သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲရလဒ္အျငင္းပြားတဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပဲြ


ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြမွာ ေတြ႔ရတဲ့ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကိုယ္စား ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၂၀ အေထြေထြ ေရြးေကာက္ပဲြအတြင္းမွာ မဲ မသမာမႈေတြရွိခဲ့တယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တပ္မေတာ္ကေန ေနျပည္ေတာ္မွာ အထူးသတင္းစာရွင္းလင္းပဲြတရပ္ကို ဒီေန႔ျပဳလုပ္ပါတယ္။ အဲဒီမွာ ကိုယ္တိုင္ကိုယ္က် သတင္းသြားေရာက္ယူေနတဲ့ ကိုစည္သူကို ကိုသားညြန္႔ဦးက ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုသားညြန္႔ဦး။ ။ ကိုစည္သူေရ.... အခု တပ္မေတာ္ဘက္ကေနၿပီးေတာ့ မဲစာရင္းေတြနဲ႔ ပတ္သက္လို႔ သတင္းစာရွင္းလင္းပဲြလုပ္တာ ဒီကေန႔ လုပ္တာ ကိုစည္သူကိုယ္တိုင္ တက္ေရာက္ခဲ့တယ္ဆိုေတာ့ ဗမာျပည္ကလူေတြ အေတာ္လည္း စိုးရိမ္ေနၾကတယ္၊ သိလည္းသိခ်င္ေနၾကတဲ့ အဓိက အေၾကာင္းရင္းကို စၿပီးေတာ့ ေမးလိုက္ပါမယ္။ စစ္တပ္က လက္ရွိအေျခအေနနဲ႔ ပတ္သက္လို႔ တပ္မေတာ္က အာဏာသိမ္းဖို႔ အလားအလား ဒါနဲ႔ ပတ္သက္လို႔ ဘယ္လိုမ်ား ေျပာတာဆိုတာ ရွိပါသလဲခင္ဗ်။

ကိုစည္သူ။ ။ ဒီေန႔ကေတာ့ တပ္မေတာ္က သတင္းစာရွင္းလင္းပဲြ လုပ္တာမွာ အဓိကအားျဖင့္ေတာ့ သူတို႔က UEC (နဲ႔) အစိုးရကို သူတို႔က မဲစာရင္းေတြ လဲြမွားမႈနဲ႔ ပတ္သက္ၿပီးေတာ့ အၾကိမ္ၾကိမ္ထုတ္ျပန္ ေျဖရွင္းေပးဖို႔ေတာင္းဆိုထားတာ ရွိတယ္။ ေျဖရွင္းတဲ့အေပၚမွာ မူတည္ၿပီးေတာ့ပဲ သူတို႔ဆံုးျဖတ္မယ္ေပါ့ေနာ္။ အဲဒီေတာ့ မေျဖရွင္းဘူးဆိုရင္ ဘာဆက္ျဖစ္မလဲ။ အာဏာသိမ္းမလား၊ မသိမ္းဘူးလားဆိုၿပီး တက္လာတဲ့ သတင္းေထာက္ေတြက ေမးပါတယ္။ ေမးေတာ့ အာဏာသိမ္းမယ္ဆိုတာလည္း မဟုတ္ဘူး၊ မသိမ္းဘူးလို႔လည္း မေျပာႏိုင္ဘူး ဆိုတဲ့ စကားလံုးမ်ိဳးအဓိပၸါယ္ရတဲ့ စကားလံုးမ်ိဳးေတြ ေျပာပါတယ္ခင္ဗ်။ တည္ဆဲဥပေဒအရ ဖဲြ႔စည္းပံုအတိုင္းလိုက္နာသြားမယ္ဆိုတာမ်ိဳးကိုလည္း သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကိုယ္စား ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားပါတယ္ ခင္ဗ်။

ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြမွာ ေတြ႔ရတဲ့ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကိုယ္စား ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)
ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြမွာ ေတြ႔ရတဲ့ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကိုယ္စား ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)

"တပ္မေတာ္အေနနဲ႔ ဖဲြ႔စည္းပံုအေျခခံဥပေဒအပါအဝင္ တည္ဆဲဥပေဒအရ တည္ဆဲဥပေဒမ်ားကို က်ေနာ္တို႔က လိုက္နာသြားမွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ ဒီမိုကေရစီစနစ္ကို မယိမ္းယိုင္ႏိုင္ဖို႔ ဖဲြ႔စည္းပံု အေျခခံအပါအဝင္ တည္ဆဲဥပေဒမ်ားမွာ ေလ့လာၾကည့္ရင္ ေျပာႏိုင္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ ေျပာခ်င္တာကေတာ့ ခင္ဗ်ားကို တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္တာဝန္ယူမယ္လို႔လည္း မေျပာဘူး။ မယူဘူးလို႔လည္း မေျပာဘူး။ က်ေနာ္တို႔ ေျပာႏိုင္တာ ဖဲြ႔စည္းပံု အေျခခံဥပေဒအပါအဝင္ လက္ရွိတည္ဆဲဥပေဒမ်ားကို ဖဲြ႔စည္းပံု အေျခခံဥပေဒနဲ႔ မဆန္႔က်င္ဘဲ က်ေနာ္တို႔လိုက္နာေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။"

အဲဒီေတာ့ ဒါေပမဲ့ ဖဲြ႔စည္းပံုအေျခခံဥပေဒ ေဖာ္ျပခ်က္အရေတာ့ ႏိုင္ငံေတာ္အေရးေပၚအေျခအေန ေပၚေပါက္လာမယ္ဆိုရင္ သမၼတက ဦးေဆာင္ၿပီး ကာကြယ္ေရးနဲ႔ လံုျခံဳေရးေကာင္စီေပါ့ေနာ္... ကာလံုကို ေခၚၿပီးေတာ့ ႏိုင္ငံေတာ္ရဲ႕ အာဏာကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံကို လဲႊအပ္ႏိုင္တယ္လို႔ ဒီ အေျခခံဥပေဒမွာ ျပဌာန္းထားပါတယ္ ခင္ဗ်။ ဆိုေတာ့ ဒီသေဘာအရဆိုရင္ အကယ္၍ တပ္မေတာ္က အာဏာရယူဖို႔ သမၼတကသာ သေဘာမတူဘူးဆိုရင္ တပ္မေတာ္က အာဏာရယူဖို႔ မျဖစ္ႏိုင္ဘူးခင္ဗ်။ အဲဒီလို သေဘာမတူဘဲနဲ႔ အာဏာရယူလိုတယ္ဆိုရင္ေတာ့ ၂၀၀၈ အေျခခံဥပေဒကို ဖ်က္သိမ္းၿပီးေတာ့ အေရွ႕မွာ က်ေနာ္တို႔ အေရွ႕က ဖဲြ႔စည္းပံု အေျခခံဥပေဒေတြကို ဖ်က္သိမ္းၿပီး အာဏာသိမ္းခဲ့သလိုပဲ ၂၀၀၈ အေျခခံဥပေဒကို ဖ်က္သိမ္းၿပီးမွပဲ တပ္မေတာ္က အာဏာသိမ္းႏိုင္တဲ့အေျခအေနမ်ိဳးျဖစ္ပါလိမ့္မယ္ ခင္ဗ်။

ကိုသားညြန္႔ဦး။ ။ မဲစာရင္းေတြနဲ႔ ပတ္သက္လို႔ေရာ... သူတို႔ ဘာ့ေၾကာင့္စစ္တယ္ဆိုတာကို သူတို႔ဘက္က အေၾကာင္းျပခ်က္ဘယ္လိုေျပာလဲ ခင္ဗ်။

ကိုစည္သူ။ ။ ေရြးေကာက္ပဲြမွာ အမွားအယြင္းေတြရွိတယ္လို႔ စစ္တပ္က၊ တပ္မေတာ္က သံသယရွိတယ္။ ဒါေၾကာင့္ မဲစာရင္းေတြကို စစ္တယ္။ စစ္တဲ့အခါမွာလည္း အမွားအယြင္းေတြ ရွိေနတာကို စစ္တပ္အေနနဲ႔၊ တပ္မေတာ္အေနနဲ႔ ဖဲြ႔စည္းပံု အေျခခံဥပေဒကို ေစာင့္ေရွာက္ရမယ္ဆိုတဲ့အတိုင္း၊ ျပဌာန္းထားတယ္ဆိုတဲ့အတိုင္း၊ မဲစာရင္းမွားေနတာေတြကို ထိုင္ၾကည့္မေနႏိုင္ဘူးဆိုတဲ့ စကားလံုးမ်ိဳးသံုးပါတယ္။ ႏိုင္ငံမွာ ဒီလိုမ်ိဳးအလဲြလဲြ အေခ်ာ္ေခ်ာ္ျဖစ္ေနတာ၊ ႏိုင္ငံတကာ မ်က္ႏွာစာမွာ ဒီလိုအမွားေတြ... ႏိုင္ငံရဲ႕ ဂုဏ္သိကၡာက်ဆင္းႏိုင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္မ်ိဳး ဒီလိုေျပာေနၾကတာဆိုၿပီး ဒီေန႔ ျပန္ၿပီးေတာ့ သံုးပါတယ္ခင္ဗ်။

ကိုသားညြန္႔ဦး။ ။ ဒီမဲစာရင္း မသမာမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ တပ္မေတာ္က ဒီရက္ပိုင္းေတြအတြင္းမွာ သူတို႔ သတင္းထုတ္ျပန္တာေတြလည္း ရွိပါတယ္။ အခု သတင္းစာရွင္းလင္းပဲြမွာ ထူးထူးျခားျခား ဘယ္လိုအခ်က္ေတြ ပါေသးလဲဗ်။

ကိုစည္သူ။ ။ ဒီေန႔မွာေတာ့ မဲစာရင္းနဲ႔ ပတ္သက္ၿပီးေတာ့ ထူးျခားတဲ့ ကိန္းဂဏန္းအရေတာ့ စုစုေပါင္း ၃၁၄ ၿမိဳ႕နယ္မွာ ဒုတိယအၾကိမ္မဲစာရင္း ထုတ္ျပန္တာေတြကို သူတို႔ အၾကိမ္ၾကိမ္ထုတ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ တတိယအၾကိမ္မဲစာရင္းေပါ့ေနာ္... က်ေနာ္တို႔ ေရြးေကာက္ပဲဲြ မတိုင္ခင္တုန္းက မဲစာရင္းကို ႏွစ္ၾကိမ္ကပ္ပါတယ္။ ႏွစ္ၾကိမ္ကပ္ၿပီးေတာ့ ထုတ္ျပန္တယ္။ အဲဒီအခု တပ္မေတာ္က စစ္ေဆးတယ္ဆိုတာလည္း ဒုတိယအၾကိမ္ကပ္တဲ့ဟာကို စစ္ေဆးထားတာပါ။ ဒီေန႔မွာေတာ့ ဒုတိယအၾကိမ္ကပ္ၿပီးေတာ့၊ ျပင္ၿပီးေတာ့ UEC က ျပည္သူကို ထုတ္ျပန္စရာမလိုေတာ့ဘဲနဲ႔ ကိုယ္စားလွယ္ေလာင္းေတြကို ေပးခဲ့ဖူးတဲ့ တတိယအၾကိမ္မဲစာရင္းေပါ့ေနာ္... အဲဒီ တတိယအၾကိမ္မဲစာရင္းထဲက ပါတဲ့ ၿမိဳ႕ ၄၀ ေပါ့ေနာ္... အားလံုးေတာ့ မဟုတ္ဘူး။ ၿမိဳ႕ ၄၀ သူတို႔လက္ထဲမွာရွိေနတယ္။ ၿမိဳ႕ ၄၀ စာ တတိယအၾကိမ္ မဲစာရင္းထဲကေနၿပီးေတာ့ ယူၿပီးေတာ့ စစ္တယ္လို႔ဆိုပါတယ္။ အဲဒီ စစ္တဲ့အခါမွာလည္း ဒုတိယအၾကိမ္မဲစာရင္းနဲ႔ တတိယအၾကိမ္မဲစာရင္း ၿမိဳ႕ ၄၀ ဟာ ဘယ္ေလာက္ကြာသလဲလို႔ က်ေနာ္တို႔ သတင္းေထာက္ေတြ ေမးတဲ့အခါမွာေတာ့ သူက ရာခိုင္ႏႈန္းအားျဖင့္ အလြန္နည္းပါးၿပီးေတာ့ လဲြျမဲလဲြေနတုန္းပဲဆိုတဲ့ အေျဖမ်ိဳး က်ေနာ္တို႔ရပါတယ္ ခင္ဗ်။ အဲဒီေတာ့ စုစုေပါင္း သူတို႔ ဒီေန႔ထိ စစ္လိုက္တာ မဲစာရင္း လဲြမွားႏိုင္ေျခရွိတဲ့ ကိန္းဂဏန္းအရေတာ့ ၈.၆ သန္းေက်ာ္ေလာက္ မဲစာရင္း လဲြႏိုင္ေျခရွိတယ္ဆိုတဲ့ ကိန္းဂဏန္းမ်ိဳး ထုတ္ျပန္ပါတယ္ ခင္ဗ်။

ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)
ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)

ကိုသားညြန္႔ဦး။ ။ သူတို႔ ထုတ္ထားတဲ့ မဲစာရင္းေတြက... မဲစာရင္းအမွားေတြက ဘယ္ေလာက္ထိ ခိုင္ခိုင္မာမာသက္ေသျပႏိုင္တယ္လို႔ ေျပာပါသလဲ ခင္ဗ်။

ကိုစည္သူ။ ။ က်ေနာ္တို႔က အဲဒီေမးခြန္းကို .... ဒီမဲစာရင္းေတြက ထုတ္ျပန္တာ ဘယ္ေလာက္ခိုင္မာမႈရွိသလဲ။ ေျမျပင္မွာေရာ စစ္ရဲ႕လားလို႔ က်ေနာ္တို႔ သတင္းေထာက္အဖဲြ႔က ေမးပါတယ္။ ေမးေတာ့ ေျမျပင္မွာေတာ့ သူတို႔ မစစ္ရေသးတဲ့အတြက္ အခုလို ထုတ္ျပန္ေနတဲ့ မဲစာရင္းေတြဟာ ရာႏႈန္းျပည့္မွန္ကန္ႏိုင္မယ္လို႔ေတာ့ အာမ မခံႏိုင္ဘူးဆိုတာ ဝန္ခံေျပာပါတယ္။ အဲဒီေတာ့ ေျမျပင္မွာလည္း သူတို႔ စစ္ဖို႔ ရရင္စစ္ခ်င္ပါတယ္ဆိုတဲ့ အေျဖမ်ိဳးေတာ့ က်ေနာ္တို႔ ရခဲ့ပါတယ္ခင္ဗ်။ အဲဒီေတာ့ ရာႏႈန္းျပည့္ မွန္ကန္တာမ်ိဳးေတာ့ သူတို႔ မျဖစ္ႏိုင္ဘူးဆိုတာေတာ့ သူတို႔ဝန္ခံပါတယ္ဗ်။

ကိုသားညြန္႔ဦး။ ။ ဟုတ္ကဲ့။ အခုက ကိုဗစ္ကာလလည္း ျဖစ္ေနတယ္။ ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ အသြားအလာ ကန္႔သတ္မႈေတြလည္း လုပ္ထားတဲ့အခ်ိန္မွာ ကိုစည္သူတို႔... သတင္းေထာက္ေတြကို တပ္မေတာ္သတင္းစာရွင္းလင္းပဲြအတြက္ ေခၚယူတဲ့အခါမွာ ဘယ္လိုမ်ိဳးသူတို႔ စီစဥ္ေပးလဲ။ ဘယ္လိုမ်ိဳးေရာက္လာတာလဲ ေနျပည္ေတာ္ကို။

ကိုစည္သူ။ ။ က်ေနာ္တို႔က ဒီတိုင္းဆိုရင္ေတာ့ ေနျပည္ေတာ္ကို လာတဲ့အခါမွာ က်ေနာ္တို႔က သတ္မွတ္ခ်က္ေတြအတိုင္း သတင္းစာရွင္းလင္းပဲြလာတာပဲျဖစ္ျဖစ္ ေနျပည္ေတာ္ကိုလာရင္... ရန္ကုန္ကလာမယ္ဆိုရင္ က်ေနာ္တို႔က ၃ ရက္ ေနျပည္ေတာ္မွာ Quarantine ဝင္ရဖို႔အတြက္ သတ္မွတ္ ျပဌာန္းထားတာ ရွိပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ အလုပ္ကိစၥလာရင္ ၃ ရက္ Quarantine ဝင္ရဖို႔ ရွိပါတယ္။ ဒါေပမဲ့လည္း ဒီေန႔မွာ က်ေနာ္တို ရန္ကုန္ကေန ေနျပည္ေတာ္ကို ေရာက္လာစကေတာ့ ဒီတပ္မေတာ္သတင္းစာ ျပန္ၾကားေရးအဖဲြ႔ကိုယ္တိုင္ကေနၿပီးေတာ့ ရန္ကုန္မွာရွိေနတဲ့ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္းကို လိပ္မူၿပီးေတာ့ ရန္ကုန္အေျခဆိုက္ ႏိုင္ငံျခားသတင္းေထာက္ေတြကို ဖိတ္ၾကားပါတယ္။ ဖိတ္ၾကားတဲ့အခါမွာလည္း သူက ေန႔ခ်င္းျပန္ခရီးစီစဥ္ေပးပါမယ္။ မသြားခင္မွာလည္း ရန္ကုန္မွာ က်ေနာ္တို႔ကို ကိုဗစ္ရွိ၊ မရွိစစ္ေဆးေပးၿပီးေတာ့ ကိုဗစ္ကင္းရွင္းတယ္ဆိုမွသာ က်ေနာ္တို႔ကို ေနျပည္ေတာ္ကို ေလယာဥ္ပ်ံနဲ႔ ေန႔ခ်င္းျပန္စီစဥ္ေပးမယ္ဆိုၿပီးေတာ့ ဖိတ္ၾကားပါတယ္။ အဲဒါနဲ႔ က်ေနာ္တို႔ ရန္ကုန္အေျခစိုက္ ႏိုင္ငံျခားသတင္းေထာက္ အေတာ္မ်ားမ်ားနဲ႔ ဒီ ျပည္တြင္းသတင္းမီဒီယာတခ်ိဳ႕လည္းပါပါတယ္ ခင္ဗ်။ လူ ၃၀ ေလာက္ေပါ့ေနာ္။ လူ ၃၀ ေလာက္ ရန္ကုန္ကေနၿပီးေတာ့ တပ္မေတာ္ေလယာဥ္နဲ႔ပဲ က်ေနာ္တို႔ကို ေခၚလာတယ္။ မေခၚခင္မွာ ကိုဗစ္စစ္ေပးပါတယ္။ စစ္ေပးၿပီးေတာ့ ေလယာဥ္ပ်ံနဲ႔ ေခၚလာတယ္။ ၿပီးေတာ့ ညေနမွာပဲ က်ေနာ္တို႔ကို ျပန္ၿပီးေတာ့ ရန္ကုန္ကို ျပန္ပို႔ပါတယ္ ခင္ဗ်။ အစအဆံုး စီစဥ္ေပးမႈနဲ႔ ကမ္းလွမ္းတဲ့အတြက္ က်ေနာ္တို႔ အဲဒီကို ေရာက္ခဲ့တာပါခင္ဗ်။

ကိုသားညြန္႔ဦး။ ။ ဟုတ္ကဲ့... ကိုစည္သူေရ။ ကိုစည္သူတို႔လည္း မၾကာခင္ ရန္ကုန္ကို ျပန္ရေတာ့မယ္ဆိုေတာ့ ေက်းဇူးပါ။ အခုလို ေျဖၾကားေပးတာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲရလဒ်အငြင်းပွားတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်းမှာ မဲ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကနေ နေပြည်တော်မှာ အထူးသတင်းစာရှင်းလင်းပွဲတရပ်ကို ဒီနေ့ပြုလုပ်ပါတယ်။ အဲဒီမှာ ကိုယ်တိုင်ကိုယ်ကျ သတင်းသွားရောက်ယူနေတဲ့ ကိုစည်သူကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ကိုစည်သူရေ.... အခု တပ်မတော်ဘက်ကနေပြီးတော့ မဲစာရင်းတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲလုပ်တာ ဒီကနေ့ လုပ်တာ ကိုစည်သူကိုယ်တိုင် တက်ရောက်ခဲ့တယ်ဆိုတော့ ဗမာပြည်ကလူတွေ အတော်လည်း စိုးရိမ်နေကြတယ်၊ သိလည်းသိချင်နေကြတဲ့ အဓိက အကြောင်းရင်းကို စပြီးတော့ မေးလိုက်ပါမယ်။ စစ်တပ်က လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်က အာဏာသိမ်းဖို့ အလားအလား ဒါနဲ့ ပတ်သက်လို့ ဘယ်လိုများ ပြောတာဆိုတာ ရှိပါသလဲခင်ဗျ။

ကိုစည်သူ။ ။ ဒီနေ့ကတော့ တပ်မတော်က သတင်းစာရှင်းလင်းပွဲ လုပ်တာမှာ အဓိကအားဖြင့်တော့ သူတို့က UEC (နဲ့) အစိုးရကို သူတို့က မဲစာရင်းတွေ လွဲမှားမှုနဲ့ ပတ်သက်ပြီးတော့ အကြိမ်ကြိမ်ထုတ်ပြန် ဖြေရှင်းပေးဖို့တောင်းဆိုထားတာ ရှိတယ်။ ဖြေရှင်းတဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ သူတို့ဆုံးဖြတ်မယ်ပေါ့နော်။ အဲဒီတော့ မဖြေရှင်းဘူးဆိုရင် ဘာဆက်ဖြစ်မလဲ။ အာဏာသိမ်းမလား၊ မသိမ်းဘူးလားဆိုပြီး တက်လာတဲ့ သတင်းထောက်တွေက မေးပါတယ်။ မေးတော့ အာဏာသိမ်းမယ်ဆိုတာလည်း မဟုတ်ဘူး၊ မသိမ်းဘူးလို့လည်း မပြောနိုင်ဘူး ဆိုတဲ့ စကားလုံးမျိုးအဓိပ္ပါယ်ရတဲ့ စကားလုံးမျိုးတွေ ပြောပါတယ်ခင်ဗျ။ တည်ဆဲဥပဒေအရ ဖွဲ့စည်းပုံအတိုင်းလိုက်နာသွားမယ်ဆိုတာမျိုးကိုလည်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုယ်စား ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ် ခင်ဗျ။

"တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေအရ တည်ဆဲဥပဒေများကို ကျနော်တို့က လိုက်နာသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံအပါအဝင် တည်ဆဲဥပဒေများမှာ လေ့လာကြည့်ရင် ပြောနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ ခင်ဗျားကို တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ယူမယ်လို့လည်း မပြောဘူး။ မယူဘူးလို့လည်း မပြောဘူး။ ကျနော်တို့ ပြောနိုင်တာ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ကျနော်တို့လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)
ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)

အဲဒီတော့ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖော်ပြချက်အရတော့ နိုင်ငံတော်အရေးပေါ်အခြေအနေ ပေါ်ပေါက်လာမယ်ဆိုရင် သမ္မတက ဦးဆောင်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပေါ့နော်... ကာလုံကို ခေါ်ပြီးတော့ နိုင်ငံတော်ရဲ့ အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို လွဲှအပ်နိုင်တယ်လို့ ဒီ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ် ခင်ဗျ။ ဆိုတော့ ဒီသဘောအရဆိုရင် အကယ်၍ တပ်မတော်က အာဏာရယူဖို့ သမ္မတကသာ သဘောမတူဘူးဆိုရင် တပ်မတော်က အာဏာရယူဖို့ မဖြစ်နိုင်ဘူးခင်ဗျ။ အဲဒီလို သဘောမတူဘဲနဲ့ အာဏာရယူလိုတယ်ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီးတော့ အရှေ့မှာ ကျနော်တို့ အရှေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်သိမ်းပြီး အာဏာသိမ်းခဲ့သလိုပဲ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီးမှပဲ တပ်မတော်က အာဏာသိမ်းနိုင်တဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ် ခင်ဗျ။

ကိုသားညွန့်ဦး။ ။ မဲစာရင်းတွေနဲ့ ပတ်သက်လို့ရော... သူတို့ ဘာ့ကြောင့်စစ်တယ်ဆိုတာကို သူတို့ဘက်က အကြောင်းပြချက်ဘယ်လိုပြောလဲ ခင်ဗျ။

ကိုစည်သူ။ ။ ရွေးကောက်ပွဲမှာ အမှားအယွင်းတွေရှိတယ်လို့ စစ်တပ်က၊ တပ်မတော်က သံသယရှိတယ်။ ဒါကြောင့် မဲစာရင်းတွေကို စစ်တယ်။ စစ်တဲ့အခါမှာလည်း အမှားအယွင်းတွေ ရှိနေတာကို စစ်တပ်အနေနဲ့၊ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ရမယ်ဆိုတဲ့အတိုင်း၊ ပြဌာန်းထားတယ်ဆိုတဲ့အတိုင်း၊ မဲစာရင်းမှားနေတာတွေကို ထိုင်ကြည့်မနေနိုင်ဘူးဆိုတဲ့ စကားလုံးမျိုးသုံးပါတယ်။ နိုင်ငံမှာ ဒီလိုမျိုးအလွဲလွဲ အချော်ချော်ဖြစ်နေတာ၊ နိုင်ငံတကာ မျက်နှာစာမှာ ဒီလိုအမှားတွေ... နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်မျိုး ဒီလိုပြောနေကြတာဆိုပြီး ဒီနေ့ ပြန်ပြီးတော့ သုံးပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဒီမဲစာရင်း မသမာမှုတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်က ဒီရက်ပိုင်းတွေအတွင်းမှာ သူတို့ သတင်းထုတ်ပြန်တာတွေလည်း ရှိပါတယ်။ အခု သတင်းစာရှင်းလင်းပွဲမှာ ထူးထူးခြားခြား ဘယ်လိုအချက်တွေ ပါသေးလဲဗျ။

ကိုစည်သူ။ ။ ဒီနေ့မှာတော့ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ ထူးခြားတဲ့ ကိန်းဂဏန်းအရတော့ စုစုပေါင်း ၃၁၄ မြို့နယ်မှာ ဒုတိယအကြိမ်မဲစာရင်း ထုတ်ပြန်တာတွေကို သူတို့ အကြိမ်ကြိမ်ထုတ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တတိယအကြိမ်မဲစာရင်းပေါ့နော်... ကျနော်တို့ ရွေးကောက်ပဲွဲ မတိုင်ခင်တုန်းက မဲစာရင်းကို နှစ်ကြိမ်ကပ်ပါတယ်။ နှစ်ကြိမ်ကပ်ပြီးတော့ ထုတ်ပြန်တယ်။ အဲဒီအခု တပ်မတော်က စစ်ဆေးတယ်ဆိုတာလည်း ဒုတိယအကြိမ်ကပ်တဲ့ဟာကို စစ်ဆေးထားတာပါ။ ဒီနေ့မှာတော့ ဒုတိယအကြိမ်ကပ်ပြီးတော့၊ ပြင်ပြီးတော့ UEC က ပြည်သူကို ထုတ်ပြန်စရာမလိုတော့ဘဲနဲ့ ကိုယ်စားလှယ်လောင်းတွေကို ပေးခဲ့ဖူးတဲ့ တတိယအကြိမ်မဲစာရင်းပေါ့နော်... အဲဒီ တတိယအကြိမ်မဲစာရင်းထဲက ပါတဲ့ မြို့ ၄၀ ပေါ့နော်... အားလုံးတော့ မဟုတ်ဘူး။ မြို့ ၄၀ သူတို့လက်ထဲမှာရှိနေတယ်။ မြို့ ၄၀ စာ တတိယအကြိမ် မဲစာရင်းထဲကနေပြီးတော့ ယူပြီးတော့ စစ်တယ်လို့ဆိုပါတယ်။ အဲဒီ စစ်တဲ့အခါမှာလည်း ဒုတိယအကြိမ်မဲစာရင်းနဲ့ တတိယအကြိမ်မဲစာရင်း မြို့ ၄၀ ဟာ ဘယ်လောက်ကွာသလဲလို့ ကျနော်တို့ သတင်းထောက်တွေ မေးတဲ့အခါမှာတော့ သူက ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးပြီးတော့ လွဲမြဲလွဲနေတုန်းပဲဆိုတဲ့ အဖြေမျိုး ကျနော်တို့ရပါတယ် ခင်ဗျ။ အဲဒီတော့ စုစုပေါင်း သူတို့ ဒီနေ့ထိ စစ်လိုက်တာ မဲစာရင်း လွဲမှားနိုင်ခြေရှိတဲ့ ကိန်းဂဏန်းအရတော့ ၈.၆ သန်းကျော်လောက် မဲစာရင်း လွဲနိုင်ခြေရှိတယ်ဆိုတဲ့ ကိန်းဂဏန်းမျိုး ထုတ်ပြန်ပါတယ် ခင်ဗျ။

ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)
ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)

ကိုသားညွန့်ဦး။ ။ သူတို့ ထုတ်ထားတဲ့ မဲစာရင်းတွေက... မဲစာရင်းအမှားတွေက ဘယ်လောက်ထိ ခိုင်ခိုင်မာမာသက်သေပြနိုင်တယ်လို့ ပြောပါသလဲ ခင်ဗျ။

ကိုစည်သူ။ ။ ကျနော်တို့က အဲဒီမေးခွန်းကို .... ဒီမဲစာရင်းတွေက ထုတ်ပြန်တာ ဘယ်လောက်ခိုင်မာမှုရှိသလဲ။ မြေပြင်မှာရော စစ်ရဲ့လားလို့ ကျနော်တို့ သတင်းထောက်အဖွဲ့က မေးပါတယ်။ မေးတော့ မြေပြင်မှာတော့ သူတို့ မစစ်ရသေးတဲ့အတွက် အခုလို ထုတ်ပြန်နေတဲ့ မဲစာရင်းတွေဟာ ရာနှုန်းပြည့်မှန်ကန်နိုင်မယ်လို့တော့ အာမ မခံနိုင်ဘူးဆိုတာ ဝန်ခံပြောပါတယ်။ အဲဒီတော့ မြေပြင်မှာလည်း သူတို့ စစ်ဖို့ ရရင်စစ်ချင်ပါတယ်ဆိုတဲ့ အဖြေမျိုးတော့ ကျနော်တို့ ရခဲ့ပါတယ်ခင်ဗျ။ အဲဒီတော့ ရာနှုန်းပြည့် မှန်ကန်တာမျိုးတော့ သူတို့ မဖြစ်နိုင်ဘူးဆိုတာတော့ သူတို့ဝန်ခံပါတယ်ဗျ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ အခုက ကိုဗစ်ကာလလည်း ဖြစ်နေတယ်။ ကပ်ရောဂါနဲ့ ပတ်သက်လို့ အသွားအလာ ကန့်သတ်မှုတွေလည်း လုပ်ထားတဲ့အချိန်မှာ ကိုစည်သူတို့... သတင်းထောက်တွေကို တပ်မတော်သတင်းစာရှင်းလင်းပွဲအတွက် ခေါ်ယူတဲ့အခါမှာ ဘယ်လိုမျိုးသူတို့ စီစဉ်ပေးလဲ။ ဘယ်လိုမျိုးရောက်လာတာလဲ နေပြည်တော်ကို။

ကိုစည်သူ။ ။ ကျနော်တို့က ဒီတိုင်းဆိုရင်တော့ နေပြည်တော်ကို လာတဲ့အခါမှာ ကျနော်တို့က သတ်မှတ်ချက်တွေအတိုင်း သတင်းစာရှင်းလင်းပွဲလာတာပဲဖြစ်ဖြစ် နေပြည်တော်ကိုလာရင်... ရန်ကုန်ကလာမယ်ဆိုရင် ကျနော်တို့က ၃ ရက် နေပြည်တော်မှာ Quarantine ဝင်ရဖို့အတွက် သတ်မှတ် ပြဌာန်းထားတာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အလုပ်ကိစ္စလာရင် ၃ ရက် Quarantine ဝင်ရဖို့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနေ့မှာ ကျနော်တို ရန်ကုန်ကနေ နေပြည်တော်ကို ရောက်လာစကတော့ ဒီတပ်မတော်သတင်းစာ ပြန်ကြားရေးအဖွဲ့ကိုယ်တိုင်ကနေပြီးတော့ ရန်ကုန်မှာရှိနေတဲ့ နိုင်ငံခြားသတင်းထောက်များအသင်းကို လိပ်မူပြီးတော့ ရန်ကုန်အခြေဆိုက် နိုင်ငံခြားသတင်းထောက်တွေကို ဖိတ်ကြားပါတယ်။ ဖိတ်ကြားတဲ့အခါမှာလည်း သူက နေ့ချင်းပြန်ခရီးစီစဉ်ပေးပါမယ်။ မသွားခင်မှာလည်း ရန်ကုန်မှာ ကျနော်တို့ကို ကိုဗစ်ရှိ၊ မရှိစစ်ဆေးပေးပြီးတော့ ကိုဗစ်ကင်းရှင်းတယ်ဆိုမှသာ ကျနော်တို့ကို နေပြည်တော်ကို လေယာဉ်ပျံနဲ့ နေ့ချင်းပြန်စီစဉ်ပေးမယ်ဆိုပြီးတော့ ဖိတ်ကြားပါတယ်။ အဲဒါနဲ့ ကျနော်တို့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် အတော်များများနဲ့ ဒီ ပြည်တွင်းသတင်းမီဒီယာတချို့လည်းပါပါတယ် ခင်ဗျ။ လူ ၃၀ လောက်ပေါ့နော်။ လူ ၃၀ လောက် ရန်ကုန်ကနေပြီးတော့ တပ်မတော်လေယာဉ်နဲ့ပဲ ကျနော်တို့ကို ခေါ်လာတယ်။ မခေါ်ခင်မှာ ကိုဗစ်စစ်ပေးပါတယ်။ စစ်ပေးပြီးတော့ လေယာဉ်ပျံနဲ့ ခေါ်လာတယ်။ ပြီးတော့ ညနေမှာပဲ ကျနော်တို့ကို ပြန်ပြီးတော့ ရန်ကုန်ကို ပြန်ပို့ပါတယ် ခင်ဗျ။ အစအဆုံး စီစဉ်ပေးမှုနဲ့ ကမ်းလှမ်းတဲ့အတွက် ကျနော်တို့ အဲဒီကို ရောက်ခဲ့တာပါခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့... ကိုစည်သူရေ။ ကိုစည်သူတို့လည်း မကြာခင် ရန်ကုန်ကို ပြန်ရတော့မယ်ဆိုတော့ ကျေးဇူးပါ။ အခုလို ဖြေကြားပေးတာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG