သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲ႐ံုတာဝန္က် ပညာေရးဝန္ထမ္းေတြထဲ ကိုဗစ္ကူးသူေတြ ေထာက္ပံ့ေၾကးေပး


၂၀၂၀ေရြးေကာက္ပြဲမွာ မဲရံုတာဝန္ခံမ်ား မဲေရတြက္စဥ္။

(ZAWGYI/UNICODE) ေ႐ြးေကာက္ပြဲအတြင္း မဲ႐ုံမွာတာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ ပညာေရးဝန္ထမ္းေတြထဲက ကိုဗစ္ ကူးစက္ခံရသူေတြကို ပညာေရးဝန္ႀကီးဌာနက ေထာက္ပံ့ေၾကးေပးေနတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ အိမ့္သႏၲာထြန္း တင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာက်င္းခဲ့တဲ့ ေ႐ြးေကာက္ပြဲအတြင္း မဲ႐ုံတာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ ပညာေရး ဝန္ထမ္းေတြထဲက ကိုဗစ္ေရာဂါ ကူးစက္ခံရသူ ဆရာ ဆရာမ တစ္ေယာက္စီကို ပညာေရးဝန္ႀကီးဌာနက က်ပ္သုံးသိန္းစီ ေထာက္ပံ့ေပးေနတာပါ။ ကိုဗစ္ကာလ ေ႐ြးေကာက္ပြဲမွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ပိုးကူးစက္ခံရသူဆရာဆရာမ ၇၀ ေက်ာ္အတြက္ ေဆးဝါးကုသစရိတ္အျဖစ္ သက္ဆိုင္ရာၿမိဳ႕နယ္ ပညာေရးမႈး႐ုံးေတြကေန ထုတ္ေပးေနၿပီျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမႈး ဦးတင္သိန္းက VOA ကိုေျပာပါတယ္။

“ႏွစ္ေယာက္ရွိတယ္။ ေ႐ြးေကာက္ပြဲ မဲ႐ုံတာဝန္မွာ(ကိုဗစ္ကူးစက္ခံရသူ)။ ေပးၿပီးၿပီ၊ ခြင့္ျပဳခ်က္ေငြက်လို႔ ၿမိဳ႕နယ္႐ုံးကို ေပးလိုက္ၿပီးေတာ့ ၿမိဳ႕နယ္႐ုံးကတစ္ဆင့္ ထုတ္ၿပီးၿပီ။”

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႕ခ်ဳပ္နဲ႔ အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢတို႔ရဲ႕ စာရင္းအရ မဲ႐ုံတာဝန္ထမ္းေဆာင္ရင္း ကိုဗစ္ ကူးစက္ခံရသူ ပညာေရးဝန္ထမ္း အေရအတြက္က ၁၂၀ ေက်ာ္ရွိပါတယ္။

မဲ႐ုံတာဝန္ထမ္းေဆာင္ရင္ ကိုဗစ္ကူးစက္ခံရတဲ့ ပညာေရးဝန္ထမ္းေတြရဲ႕ စာရင္းကို ေကာက္ယူရာမွာ ေသခ်ာ စိစစ္ၿပီး ေထာက္ပံ့ဖို႔ က်န္ခဲ့တာမ်ိဳးမရွိရေအာင္ ေဆာင္႐ြက္ေပးဖို႔လိုတယ္လို႔ အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢ ဗဟိုအလုပ္အမႈေဆာင္ ဦးဝင္းမင္းထြဋ္က ေျပာပါတယ္။

“တခ်ိဳ႕ေနရာေတြမွာ နည္းနည္း က်န္ခဲ့တာမ်ိဳးေတြရွိတယ္လို႔ သိရတယ္ေပါ့ေႏွာ္။ က်န္ခဲ့တဲ့ ကိစၥေလးေတြကေတာ့ မျဖစ္မေန ထည့္သြင္းစဥ္းစားေပးဖို႔လိုတယ္ေပါ့ေႏွာ္။ တကယ္လို႔မ်ားက်န္ခဲ့သလားေပါ့။ ကိုဗစ္ေၾကာင့္ ဒီမဲ႐ုံတာဝန္ထမ္းေဆာင္စဥ္ကာလအတြင္းမွာ ကိုဗစ္ကူးစက္ခံရတဲ့ ဆရာဆရာမေတြကိုေတာ့ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ လက္က်န္စာရင္းမွာ က်န္ေနေသးသလားဆိုတာ ကိုေတာ့ တစ္ခ်က္သတိထားဖို႔လိုပါတယ္။ သတိထားေဆာင္႐ြက္ၿပီးေတာ့ တကယ္လို႔ က်န္တဲ့ ဆရာဆရာမ ရွိရင္ ေထာက္ပံ့ေၾကးေတြ ထပ္ၿပီးေတာ့ ေပးဖို႔လိုအပ္ပါတယ္။”

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႕ခ်ဳပ္ကလည္း အဲဒီလို ကိုဗစ္ကူးစက္ထားတဲ့ ဆရာ ဆရာမ တစ္ဦးကို က်ပ္ ၅ ေသာင္းစီ ကူညီေထာက္ပံ့ေပးခဲ့ပါတယ္။ မဲ႐ုံတာဝန္ထမ္းေဆာင္ရင္း ကိုဗစ္ကူးစက္ခံရတဲ့ ပညာေရးဝန္ထမ္းေတြထဲက ရန္ကုန္တိုင္းမွာ ဆရာမႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(UNICODE) ရွေးကောက်ပွဲအတွင်း မဲရုံမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေထဲက ကိုဗစ် ကူးစက်ခံရသူတွေကို ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ကြေးပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် အိမ့်သန္တာထွန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာကျင်းခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေး ဝန်ထမ်းတွေထဲက ကိုဗစ်ရောဂါ ကူးစက်ခံရသူ ဆရာ ဆရာမ တစ်ယောက်စီကို ပညာရေးဝန်ကြီးဌာနက ကျပ်သုံးသိန်းစီ ထောက်ပံ့ပေးနေတာပါ။ ကိုဗစ်ကာလ ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပိုးကူးစက်ခံရသူဆရာဆရာမ ၇၀ ကျော်အတွက် ဆေးဝါးကုသစရိတ်အဖြစ် သက်ဆိုင်ရာမြို့နယ် ပညာရေးမှုးရုံးတွေကနေ ထုတ်ပေးနေပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှုး ဦးတင်သိန်းက VOA ကိုပြောပါတယ်။

“နှစ်ယောက်ရှိတယ်။ ရွေးကောက်ပွဲ မဲရုံတာဝန်မှာ(ကိုဗစ်ကူးစက်ခံရသူ)။ ပေးပြီးပြီ၊ ခွင့်ပြုချက်ငွေကျလို့ မြို့နယ်ရုံးကို ပေးလိုက်ပြီးတော့ မြို့နယ်ရုံးကတစ်ဆင့် ထုတ်ပြီးပြီ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်နဲ့ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂတို့ရဲ့ စာရင်းအရ မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ် ကူးစက်ခံရသူ ပညာရေးဝန်ထမ်း အရေအတွက်က ၁၂၀ ကျော်ရှိပါတယ်။

မဲရုံတာဝန်ထမ်းဆောင်ရင် ကိုဗစ်ကူးစက်ခံရတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ စာရင်းကို ကောက်ယူရာမှာ သေချာ စိစစ်ပြီး ထောက်ပံ့ဖို့ ကျန်ခဲ့တာမျိုးမရှိရအောင် ဆောင်ရွက်ပေးဖို့လိုတယ်လို့ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမင်းထွဋ်က ပြောပါတယ်။

“တချို့နေရာတွေမှာ နည်းနည်း ကျန်ခဲ့တာမျိုးတွေရှိတယ်လို့ သိရတယ်ပေါ့နှော်။ ကျန်ခဲ့တဲ့ ကိစ္စလေးတွေကတော့ မဖြစ်မနေ ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်ပေါ့နှော်။ တကယ်လို့များကျန်ခဲ့သလားပေါ့။ ကိုဗစ်ကြောင့် ဒီမဲရုံတာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ ကိုဗစ်ကူးစက်ခံရတဲ့ ဆရာဆရာမတွေကိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ လက်ကျန်စာရင်းမှာ ကျန်နေသေးသလားဆိုတာ ကိုတော့ တစ်ချက်သတိထားဖို့လိုပါတယ်။ သတိထားဆောင်ရွက်ပြီးတော့ တကယ်လို့ ကျန်တဲ့ ဆရာဆရာမ ရှိရင် ထောက်ပံ့ကြေးတွေ ထပ်ပြီးတော့ ပေးဖို့လိုအပ်ပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်ကလည်း အဲဒီလို ကိုဗစ်ကူးစက်ထားတဲ့ ဆရာ ဆရာမ တစ်ဦးကို ကျပ် ၅ သောင်းစီ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ်ကူးစက်ခံရတဲ့ ပညာရေးဝန်ထမ်းတွေထဲက ရန်ကုန်တိုင်းမှာ ဆရာမနှစ်ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG