သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ကေထာက္ျပေနတဲ့ မဲစာရင္းဆိုင္ရာကိစၥ ေျပလည္မယ္လုိ႔ NLD ျမင္ဆဲ


၂၀၂၀ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲ႐ံုတခုတြင္ ဆႏၵမဲမ်ားေရတြက္ေနသည့္ ေကာ္မရွင္အဖြဲ႔ဝင္မ်ား။ ႏိုဝင္ဘာ ၈၊ ၂၀၂၀။

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ေရြးေကာက္ပဲြမွာ မဲမသမာမႈေတြ ရွိႏုိင္တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ တပ္မေတာ္က အစုိးရနဲ႔ ေရြးေကာက္ပဲြ ေကာ္မရွင္ကုိ သတိေပးေနတာေၾကာင့္ ႏုိင္ငံေရးတင္းမာမႈေတြ ႀကီးထြားလာမယ့္အေပၚ အကဲခတ္ေတြရဲ႕ အျမင္ေတြကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပဲြမွာ မဲမသမာမႈျဖစ္ႏိုင္ေျခရိွတဲ့ မဲစာရင္းေတြဆုိၿပီး တပ္မေတာ္က အခ်က္အလက္ေတြကုိ ဆက္တုိက္ ထုတ္ျပန္ေနသလုိ ဒီတပတ္ထဲမွာပဲ တပ္မေတာ္အႀကီးအကဲကုိယ္တုိင္ သတိေပးတဲ့ သေဘာထား ေျပာဆုိခဲ့တာေၾကာင့္ ႏုိင္ငံေရး တင္းမာမႈေတြ ေပၚေပါက္လာႏုိင္တယ္လုိ႔ အကဲခတ္ေတြ ခန္႔မွန္းေနၾကပါတယ္။

မဲမသမာမႈေတြ ျဖစ္ႏုိင္ေျခရွိတဲ့ ကိစၥကုိ ေျဖရွင္းဖုိ႔ အစိုးရနဲ႔ ေရြးေကာက္ပဲြေကာ္မရွင္ကို ေတာင္းဆိုထားေပမဲ့ တိတိက်က် တ႔ံုျပန္မႈေတြ မရတဲ့ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က အေျခခံ ဥပေဒကို လုိက္နာမႈမရိွရင္ ဖ်က္သိမ္းပစ္မယ္လို႔ ေျပာဆိုတာရိွခဲ့သလို တပ္မေတာ္က အာဏာသိမ္းမယ့္ အလားအလာရွိ၊ မရွိ ဆုိတာကုိလည္း ေနျပည္ေတာ္က တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖဲြ႔ရဲ႕ သတင္းစာရွင္းလင္းပဲြအတြင္း ယတိျပတ္ ျငင္းဆန္သြားတာ မရွိခဲ့ပါဘူး။

ဒီကေန႔ တပ္မေတာ္ရဲ့ ထုတ္ျပန္ခ်က္မွာေတာ့ မဲမသမာမႈျဖစ္ႏိုင္တဲ့စာရင္းဟာ ၁၀ သန္းေက်ာ္ရိွေၾကာင္း ထုတ္ျပန္ထားပါတယ္။

အာဏာရ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ေျပာေရးဆုိခြင့္ရိွသူ ေဒါက္တာမ်ိဳးညႊန္႔ကေတာ့ ေျဖရွင္းလုိ႔ရတဲ့ ျပႆနာအျဖစ္ VOA ကို အခုလုိ ေျပာပါတယ္။

“က်ေနာ္တုိ႔ကေတာ့ ၂၀၂၀ ေရြးေကာက္ပဲြမွာ ေရြးေကာက္ပဲြရလဒ္ ေျပာင္းလဲေစႏိုင္ေလာက္တဲ့ အမွားအယြင္း မရိွဘူးလုိ႔ ျမင္ပါတယ္။ ခ်ိဳ႕ယြင္းခ်က္ ရိွတာက တစ္ပိုင္းေပါ့။ က်ေနာ္တုိ႔ အခု ဒီျပႆနာဟာ အထူးသျဖင့္ မဲစာရင္းကိုပဲ ရမယ္ရွာေနတာျဖစ္ပါတယ္။ အဲဒီေတာ့ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က တပ္မေတာ္က စစ္ေဆးထားတဲ့ တတိယအၾကိမ္ မဲစာရင္းနဲ႔ပတ္သက္ၿပီး ရွင္းလင္းခ်က္ ထုတ္ျပန္လုိက္မယ္ဆုိရင္ေတာ့ ဒါ ခုျဖစ္ေနတဲ့ လိပ္ခဲတည္းလည္း ျပႆနာက ေျပလည္မယ္လုိ႔ က်ေနာ္တုိ႔ ျမင္ပါတယ္။”

တပ္မေတာ္က ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့ၿပီးေနာက္ ဒီေန႔မွာပဲ ေရြးေကာက္ပဲြကုိ ဥပေဒနဲ႔အညီ က်င္းပခဲ့တာျဖစ္ေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့ပါတယ္။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ေရြးေကာက္ပဲြလုပ္ငန္းစဥ္အျပင္ ႏုိင္ငံေရးအရ တင္းမာႏုိင္တဲ့ အျခား အေျခခံအေၾကာင္းရင္းေတြ ရွိေနတယ္လုိ႔ သံုးသပ္ပါတယ္။

“ျပႆနာက ေရြးေကာ္က အေစာၾကီးတည္းက ရွင္းရင္ေတာ့ လြယ္တာေပါ့ဗ်ာ။ အဲဒီေတာ့ ေရြးေကာက္ပဲြၿပီး ၃ လေလာက္ ၾကာလာတဲ့အထိ မရွင္းတဲ့အခါက် ျပႆနာက ပိုပိုၾကီးလာတာေပါ့။ ဒါျပင္ေနာက္ဆက္တဲြျပႆနာကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ မေခၚတဲ့ ျပႆနာေပါ့။ ဥပေဒအရ ၂၅ ရာခုိင္ႏႈန္းက လက္မွတ္ထိုးၿပီးေတာ့ ေခၚလည္းပဲ ေခၚမေပးဘူးေလ။ အေၾကာင္းျပၿပီးေတာ့။ အဲဒီဟာမ်ိဳးမွာေတာ့ ေရြးေကာက္ပဲြေကာ္မရွင္ ျပႆနာတင္မကေတာ့ဘဲနဲ႔ အျခားျပႆနာေတြပါ ျဖစ္ေနတယ္လို႔ က်ေနာ္ေတာ့ ျမင္ပါတယ္။”

မၾကာခင္ အစုိးရသစ္နဲ႔ လႊတ္ေတာ္သစ္ေတြ ေပၚေပါက္ေတာ့မယ့္ အခ်ိန္မွာပဲ ႏုိင္ငံေရးတင္းမာမႈေတြ ႀကီးထြားလာမယ့္ အရိပ္အေယာင္ေတြ ထြက္ေပၚလာေနတာ ျဖစ္ပါတယ္။ ျပည္ေထာင္စုေရွ႔ေနမ်ားနဲ႔ ဥပေဒေထာက္ကူျပဳအဖဲြ႔ ဥကၠ႒၊ တရားလႊတ္ေတာ္ေရွ႔ေန ဦးၾကီးျမင့္ကေတာ့ ၂၀၀၈ ခုႏွစ္ဖဲြ႔စည္းပုံအေျခခံဥပေဒအရ အာဏာသိမ္းခြင့္ မရွိဘူးလုိ႔ ေျပာပါတယ္။ ဒါေပမဲ့လည္း အျခားနည္းလမ္းေတြနဲ႔ ႀကိဳးပမ္းလာမယ္ ဆုိရင္ေတာ့ ျဖစ္ႏုိင္တာေတြ ရွိတယ္လုိ႔လည္း ဥပေဒပညာရွင္ ဦးႀကီးျမင့္က သုံးသပ္ပါတယ္။

“သူက အာဏာသိမ္းဖို႔လို႔ တန္းၿပီးေတာ့ မေၾကညာဘဲနဲ႔။ သမၼတကို ၂၀၀၈ ဖဲြ႔စည္းပံုနဲ႔အညီ ကာလံုေခၚေပးဖုိ႔တို႔၊ လက္မွတ္ထိုးေပးဖုိ႔တုိ႔၊ သူ႔ကို လဲႊေပးဖို႔တုိ႔ သူေတာင္းဆိုေကာင္း ေတာင္းဆိုမယ္။ အဲဒီလိုေတာင္းဆိုၿပီးေတာ့မွ သမၼတက ျငင္းလုိက္ၿပီဆုိေတာ့မွ ၂၀၀၈ အျပင္ဘက္ကနည္းနဲ႔ အာဏာသိမ္းတယ္ေပါ့။ အဲဒီလို လုပ္ႏိုင္တယ္ေပါ့။”

၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၄၀(ဂ) မွာ အေရးေပၚအေျခအေနေပၚေပါက္လာရင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္အာဏာကို ဖဲြ႔စည္းပံုအေျခခံဥပေဒမွာ သတ္မွတ္ ျပဌာန္းခ်က္နဲ႔အညီ ရယူသံုးစဲြႏိုင္ခြင့္ရိွေၾကာင္း ေဖာ္ျပထားပါတယ္။ ပုဒ္မ၄၁၇ မွာေတာ့ သမၼတက အမ်ိဳးသားကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီ (ကာလံု)နဲ႔ ညိွႏိႈင္းၿပီး အေရးေပၚအေျခအေနထုတ္ျပန္ႏိုင္ေၾကာင္းနဲ႔ ပုဒ္မ ၄၁၈မွာေတာ့ အေရးေပၚအေျခအေနကို ထိန္းသိမ္းဖို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ႏိုင္ငံေတာ္ရဲ့ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး အာဏာေတြကို အပ္ႏွင္းႏိုင္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်ကထောက်ပြနေတဲ့ မဲစာရင်းဆိုင်ရာကိစ္စ ပြေလည်မယ်လို့ NLD မြင်ဆဲ

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို သတိပေးနေတာကြောင့် နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာမယ့်အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်ခြေရှိတဲ့ မဲစာရင်းတွေဆိုပြီး တပ်မတော်က အချက်အလက်တွေကို ဆက်တိုက် ထုတ်ပြန်နေသလို ဒီတပတ်ထဲမှာပဲ တပ်မတော်အကြီးအကဲကိုယ်တိုင် သတိပေးတဲ့ သဘောထား ပြောဆိုခဲ့တာကြောင့် နိုင်ငံရေး တင်းမာမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။

မဲမသမာမှုတွေ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စကို ဖြေရှင်းဖို့ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားပေမဲ့ တိတိကျကျ တ့ုံပြန်မှုတွေ မရတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေခံ ဥပဒေကို လိုက်နာမှုမရှိရင် ဖျက်သိမ်းပစ်မယ်လို့ ပြောဆိုတာရှိခဲ့သလို တပ်မတော်က အာဏာသိမ်းမယ့် အလားအလာရှိ၊ မရှိ ဆိုတာကိုလည်း နေပြည်တော်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ယတိပြတ် ငြင်းဆန်သွားတာ မရှိခဲ့ပါဘူး။

ဒီကနေ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မဲမသမာမှုဖြစ်နိုင်တဲ့စာရင်းဟာ ၁၀ သန်းကျော်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ ဖြေရှင်းလို့ရတဲ့ ပြဿနာအဖြစ် VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ် ပြောင်းလဲစေနိုင်လောက်တဲ့ အမှားအယွင်း မရှိဘူးလို့ မြင်ပါတယ်။ ချို့ယွင်းချက် ရှိတာက တစ်ပိုင်းပေါ့။ ကျနော်တို့ အခု ဒီပြဿနာဟာ အထူးသဖြင့် မဲစာရင်းကိုပဲ ရမယ်ရှာနေတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တပ်မတော်က စစ်ဆေးထားတဲ့ တတိယအကြိမ် မဲစာရင်းနဲ့ပတ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်လိုက်မယ်ဆိုရင်တော့ ဒါ ခုဖြစ်နေတဲ့ လိပ်ခဲတည်းလည်း ပြဿနာက ပြေလည်မယ်လို့ ကျနော်တို့ မြင်ပါတယ်။”

တပ်မတော်က ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မှာပဲ ရွေးကောက်ပွဲကို ဥပဒေနဲ့အညီ ကျင်းပခဲ့တာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပြင် နိုင်ငံရေးအရ တင်းမာနိုင်တဲ့ အခြား အခြေခံအကြောင်းရင်းတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“ပြဿနာက ရွေးကော်က အစောကြီးတည်းက ရှင်းရင်တော့ လွယ်တာပေါ့ဗျာ။ အဲဒီတော့ ရွေးကောက်ပွဲပြီး ၃ လလောက် ကြာလာတဲ့အထိ မရှင်းတဲ့အခါကျ ပြဿနာက ပိုပိုကြီးလာတာပေါ့။ ဒါပြင်နောက်ဆက်တွဲပြဿနာကတော့ ပြည်ထောင်စုလွှတ်တော် မခေါ်တဲ့ ပြဿနာပေါ့။ ဥပဒေအရ ၂၅ ရာခိုင်နှုန်းက လက်မှတ်ထိုးပြီးတော့ ခေါ်လည်းပဲ ခေါ်မပေးဘူးလေ။ အကြောင်းပြပြီးတော့။ အဲဒီဟာမျိုးမှာတော့ ရွေးကောက်ပွဲကော်မရှင် ပြဿနာတင်မကတော့ဘဲနဲ့ အခြားပြဿနာတွေပါ ဖြစ်နေတယ်လို့ ကျနော်တော့ မြင်ပါတယ်။”

မကြာခင် အစိုးရသစ်နဲ့ လွှတ်တော်သစ်တွေ ပေါ်ပေါက်တော့မယ့် အချိန်မှာပဲ နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာမယ့် အရိပ်အယောင်တွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေထောက်ကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းခွင့် မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခြားနည်းလမ်းတွေနဲ့ ကြိုးပမ်းလာမယ် ဆိုရင်တော့ ဖြစ်နိုင်တာတွေ ရှိတယ်လို့လည်း ဥပဒေပညာရှင် ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“သူက အာဏာသိမ်းဖို့လို့ တန်းပြီးတော့ မကြေညာဘဲနဲ့။ သမ္မတကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ကာလုံခေါ်ပေးဖို့တို့၊ လက်မှတ်ထိုးပေးဖို့တို့၊ သူ့ကို လွဲှပေးဖို့တို့ သူတောင်းဆိုကောင်း တောင်းဆိုမယ်။ အဲဒီလိုတောင်းဆိုပြီးတော့မှ သမ္မတက ငြင်းလိုက်ပြီဆိုတော့မှ ၂၀၀၈ အပြင်ဘက်ကနည်းနဲ့ အာဏာသိမ်းတယ်ပေါ့။ အဲဒီလို လုပ်နိုင်တယ်ပေါ့။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀(ဂ) မှာ အရေးပေါ်အခြေအနေပေါ်ပေါက်လာရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ် ပြဌာန်းချက်နဲ့အညီ ရယူသုံးစွဲနိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ ပုဒ်မ၄၁၇ မှာတော့ သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)နဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေထုတ်ပြန်နိုင်ကြောင်းနဲ့ ပုဒ်မ ၄၁၈မှာတော့ အရေးပေါ်အခြေအနေကို ထိန်းသိမ်းဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတွေကို အပ်နှင်းနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG