနည္းခ်က္ေတြ ရွိေနတယ္ဆိုတာလည္း လက္ခံတယ္။ ဒါေပမယ့္ ဒီမဲစာရင္းအမွားေၾကာင့္မို႔လို႔ ဘယ္ပါတီရႈံးသြားတယ္၊ ဘယ္ပါတီႏိုင္သြားတယ္ ဆိုတာမ်ိဳးအထိေတာ့ ျဖစ္မယ္လို႔ က်ေနာ္မယံုၾကည္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ မဲစာရင္းေတြထပ္တာက ဘယ္ပါတီကို မဲေပးသလဲဆိုတာ ေျပာဖို႔ခက္တယ္။ ေနာက္ၿပီးေတာ့ မဲစာရင္းေပးတဲ့သူက မဲေပးသလား မေပးဘူးလား ဆိုတာေတြရွိတာကို။”

အဲဒီေတာ့ ေရွ႕မွာဘယ္လို ဆက္ျဖစ္လာႏိုင္ပါသလဲလို႔ ေမးရာမွာ ေဒါက္တာမ်ိဳးညႊန္႔က

“က်ေနာ္တုိ႔ကေတာ့ ဥပေဒနဲ႔အညီ လုပ္စရာရွိတာကို လုပ္သြားမွာပါ။ အဲဒီေတာ့ ဥပေဒနဲ႔အညီ မဟုတ္ဘူး ၊ အာဏာသိမ္းမယ္ စသျဖင့္ စိုးရိမ္တယ္။ ဒါေတြက လက္ရွိ ဥပေဒေဘာင္အျပင္က ျဖစ္ပါတယ္။”

ဒါေပမယ့္ ဦးရဲထြဋ္ကေတာ့ အာဏာသိမ္းဖို႔ အေျခအေနက ေျပာင္းသြားၿပီဆိုၿပီး အခုလို ရွင္းျပပါတယ္။

“တပ္မေတာ္က ၈၈ တို႔ ၊ ၆၂ တုန္းကလို ႏိုင္ငံေရး အၾကပ္အတည္းေတြ ျဖစ္တဲ့အခ်ိန္တုန္းက သူ၀င္ေရာက္ စြက္ဖက္ႏိုင္တဲ့ တခုတည္းေသာနည္းလမ္းက အာဏာသိမ္းတာပဲ ရွိတာကို။ သို႔ေသာ္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ဆြဲတဲ့အခါမွာေတာ့ ႏိုင္ငံေရးျဖစ္စဥ္ထဲမွာ အစိတ္အပိုင္းတခုအေနနဲ႔ ပါ၀င္တဲ့အတြက္ေၾကာင့္ ဖြဲ႔စည္းပံု အေျခခံဥပေဒေဘာင္ထဲကပဲ ေျပာရေတာ့မွာေပါေနာ္။ အဲဒါကို ေက်ာ္လြန္ၿပီးေတာ့ အာဏာသိမ္းမယ္ ဆိုရင္ေတာ့ လိုအပ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္က အင္မတန္မွ ျပဖို႔ ခဲယဥ္းသြားလိမ့္မယ္။ တပ္မေတာ္က သူေရးဆြဲခဲ့တဲ့ လမ္းျပေျမပံု ၇ ခ်က္ကို သူကိုယ္တိုင္ ျပန္ဖ်က္သလိုျဖစ္သြားမွာေပါ့။ ဒါေၾကာင့္မို႔လို႔ ဒီလိုအာဏာသိမ္းမယ္လို႔ ခန္႔မွန္းတာေတြက ျဖစ္ႏိုင္ေျခ အလြန္၊ အလြန္နည္းတယ္။”

ဒီေနရာမွာ အခုျပႆနာအတြက္ ဘယ္လိုေျဖရွင္းသင့္တာကို ေမးရာမွာ စိုင္းရဲေက်ာ္စြာျမင့္က

“ဒီအခ်ိန္မွာ လာမယ့္ေရြးေကာက္ပြဲေတြမွာ မဲစာရင္းေကာင္းေအာင္၊ ဥပေဒမူေဘာင္ ျပဳျပင္ေျပာင္းလဲေရးေတြကို ဘယ္လိုလုပ္ၾကမလဲဆိုတာမ်ိဳးကို လုပ္ေစခ်င္တယ္။ တပ္မေတာ္ေရာ၊ ျပည္ေထာင္စု ၾကံ႔ခိုင္ဖြံ႔ၿဖိဳးေရးပါတီေရာ။ ဒါေပမယ့္ တဖက္မွာလည္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွာလည္း တာ၀န္ရွိတယ္။ ဘာလို႔လဲဆိုေတာ ့မဲစာရင္းက မွားႏိုင္တယ္ အားနည္းခ်က္ေတြရွိတယ္။ အဲဒါကို ေကာ္မရွင္အေနနဲ႔လည္း ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႔ဆံုၿပီးေတာ့မွ ဘယ္ေလာက္အထိေတာ့ မွားႏိုင္တယ္။ ဒါေပမယ့္ ဒီေလာက္အထိေတာ့ ျဖစ္ႏိုင္တယ္ဆိုတာကို ရွင္းျပတာမ်ိဳးေတြ လုပ္ဖို႔ေကာင္းတယ္။ အဲလိုမဟုတ္ပဲနဲ႔ အမွားအယြင္းမရွိသေယာင္ ေနတဲ့အခါမွာ ေရြးေကာက္ပြဲ အလြန္ကာလ မတည္ၿငိမ္မႈကို ပိုျဖစ္ေစတယ္။”

ဒီအေပၚ ဦးရဲထြဋ္လည္း သေဘာတူလိုက္ၿပီး ေဒါက္တာမ်ိဳးညႊန္႔ကေတာ့ ထိပ္ပိုင္းေခါင္းေဆာင္ေတြေတြ႔တာ ပိုေကာင္းတယ္လို႔ ဆိုပါတယ္။

“မိမိတို႔ရဲ႕လိုလားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းတင္ျပၿပီးေတာ့ လက္ရွိႏိုင္ငံေရးေခါင္းေဆာင္ေတြေပါ့ က်ေနာ္တို႔ရဲ႕ အဖြဲ႔ခ်ဳပ္ေခါင္းေဆာင္ေတြနဲ႔ ပြင့္ပြင့္လင္းလင္း ညိွႏိႈင္းေဆြးေႏြးတာကေတာ့ အေကာင္းဆံုးပါပဲ။ ျဖစ္ႏိုင္တာကေတာ့ ဆံုးျဖတ္ခ်က္ေပးႏိုင္တဲ့ လူခ်င္းေတြ႔ဆံုတာ ကေတာ့ ျမန္ျမန္အေျဖထြက္တာေပါ့ေနာ္။”

တကယ္ေတာ့ ဒီမိုကေရစီအသြင္ကူးေျပာင္းရာမွာ အေရးပါတဲ့ ဒုတိယေျမာက္ေရြးေကာက္ပြဲ အျပီးမွာလည္း အရင္အာဏာလႊဲခဲ့တဲ့ တပ္မေတာ္ေက်ာေထာက္ေနာက္ခံ အရင္အစိုးရပါတီနဲ႔ လက္ရွိအစိုးရအၾကား ေရြးေကာက္ပြဲ ျငင္းခံုမႈေတြ ဆက္ျပင္းထန္ေနတာ ဘယ္လိုဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရွေးကောက်ပွဲ အငြင်းအခုံ ဘယ်လောက် အရေးကြီးသလဲ

(Unicode)

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမူတွေ သန်းတွေနဲ့ချီ ရှိခဲ့တယ်လို့ တပ်မတော်က ဆက်တိုက်ထုတ်ပြန်နေပြီး၊ ရွေးကောက်ပွဲပြဿနာတွေဆွေးနွေးဖို့ပါ သက်တမ်းကျန်နေတဲ့ လွှတ်တော်အထူးအစည်းအဝေးခေါ်တာ အပယ်ခံရတဲ့အပေါ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ညီမညီ မေးခွန်းထုတ်လာတာက ဘာကိုရည်ရွယ်တာပါလဲ။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်တာကို နိုင်ငံရေးလေ့လာသုံးသပ်သူ တပ်မတော်အရာရှိဝန်ကြီးဟောင်း၊ နောက် အစိုးရပါတီပြောခွင့်ရနဲ့၊ ရွေးကောက်ပွဲကျွမ်းကျင်သူတစ်ဦးကို ကိုဝင်းမင်းကမေးရာမှာ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အခုလိုစရှင်းပြပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီရဲ့ တရားဝင်မှုအပေါ်မှာ သက်သေတွေနဲ့ ဒီလိုမျိုး သံသယဖြစ်စရာတွေရှိခဲ့တယ်ဆိုတဲ့ အထောက်အထားကျန်အောင်လုပ်နေတယ်လို့ပဲ ကျနော်မြင်ပါတယ်။ ပထမ နိုင်ငံရေးပါတီပေါ့လေ အဓိကတော့ ပြည်ခိုင်ဖြိုးဘက်က ပြောတဲ့အပေါ်မှာလည်း ရွေးကောက်ပွဲ ကော်မရှင်တွေရော အစိုးရဘက်ကရော၊ ရွေးကောက်ပွဲအကြိုကာလကတည်းက ဘာမှ တုံ့ပြန်တာမရှိဘူး။ မရှိခဲ့တဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံံမှုထဲမှာပေးထားတဲ့ အမျိုးသားနိုင်ငံရေးကဏ္ဍမှာ ပါဝင်ရမယ်ဆိုတဲ့အချက်ကို ဆွဲပြီးတော့မှ ပြောတယ်လို့မြင်ပါတယ်။”

ဒါပေမယ့် ရွေးကောက်ပွဲ အနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ကတော့

“ကျတော်တို့ကတော့ ရွေးကောက်ပွဲကော်မရှင်ကြောင့် ဒီပြဿနာတတ်တယ်လို့ မယူဆပါဘူး။ အများပြည်သူလည်း စောင့်ကြည့်လေ့လာလို့ရှိရင် ဒီမှာ အင်မတန်ကြီးကြီးမားမား မသမာမှု မရှိပဲနဲ့ ပြီးသွားတယ်လို့ အများစုကတော့ အဲဒီလို လက်ခံထားတယ်။ အဲဒီတော့ ဒါကို အခုပြဿနာဖြစ်လာတာကတော့ ရွေးကောက်ပွဲအလွန်ကာလမှာ မိမိတို့ရရမယ့်အခွင့်အရေးတွေ နောက်ပြီးတော့ မိမိတို့ လက်ရှိအခွင့်အရေးတွေအတွက် စိုးရိမ်ပူပန်မှုတွေ ပါဝင်တယ်လို့ ကျနော်တို့က မြင်တယ်။”

ဒီအပေါ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့တဲ့PACE (ခေါ်) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က

“ရွေးကောက်ပွဲမတိုင်ခင်တုန်းကတော့ ရွေးကောက်ပွဲ တရားမျှတမှု ရှိမှာမဟုတ်ဘူးဆိုပြီးတော့ တပ်မတော်ကိုယ်တိုင်က စွပ်စွဲချက်တွေရှိပေမယ့် နောက်ပိုင်းမှာတော့ အဲလိုစွပ်စွဲတာထက်စာရင် ဒီမှာ မတရားမှုတွေရှိတယ်၊ အားနည်းချက်တွေရှိတယ် ဒါကို တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်တွေနဲ့ လုပ်တယ်ဆိုတဲ့သဘောမျိုး မြင်ပါတယ်။ ဒီမဲစာရင်းနဲ့ ပတ်သက်လို့ရှိရင် ဘယ်လောက်ထိမှန်တယ်၊ ဘယ်လောက်ထိ မှားတယ်ဆိုတာ တိတိကျကျ ပြောဖို့ ခက်တယ် ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူကမှ အဲလိုစနစ်တကျ စမ်းစစ်လေ့လာမှုကို မလုပ်နိုင်ဘူးပေါ့လေ။ အပိုင်းလိုက်၊ အပိုင်းလိုက် လုပ်တာတော့ရှိတယ်။ ဒါပေမယ့် မဲစာရင်းပြုစုပုံရဲ့ ပုံစံကိုကြည့်မယ်ဆိုရင်တော့ မဲစာရင်းမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာလည်း လက်ခံတယ်။ ဒါပေမယ့် ဒီမဲစာရင်းအမှားကြောင့်မို့လို့ ဘယ်ပါတီရှုံးသွားတယ်၊ ဘယ်ပါတီနိုင်သွားတယ် ဆိုတာမျိုးအထိတော့ ဖြစ်မယ်လို့ ကျနော်မယုံကြည်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းတွေထပ်တာက ဘယ်ပါတီကို မဲပေးသလဲဆိုတာ ပြောဖို့ခက်တယ်။ နောက်ပြီးတော့ မဲစာရင်းပေးတဲ့သူက မဲပေးသလား မပေးဘူးလား ဆိုတာတွေရှိတာကို။”

အဲဒီတော့ ရှေ့မှာဘယ်လို ဆက်ဖြစ်လာနိုင်ပါသလဲလို့ မေးရာမှာ ဒေါက်တာမျိုးညွှန့်က

“ကျနော်တို့ကတော့ ဥပဒေနဲ့အညီ လုပ်စရာရှိတာကို လုပ်သွားမှာပါ။ အဲဒီတော့ ဥပဒေနဲ့အညီ မဟုတ်ဘူး ၊ အာဏာသိမ်းမယ် စသဖြင့် စိုးရိမ်တယ်။ ဒါတွေက လက်ရှိ ဥပဒေဘောင်အပြင်က ဖြစ်ပါတယ်။”

ဒါပေမယ့် ဦးရဲထွဋ်ကတော့ အာဏာသိမ်းဖို့ အခြေအနေက ပြောင်းသွားပြီဆိုပြီး အခုလို ရှင်းပြပါတယ်။

“တပ်မတော်က ၈၈ တို့ ၊ ၆၂ တုန်းကလို နိုင်ငံရေး အကြပ်အတည်းတွေ ဖြစ်တဲ့အချိန်တုန်းက သူဝင်ရောက် စွက်ဖက်နိုင်တဲ့ တခုတည်းသောနည်းလမ်းက အာဏာသိမ်းတာပဲ ရှိတာကို။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွဲတဲ့အခါမှာတော့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ပြောရတော့မှာပေါနော်။ အဲဒါကို ကျော်လွန်ပြီးတော့ အာဏာသိမ်းမယ် ဆိုရင်တော့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်က အင်မတန်မှ ပြဖို့ ခဲယဉ်းသွားလိမ့်မယ်။ တပ်မတော်က သူရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံ ၇ ချက်ကို သူကိုယ်တိုင် ပြန်ဖျက်သလိုဖြစ်သွားမှာပေါ့။ ဒါကြောင့်မို့လို့ ဒီလိုအာဏာသိမ်းမယ်လို့ ခန့်မှန်းတာတွေက ဖြစ်နိုင်ခြေ အလွန်၊ အလွန်နည်းတယ်။”

ဒီနေရာမှာ အခုပြဿနာအတွက် ဘယ်လိုဖြေရှင်းသင့်တာကို မေးရာမှာ စိုင်းရဲကျော်စွာမြင့်က

“ဒီအချိန်မှာ လာမယ့်ရွေးကောက်ပွဲတွေမှာ မဲစာရင်းကောင်းအောင်၊ ဥပဒေမူဘောင် ပြုပြင်ပြောင်းလဲရေးတွေကို ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးကို လုပ်စေချင်တယ်။ တပ်မတော်ရော၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရော။ ဒါပေမယ့် တဖက်မှာလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာလည်း တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့မဲစာရင်းက မှားနိုင်တယ် အားနည်းချက်တွေရှိတယ်။ အဲဒါကို ကော်မရှင်အနေနဲ့လည်း နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီးတော့မှ ဘယ်လောက်အထိတော့ မှားနိုင်တယ်။ ဒါပေမယ့် ဒီလောက်အထိတော့ ဖြစ်နိုင်တယ်ဆိုတာကို ရှင်းပြတာမျိုးတွေ လုပ်ဖို့ကောင်းတယ်။ အဲလိုမဟုတ်ပဲနဲ့ အမှားအယွင်းမရှိသယောင် နေတဲ့အခါမှာ ရွေးကောက်ပွဲ အလွန်ကာလ မတည်ငြိမ်မှုကို ပိုဖြစ်စေတယ်။”

ဒီအပေါ် ဦးရဲထွဋ်လည်း သဘောတူလိုက်ပြီး ဒေါက်တာမျိုးညွှန့်ကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေတွေ့တာ ပိုကောင်းတယ်လို့ ဆိုပါတယ်။

“မိမိတို့ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းတင်ပြပြီးတော့ လက်ရှိနိုင်ငံရေးခေါင်းဆောင်တွေပေါ့ ကျနော်တို့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးတာကတော့ အကောင်းဆုံးပါပဲ။ ဖြစ်နိုင်တာကတော့ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ လူချင်းတွေ့ဆုံတာ ကတော့ မြန်မြန်အဖြေထွက်တာပေါ့နော်။”

တကယ်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ အရေးပါတဲ့ ဒုတိယမြောက်ရွေးကောက်ပွဲ အပြီးမှာလည်း အရင်အာဏာလွှဲခဲ့တဲ့ တပ်မတော်ကျောထောက်နောက်ခံ အရင်အစိုးရပါတီနဲ့ လက်ရှိအစိုးရအကြား ရွေးကောက်ပွဲ ငြင်းခုံမှုတွေ ဆက်ပြင်းထန်နေတာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG