~~~
[Unicode]
မဲရလဒ်အငြင်းပွားတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်းမှာ မဲ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကနေ နေပြည်တော်မှာ အထူးသတင်းစာရှင်းလင်းပွဲတရပ်ကို ဒီနေ့ပြုလုပ်ပါတယ်။ မဲမသမာမှုဖြစ်နိုင်ချေရှိတဲ့ မဲစာရင်း စုစုပေါင်း ၈,၅၀၀,၀၀၀ ကျော် ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။