သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းတု သတင္းမွား ဖယ္ရွားေရး YouTube လုပ္ေဆာင္ခ်က္သစ္ထဲ ျမန္မာမပါ


(ZAWGYI/UNICODE)
အေမရိကန္သမၼတေရြးေကာက္ပြဲမတုိင္ခင္ သတင္းတုသတင္းမွားေတြကို လုံေလာက္ေအာင္မဖယ္ရွားခဲ့ဘူးဆိုၿပီး ေ၀ဖန္ခံေနရတဲ့ YouTube ကုမၸဏီက သတင္းမွားေတြဆိုၿပီး စြပ္စြဲခံထားရတဲ့ ဗြီဒီယုိေတြကို ျဖဳတ္ခ်မယ္လို႔ ၿပီးခဲ့တဲ့တပတ္မွာေၾကျငာခဲ့ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္နဲ႔ ၅ ရက္သာျခားၿပီးေရြးေကာက္ပြဲက်င္းပခဲ့တဲ့ ျမန္မာႏုိ္င္ငံနဲ႔ေတာ့ အခု လုပ္ေဆာင္ခ်က္ က အက်ဳံးမ၀င္ပါဘူး။ ျမန္မာ့ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြရွိတယ္ဆိုုတဲ့ သတင္းတု သတင္းမွားေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနတာပါ။

ေဖ့စ္ဘုတ္ကုမၸဏီဘက္ကေတာ့ ေရြးေကာက္ပြဲဆုိင္ရာ သတင္းတုကိစၥကို ႏိုင္ငံအလိုက္ တင္းတင္းၾကပ္ၾကပ္ ကုိင္တြယ္ေနတာျဖစ္ၿပီး YouTube ရဲ ႔စံႏႈန္းေတြကေတာ့ တန္းတူညီမ ွ်မျဖစ္ဘူးလို႔ ျမန္မာအရပ္ဖက္ အဖြဲ႔အစည္းေတြနဲ႔ လူမႈကြန္ယက္မီဒီယာကိစၥ သုေတသနျပဳသူေတြကေျပာပါတယ္။ စည္းကမ္းတခုထဲ ခ်မွတ္ထား႐ုံနဲ႔ ႏို္င္ငံေပါင္းစုံမွာ အလုပ္ျဖစ္မယ္လို ေဖ့စ္ဘုတ္က ၂၀၁၆ ခုႏွစ္ကေမ ွ်ာ္လင့္ခဲ့သလိုမ်ိဳး YouTube က ၂၀၂၀မွာ ယူဆေနပံုရတယ္လို႔ ဟားဗတ္ ဥပေဒေရးရာဌာနက Evelyn Douek ကသုံးသပ္ပါတယ္။

အေမရိကန္နဲ ႔ျမန္မာ့ေရြးေကာက္ပြဲြနဲ႔ပတ္သက္တဲ့ ေ၀ဖန္ေျပာဆိုမႈေတြကို ေဖ့စ္ဘုတ္က နားေထာင္ၿပီး မတူကြဲျပားတဲ့စည္းကမ္းေတြ ခ်မွတ္ခဲ့တယ္လို႔လည္း သူကေျပာပါတယ္။ YouTube ကေတာ့ဒီေ၀ဖန္မႈအေပၚ တုန္႔ျပန္တာမ်ိဳးမရွိသလို သူ႔စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း လိုက္နာမႈွရိွေအာင္ ဆက္လက္လုပ္ကိုင္ေနၿပီး ၂၀၂၀ တတိယေလးလပတ္မွာ အမုန္းစကားျဖန္႔မႈေပါင္း ၅ေသာင္း ၄ ေထာက္ေက်ာ္အပါအ၀င္ သူ႔ရဲ ႔မူ၀ါဒခ်ိဳးေဖာက္မႈေပါင္း ၁.၈ သန္းေက်ာ္ကို ဖယ္ရွားခဲ့တယ္လို႔ေျပာပါတယ္။

၂၀၁၇ ခုနွစ္က ျမန္မာႏုိင္ငံမွာ Genocide လူမ်ိဳးတံုးသတ္ျဖတ္မႈ ေပၚေပါက္လာေစတဲ့ လႈံ႔ေဆာ္ခ်က္ေတြကို အားေပးေထာက္ခံခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတဲ့ ေဖ့စ္ဘုတ္က ျမန္မာေရြးေကာက္ပြဲမတုိင္ခင္မွာ သတင္းတုသတင္းမွားနဲ႔ပတ္သက္တဲ့ ျမန္မာႏုိင္ငံဆုိင္ရာ မူ၀ါဒေတြကို ထူးထူးျခားျခားထုတ္ျပန္ခဲ့တာပါ။ အဲဒီမူ၀ါဒအရ ေရြးေကာက္ပြဲလုပ္ငန္းေတြ ပ်က္လိုပ်က္စီးျဖစ္လာေစႏုိင္တဲ့ မမွန္မကန္ေဖာ္ျပခ်က္ေတြကို ဖယ္ရွားဖို႔ ျဖစ္လာခဲ့ပါတယ္။ ျမန္မာအရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ပါ ေဖ့စ္ဘုတ္ကုမၸဏီက ပူးေပါင္းလုပ္ကုိင္ခဲ့တဲ့အတြက္ ေရြးေကာက္ပြဲလုပ္ငန္းေတြ တိုးတက္လာတယ္လို႔ လည္းေျပာပါတယ္။ သတင္းတုသတင္းမွားေတြ၊ အမုန္းစကားျပန္႔ပြါးေအာင္လုပ္တဲ့ေနရာမွာ ျမန္မာႏုိ္င္ငံက YouTube ကုမၸဏီအတြက္ စာမ်က္ႏွာသစ္ျဖစ္ေနပါတယ္လို႔ လူမႈကြန္ယက္အႏၱရာယ္ေတြအေၾကာင္း စုံစမ္းေနတဲ့ MTAN အရပ္ဖက္အဖြဲ႔ အႀကံေပးပုဂၢိဳလ္ Victoire Rio ကေျပာပါတယ္။

လူမႈကြန္ယက္ေၾကာင့္ ျမန္မာႏုိင္ငံမွာ ထိခိုက္နစ္နာေနရတဲ့ကိစၥနဲ႔ပတ္သက္လို႔ YouTube ဖက္က ရင္းႏွီးျမွဳပ္နွံၿပီး လုပ္ကိုင္တာမ်ိဳးမရွိခဲ့သလို သူ႔ရဲ ႔လူမႈ စာမ်က္ႏွာေၾကာင့္ လူ႔အခြင့္အေရးေပၚ ဘယ္ေလာက္ထိခိုက္မႈရွိသလဲဆိုတာ ဆန္းစစ္ဖို႔လည္း Rio ကတုိုက္တြန္းခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ထဲမွာ သတင္းတုသတင္းမွားျဖန္႔သူေတြ YouTube ကိုအသုံးမ်ားလာသလို အင္တာနက္အြန္လိုင္း အသုံးျပဳခေစ်းသက္သာတဲ့အတြက္ ျမန္မာ့လူဦးေရထက္၀က္ေလာက္ရဲ႕ ႔အက္တာနက္အသုံးျပဳမႈက တရွိန္ထိုးတက္လာတယ္လို႔လည္း Rio ကေျပာပါတယ္။ ျမန္မာ့ေရြးေကာက္ပြဲဆိုင္ရာ သတင္းမွားေတြ ဒါမွမဟုတ္ ႏုိင္ငံေရးအစီအစဥ္ေတြျဖန္႔ဖို႔ YouTube မွာ အေကာင့္ဖြင့္လာသူ တဒါဇင္ေက်ာ္ရွိတယ္လို႔လည္း ရိုက္တာသတင္းဌာကနေတြ႔ရွိခဲ့တာပါ။ အဲဒီလိုလုပ္ကိုင္တဲ့အေကာင့္ေပါင္း ရာနဲ႔ခ်ီ ၂၀၂၀ ခုႏွစ္ထဲမွာေပၚလာတယ္လို႔ ျမန္မာႏုိင္ငံထဲက အခ်က္အလက္ေတြကို စစ္ေဆးတဲ့အဖြဲ႔ေတြကေျပာပါတယ္။ အဲဒီလို YouTube စာမ်က္ႏွာေတြကို လူဘယ္ေလာက္ထိ ၾကည့္ၾကသလဲဆိုတာမသိရေပမယ့္ နာမည္ၾကီးတဲ့လုိင္းေတြကိုေတာ့ ၾကည့္ရႈသူ သန္းခ်ိီရွိလာပါတယ္။

အာဏာရပါတီက သမၼတသစ္ကိုေရြးထားၿပီဆိုတဲ့ မမွန္သတင္းဗြြီဒီယိုတခုကို ၾကည့္ရႈသူေပါင္း ၃ သိန္းခြဲထိရွိခဲ့ပါတယ္။ အဲဒီ YouTube စာမ်က္ႏွာသုံးသူ ထက္၀က္ေလာက္ရဲ ႔ေဖ့စ္ဘုတ္ အေကာင့္ေတြကို မူ၀ါဒခ်ိဳးေဖာက္မႈနဲ႔ ၿပီးခဲ့တဲ့ ၂ လကပဲ ေဖ့စ္ဘုတ္ကုမၸဏီ ဖယ္ရွားခဲ့ပါတယ္။ ဒါေပမယ့္လည္းေဖ့စ္ဘုတ္ကဖယ္ရွားပစ္ခဲ့ၿပီး YouTube မွာပါတင္ထားတဲ့ ဗြီဒီယိုေတြကိုေတာ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာပဲ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖန္႔ေနၾကတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(UNICODE)အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် သတင်းတုသတင်းမှားတွေကို လုံလောက်အောင်မဖယ်ရှားခဲ့ဘူးဆိုပြီး ဝေဖန်ခံနေရတဲ့ YouTube ကုမ္ပဏီက သတင်းမှားတွေဆိုပြီး စွပ်စွဲခံထားရတဲ့ ဗွီဒီယိုတွေကို ဖြုတ်ချမယ်လို့ ပြီးခဲ့တဲ့တပတ်မှာကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ၅ ရက်သာခြားပြီးရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံနဲ့တော့ အခု လုပ်ဆောင်ချက် က အကျုံးမဝင်ပါဘူး။ မြန်မာ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဖေ့စ်ဘုတ်ကုမ္ပဏီဘက်ကတော့ ရွေးကောက်ပွဲဆိုင်ရာ သတင်းတုကိစ္စကို နိုင်ငံအလိုက် တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတာဖြစ်ပြီး YouTube ရဲ့စံနှုန်းတွေကတော့ တန်းတူညီမ ျှမဖြစ်ဘူးလို့ မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူမှုကွန်ယက်မီဒီယာကိစ္စ သုတေသနပြုသူတွေကပြောပါတယ်။ စည်းကမ်းတခုထဲ ချမှတ်ထားရုံနဲ့ နိုင်ငံပေါင်းစုံမှာ အလုပ်ဖြစ်မယ်လို ဖေ့စ်ဘုတ်က ၂၀၁၆ ခုနှစ်ကမေ ျှာ်လင့်ခဲ့သလိုမျိုး YouTube က ၂၀၂၀မှာ ယူဆနေပုံရတယ်လို့ ဟားဗတ် ဥပဒေရေးရာဌာနက Evelyn Douek ကသုံးသပ်ပါတယ်။

အမေရိကန်နဲ့မြန်မာ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဝေဖန်ပြောဆိုမှုတွေကို ဖေ့စ်ဘုတ်က နားထောင်ပြီး မတူကွဲပြားတဲ့စည်းကမ်းတွေ ချမှတ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။ YouTube ကတော့ဒီဝေဖန်မှုအပေါ် တုန့်ပြန်တာမျိုးမရှိသလို သူ့စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမှုှရှိအောင် ဆက်လက်လုပ်ကိုင်နေပြီး ၂၀၂၀ တတိယလေးလပတ်မှာ အမုန်းစကားဖြန့်မှုပေါင်း ၅သောင်း ၄ ထောက်ကျော်အပါအဝင် သူ့ရဲ့မူဝါဒချိုးဖောက်မှုပေါင်း ၁.၈ သန်းကျော်ကို ဖယ်ရှားခဲ့တယ်လို့ပြောပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ Genocide လူမျိုးတုံးသတ်ဖြတ်မှု ပေါ်ပေါက်လာစေတဲ့ လှုံ့ဆော်ချက်တွေကို အားပေးထောက်ခံခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ဖေ့စ်ဘုတ်က မြန်မာရွေးကောက်ပွဲမတိုင်ခင်မှာ သတင်းတုသတင်းမှားနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ထူးထူးခြားခြားထုတ်ပြန်ခဲ့တာပါ။ အဲဒီမူဝါဒအရ ရွေးကောက်ပွဲလုပ်ငန်းတွေ ပျက်လိုပျက်စီးဖြစ်လာစေနိုင်တဲ့ မမှန်မကန်ဖော်ပြချက်တွေကို ဖယ်ရှားဖို့ ဖြစ်လာခဲ့ပါတယ်။ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ ဖေ့စ်ဘုတ်ကုမ္ပဏီက ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲလုပ်ငန်းတွေ တိုးတက်လာတယ်လို့ လည်းပြောပါတယ်။ သတင်းတုသတင်းမှားတွေ၊ အမုန်းစကားပြန့်ပွါးအောင်လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံက YouTube ကုမ္ပဏီအတွက် စာမျက်နှာသစ်ဖြစ်နေပါတယ်လို့ လူမှုကွန်ယက်အန္တရာယ်တွေအကြောင်း စုံစမ်းနေတဲ့ MTAN အရပ်ဖက်အဖွဲ့ အကြံပေးပုဂ္ဂိုလ် Victoire Rio ကပြောပါတယ်။

လူမှုကွန်ယက်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်နစ်နာနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ YouTube ဖက်က ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်တာမျိုးမရှိခဲ့သလို သူ့ရဲ့လူမှု စာမျက်နှာကြောင့် လူ့အခွင့်အရေးပေါ် ဘယ်လောက်ထိခိုက်မှုရှိသလဲဆိုတာ ဆန်းစစ်ဖို့လည်း Rio ကတိုက်တွန်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ထဲမှာ သတင်းတုသတင်းမှားဖြန့်သူတွေ YouTube ကိုအသုံးများလာသလို အင်တာနက်အွန်လိုင်း အသုံးပြုခဈေးသက်သာတဲ့အတွက် မြန်မာ့လူဦးရေထက်ဝက်လောက်ရဲ့အက်တာနက်အသုံးပြုမှုက တရှိန်ထိုးတက်လာတယ်လို့လည်း Rio ကပြောပါတယ်။ မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားတွေ ဒါမှမဟုတ် နိုင်ငံရေးအစီအစဉ်တွေဖြန့်ဖို့ YouTube မှာ အကောင့်ဖွင့်လာသူ တဒါဇင်ကျော်ရှိတယ်လို့လည်း ရိုက်တာသတင်းဌာကနတွေ့ရှိခဲ့တာပါ။ အဲဒီလိုလုပ်ကိုင်တဲ့အကောင့်ပေါင်း ရာနဲ့ချီ ၂၀၂၀ ခုနှစ်ထဲမှာပေါ်လာတယ်လို့ မြန်မာနိုင်ငံထဲက အချက်အလက်တွေကို စစ်ဆေးတဲ့အဖွဲ့တွေကပြောပါတယ်။ အဲဒီလို YouTube စာမျက်နှာတွေကို လူဘယ်လောက်ထိ ကြည့်ကြသလဲဆိုတာမသိရပေမယ့် နာမည်ကြီးတဲ့လိုင်းတွေကိုတော့ ကြည့်ရှုသူ သန်းချီရှိလာပါတယ်။

အာဏာရပါတီက သမ္မတသစ်ကိုရွေးထားပြီဆိုတဲ့ မမှန်သတင်းဗွီဒီယိုတခုကို ကြည့်ရှုသူပေါင်း ၃ သိန်းခွဲထိရှိခဲ့ပါတယ်။ အဲဒီ YouTube စာမျက်နှာသုံးသူ ထက်ဝက်လောက်ရဲ့ဖေ့စ်ဘုတ် အကောင့်တွေကို မူဝါဒချိုးဖောက်မှုနဲ့ ပြီးခဲ့တဲ့ ၂ လကပဲ ဖေ့စ်ဘုတ်ကုမ္ပဏီ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့်လည်းဖေ့စ်ဘုတ်ကဖယ်ရှားပစ်ခဲ့ပြီး YouTube မှာပါတင်ထားတဲ့ ဗွီဒီယိုတွေကိုတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာပဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG