[Zawgyi/Unicode]
ရခုိင္ျပည္နယ္ အပါအ၀င္ ေရြးေကာက္ပဲြေတြ မက်င္းပျဖစ္ခဲ့တဲ့ ေနရာေတြမွာ လတ္တေလာ က်င္းပႏုိင္မယ့္ အေျခအေနေတြ မရွိေသးဘူးလုိ႔ ျမန္မာအစုိးရက ေျပာဆုိလုိက္တဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပေပးပါမယ္။
ေရြးေကာက္ပဲြ မက်င္းပျဖစ္ခဲ့တဲ့ က်န္တုိင္းရင္းသား ေဒသေတြမွာလည္း လုံၿခံဳေရးအေျခအေနေတြ စိတ္မခ်ရေသးတာ အပါအ၀င္ လြတ္လပ္မွ်တမႈ ရရွိမယ့္ အေျခအေနေတြ မရွိေသးတာေၾကာင့္ က်င္းပႏုိင္မွာ မဟုတ္ေၾကာင္း ျမန္မာအစုိးရ ေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာဆုိလုိက္တာပါ။ ႏုိ၀င္ဘာလ ၈ ရက္ေန႔တုန္းက ေရြးေကာက္ပဲြ က်င္းပရာမွာ မပါ၀င္ခဲ့တဲ့ ရခိုင္ျပည္နယ္က ၉ ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္ မိုင္းကိုင္ၿမိဳ႕နယ္က မဲဆႏၵနယ္ေျမေတြမွာ က်င္းပႏုိင္ဖို႔ တပ္မေတာ္္က တုိက္တြန္းလုိက္ၿပီး ေနာက္တရက္ျဖစ္တဲ့ ဒီေန႔မွာပဲ ေနျပည္ေတာ္က သတင္းစာရွင္းလင္းပဲြမွာ သမၼတ႐ံုး ေျပာခြင့္ရဦးေဇာ္ေဌးက ေျပာဆိုလုိက္တာ ျဖစ္ပါတယ္။
“သက္ဆိုင္တဲ့ UEC ကို ဒီေဒသ၊ ဒီေဒသေတြကေတာ့ လုံျခံဳေရးအာမခံဆိုတာမ်ိဳး ေပးထားတာ မရွိဘူးေပါ့ေနာ္။ ဒီျပည္နယ္နဲ႔ တိုင္းမွာလည္း က်ေနာ္တို႔ ပြင့္ပြင့္လင္းလင္းေျပာရရင္တပ္မေတာ္ဘက္က ညိွႏိႈင္းေဆြးေႏြးတဲ့အဖြဲ႔ေတြနဲ႔ က်ေနာ္တို႔ ေျပာထားတာ ရွိပါတယ္။ ေဆြးေႏြးေနတုန္းအပိုင္းေတြကလည္း ေျပာရရင္ေတာ့ မၿပီးေသးဘူး။ နားလည္မႈနဲ႔ ရပ္ေနတဲ့အေနအထားျဖစ္တယ္။ ဒီလိုမ်ိဳးနားလည္မႈနဲ႔ ရပ္ေနတဲ့အေနအထားေတာင္မွ ျပည္သူေတြက ေတာ္ေတာ္ေလးၾကံဳေနတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ တိုက္ပြဲေရွာင္ ၁၈၀,၀၀၀ ေက်ာ္တာမွာ ၈၀,၀၀၀ ေလာက္က ကိုယ့္အိမ္ကိုျပန္ၾကတယ္။ ၁၀၀,၀၀၀ ေလာက္က မျပန္နိုင္ေသးဘူး။ ဥပမာမဲေပးမယ္ဆိုရင္ အဲဒီ IDP မွာရွိေနတဲ့သူေတြ ဘယ္လိုမဲေပးမလဲျပႆနာက။ ဒါက ဥပေဒ.. နည္းဥပေဒနဲ႔ လုပ္ရမယ့္ ကိစၥေတြအမ်ားၾကီး။ အဲဒီေတာ့ ဒီီအတိုင္းခ်က္ခ်င္းလက္ငင္း လုပ္ဖို႔ေတာ့ အဆင္မေျပဘူး။”
ေ႐ြးေကာက္ပြဲ က်င္းပမယ္ဆုိရင္ ျပင္ဆင္ရမယ့္ ကိစၥေတြမ်ားစြာရွိသလို၊ ေ႐ြးေကာက္ခံမယ့္ ကိုယ္စားလွယ္ေတြကိုလည္း မဲဆြယ္ႏိုင္ဖို႔ အခ်ိန္ကာလ ေပးရမွာျဖစ္တာေၾကာင့္ တပ္မေတာ္ကေတာင္းဆိုထားသလို လာမယ့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ က်င္းပႏုိင္မယ့္ အလားအလာ နည္းပါးတယ္လုိ႔လည္း ဦးေဇာ္ေဌးကေျပာဆိုခဲ့ပါတယ္။
ရခိုင္ျပည္နယ္ ၉ ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္မိုင္းကိုင္ျမိဳ႕နယ္အတြင္း ေရြးေကာက္ပြဲအျမန္ဆုံးက်င္းပေပးဖို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကေန ဇန္န၀ါရီ ၇ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ထားပါတယ္။
ဒီအေျခအေနကို တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။
“က်ေနာ္တို႔ လက္ရွိမွာ တိုက္ပြဲလည္း မျဖစ္ပြါးဘူး။ တိုက္ပြဲျဖစ္ပါြးမႈလည္း မရွိဘူး။ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲျပီးျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ဒီအပိုင္းေတြနဲ႕ ပက္သက္တဲ့လုံျခံဳေရးေပါ့။ တပ္မေတာ္အပိုင္းနဲ႔ ပတ္သက္တဲ့ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးနဲ႔ ပတ္သက္တဲ့ ေဆာင္ရြက္ျပီးျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တုိ႔ ေစာလ်င္စြာ က်င္းပနိုင္ေရးအတြက္ ေဆာင္ရြက္သင့္တယ္လို႔ တိုက္တြန္းျခင္းျဖစ္ပါတယ္။ ခုဏေျပာတဲ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ လုံျခံဳေရးပိုင္းနဲ႔ ပတ္သက္ျပီးေတာ့က ေဆာင္ရြက္ခ်က္ေတြ ခုဏ ေျပာတဲ့ လုပ္ငန္းေတြ လုပ္ရမယ္ ဆိုတာလည္း က်ေနာ္တို႔ ျဖစ္ရမယ္ဆိုတာလည္း ေထာက္ပံ့ဖို႔ ျဖစ္တယ္။”
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္း၀င္းကေတာ့ ေရြးေကာက္ပြဲေတြ က်င္းပႏုိင္တဲ့ အေျခအေန ရွိတယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။
“က်ေနာ္တို႔ကေတာ့ ဦးေဇာ္ေဌးေျပာတဲ့ဟာေတာ့ ဒီဘက္ေတြမွာ အင္တာနက္ေတြ အခက္ခဲလဲရွိတယ္။ က်ေနာ္တို႔ကေတာ့ မၾကားရဘူး။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကထုတ္ျပန္တဲ့ ေၾကညာခ်က္ေတြကိုေတာ့ ဒီေန႔လိုင္းေပၚမွာ ေတြ႕တယ္ဆိုေတာ့ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕က ေရြးေကာက္ပြဲကို ၾကိဳဆိုတယ္၊ လက္ခံတယ္။ အေျခအေနေတြနဲ႔ ဒီအခ်ိန္မွာ ေတာ္ေတာ္ေလးကို ထိန္းထိန္သိမ္းသိမ္းနဲ႔ ေနၾကတယ္ဆိုတဲ့ လကၡဏာရပ္ေတြ က်ေနာ္တို႔ ျမင္ရတယ္ေပါ့။ တကယ္ လုပ္မယ္ဆိုရင္လုပ္လို႔ရမယ့္ အေနအထားရွိတယ္။ တပ္ဖက္ကလဲဒီေရြးေကာက္ပြဲကို ၾကိဳဆိုတယ္။ လုပ္ေစခ်င္တယ္။ AA ဘက္ကလည္း ဟိုဟာျဖစ္ေစခ်င္တယ္။ တျခားျပႆနာေတြက ဘယ္အရာကို သူတို႔ညႊန္းလဲ က်ေနာ္တို႔ မသိဘူး။ လုံျခံဳေရးအရေတာ့ က်ေနာ္တို႔ဘက္ေတြမွာ ဒီေန႔လုပ္ရင္ ဒီေန႔ျဖစ္တယ္ မနက္ျဖန္လုပ္ရင္မနက္ျဖန္ျဖစ္တယ္။”
ျပီးခဲ့တဲ့ နို၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပတဲ့ေရြးေကာက္ပြဲမွာ လုံျခဳံေရးအေျခအေနေၾကာင့္ ရခိုင္ျပည္နယ္ ၉ ၿမိဳ႕နယ္ရွမ္းျပည္နယ္ မိုင္းကိုင္ၿမိဳ႕နယ္ မြန္ျပည္နယ္ဘီးလင္းျမိဳ႕နယ္ေဒသတခ်ိဳ႕ေတြမွာ ေရြးေကာက္ပြဲ မက်င္းပနိုင္ခဲ့ပါဘူး။
ရွမ္းျပည္နယ္ မိုင္းကိုင္ေဒသမွာလည္း တပ္မေတာ္နဲ႕ ေတာင္ပိုင္း ရွမ္းျပည္တပ္မေတာ္RCSS/SSA တို႔ တိုက္ပြဲရပ္တန္႕ေနသလို မြန္ျပည္နယ္ ဘီလင္းျမိဳ႕နယ္ က်ေသာင္းဆိပ္ဘက္မွာေတာ့ KNU ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ ၁ တပ္ဖြဲ႕ေတြနဲ႔ ျမန္မာစစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ BGF ပူးေပါင္းအဖြဲ႕အၾကားထိေတြ႕မႈ အနည္းငယ္ျဖစ္ပြါးေနပါတယ္။
ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က လက္ခံခဲ့ၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္မွာ တုိက္ပဲြေတြ ရပ္ဆုိင္းေနတာ ၂ လေလာက္ရွိေနပါၿပီ။
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၉ ရက္ေန႕တုန္းက တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔အၾကား “ဝ” ျပည္ ေသြးစည္းညီညြတ္ေရး တပ္မေတာ္ UWSA ထိန္းခ်ဳပ္ရာ ပန္ဆန္းၿမိဳ႕မွာ ေတြ႔ဆုံရာမွာ ရခုိင္ျပည္နယ္ ၿငိမ္းခ်မ္းေရးနဲ႔ ေရြးေကာက္ပဲြေတြက်င္းပႏုိင္ေရး ကိစၥေတြကုိ အဓိက ေဆြးေႏြးခဲ့ၾကပါတယ္။
ရခိုင္ျပည္နယ္က ေရြးေကာက္ပဲြ မလုပ္ျဖစ္ခဲ့တဲ့ ေနရာေတြမွာ အျမန္ဆုံး က်င္းပနိုင္ဖို႔ သက္ဆိုင္ရာအဖြဲ႕အစည္း၊ လူပုဂၢိဳလ္ေတြက ဝိုင္းဝန္း ေဆာင္ရြက္ၾကဖို႔ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ဇန္နဝါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးေန႔မွာ တိုက္တြန္းထားပါတယ္။ ဒါေပမဲ့လည္း ေရြးေကာက္ပဲြ မက်င္းပျဖစ္တဲ့ ေနရာေတြနဲ႔ ပတ္သက္လုိ႔ အဓိက တာ၀န္ယူထားတဲ့ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္ကေတာ့ တိတိက်က် ရွင္းလင္းထုတ္ျပန္တာ မရွိေသးပါဘူး။
[Unicode Version]
ရခိုင်မှာ ရွေးကောက်ပွဲလုပ်ရေး တပ်မတော်တောင်းဆိုချက် သမ္မတရုံးပယ်ချ
ရခိုင်ပြည်နယ် အပါအဝင် ရွေးကောက်ပွဲတွေ မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေမှာ လတ်တလော ကျင်းပနိုင်မယ့် အခြေအနေတွေ မရှိသေးဘူးလို့ မြန်မာအစိုးရက ပြောဆိုလိုက်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးပါမယ်။
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ကျန်တိုင်းရင်းသား ဒေသတွေမှာလည်း လုံခြုံရေးအခြေအနေတွေ စိတ်မချရသေးတာ အပါအဝင် လွတ်လပ်မျှတမှု ရရှိမယ့် အခြေအနေတွေ မရှိသေးတာကြောင့် ကျင်းပနိုင်မှာ မဟုတ်ကြောင်း မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုလိုက်တာပါ။ နိုဝင်ဘာလ ၈ ရက်နေ့တုန်းက ရွေးကောက်ပွဲ ကျင်းပရာမှာ မပါဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်က ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်က မဲဆန္ဒနယ်မြေတွေမှာ ကျင်းပနိုင်ဖို့ တပ်မတော်က တိုက်တွန်းလိုက်ပြီး နောက်တရက်ဖြစ်တဲ့ ဒီနေ့မှာပဲ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရဦးဇော်ဌေးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“သက်ဆိုင်တဲ့ UEC ကို ဒီဒေသ၊ ဒီဒေသတွေကတော့ လုံခြုံရေးအာမခံဆိုတာမျိုး ပေးထားတာ မရှိဘူးပေါ့နော်။ ဒီပြည်နယ်နဲ့ တိုင်းမှာလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်တပ်မတော်ဘက်က ညှိနှိုင်းဆွေးနွေးတဲ့အဖွဲ့တွေနဲ့ ကျနော်တို့ ပြောထားတာ ရှိပါတယ်။ ဆွေးနွေးနေတုန်းအပိုင်းတွေကလည်း ပြောရရင်တော့ မပြီးသေးဘူး။ နားလည်မှုနဲ့ ရပ်နေတဲ့အနေအထားဖြစ်တယ်။ ဒီလိုမျိုးနားလည်မှုနဲ့ ရပ်နေတဲ့အနေအထားတောင်မှ ပြည်သူတွေက တော်တော်လေးကြုံနေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုက်ပွဲရှောင် ၁၈၀,၀၀၀ ကျော်တာမှာ ၈၀,၀၀၀ လောက်က ကိုယ့်အိမ်ကိုပြန်ကြတယ်။ ၁၀၀,၀၀၀ လောက်က မပြန်နိုင်သေးဘူး။ ဥပမာမဲပေးမယ်ဆိုရင် အဲဒီ IDP မှာရှိနေတဲ့သူတွေ ဘယ်လိုမဲပေးမလဲပြဿနာက။ ဒါက ဥပဒေ.. နည်းဥပဒေနဲ့ လုပ်ရမယ့် ကိစ္စတွေအများကြီး။ အဲဒီတော့ ဒီအတိုင်းချက်ချင်းလက်ငင်း လုပ်ဖို့တော့ အဆင်မပြေဘူး။”
ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ပြင်ဆင်ရမယ့် ကိစ္စတွေများစွာရှိသလို၊ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေကိုလည်း မဲဆွယ်နိုင်ဖို့ အချိန်ကာလ ပေးရမှာဖြစ်တာကြောင့် တပ်မတော်ကတောင်းဆိုထားသလို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပနိုင်မယ့် အလားအလာ နည်းပါးတယ်လို့လည်း ဦးဇော်ဌေးကပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်မိုင်းကိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ဇန်နဝါရီ ၇ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေကို တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။
“ကျနော်တို့ လက်ရှိမှာ တိုက်ပွဲလည်း မဖြစ်ပွါးဘူး။ တိုက်ပွဲဖြစ်ပါွးမှုလည်း မရှိဘူး။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီးဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီအပိုင်းတွေနဲ့ ပက်သက်တဲ့လုံခြုံရေးပေါ့။ တပ်မတော်အပိုင်းနဲ့ ပတ်သက်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ပြီးဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ စောလျင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။ ခုဏပြောတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီးတော့က ဆောင်ရွက်ချက်တွေ ခုဏ ပြောတဲ့ လုပ်ငန်းတွေ လုပ်ရမယ် ဆိုတာလည်း ကျနော်တို့ ဖြစ်ရမယ်ဆိုတာလည်း ထောက်ပံ့ဖို့ ဖြစ်တယ်။”
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကတော့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
“ကျနော်တို့ကတော့ ဦးဇော်ဌေးပြောတဲ့ဟာတော့ ဒီဘက်တွေမှာ အင်တာနက်တွေ အခက်ခဲလဲရှိတယ်။ ကျနော်တို့ကတော့ မကြားရဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ်ပြန်တဲ့ ကြေညာချက်တွေကိုတော့ ဒီနေ့လိုင်းပေါ်မှာ တွေ့တယ်ဆိုတော့ လက်နက်ကိုင်အဖွဲ့တချို့က ရွေးကောက်ပွဲကို ကြိုဆိုတယ်၊ လက်ခံတယ်။ အခြေအနေတွေနဲ့ ဒီအချိန်မှာ တော်တော်လေးကို ထိန်းထိန်သိမ်းသိမ်းနဲ့ နေကြတယ်ဆိုတဲ့ လက္ခဏာရပ်တွေ ကျနော်တို့ မြင်ရတယ်ပေါ့။ တကယ် လုပ်မယ်ဆိုရင်လုပ်လို့ရမယ့် အနေအထားရှိတယ်။ တပ်ဖက်ကလဲဒီရွေးကောက်ပွဲကို ကြိုဆိုတယ်။ လုပ်စေချင်တယ်။ AA ဘက်ကလည်း ဟိုဟာဖြစ်စေချင်တယ်။ တခြားပြဿနာတွေက ဘယ်အရာကို သူတို့ညွှန်းလဲ ကျနော်တို့ မသိဘူး။ လုံခြုံရေးအရတော့ ကျနော်တို့ဘက်တွေမှာ ဒီနေ့လုပ်ရင် ဒီနေ့ဖြစ်တယ် မနက်ဖြန်လုပ်ရင်မနက်ဖြန်ဖြစ်တယ်။”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတဲ့ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ် ၉ မြို့နယ်ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် မွန်ပြည်နယ်ဘီးလင်းမြို့နယ်ဒေသတချို့တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
ရှမ်းပြည်နယ် မိုင်းကိုင်ဒေသမှာလည်း တပ်မတော်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်RCSS/SSA တို့ တိုက်ပွဲရပ်တန့်နေသလို မွန်ပြည်နယ် ဘီလင်းမြို့နယ် ကျသောင်းဆိပ်ဘက်မှာတော့ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့အကြားထိတွေ့မှု အနည်းငယ်ဖြစ်ပွါးနေပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ ၂ လလောက်ရှိနေပါပြီ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့တုန်းက တပ်မတော်နဲ့ AA အဖွဲ့တို့အကြား “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲတွေကျင်းပနိုင်ရေး ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ နေရာတွေမှာ အမြန်ဆုံး ကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ နေရာတွေနဲ့ ပတ်သက်လို့ အဓိက တာဝန်ယူထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ တိတိကျကျ ရှင်းလင်းထုတ်ပြန်တာ မရှိသေးပါဘူး။