သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ဒုတိယ သက္တမ္း ဆက္လက္တာဝန္ထမ္းေဆာင္ဖို႔ ဆႏၵ႐ွိ


ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)
ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres အေနနဲ႔ ဒုတိယ သက္တမ္း တာဝန္ထမ္းေဆာင္ဖို႔ လိုလားေၾကာင္း ကုလ သမဂၢအေထြေထြ ညီလာခံနဲ႔ လုံျခဳံေရးေကာင္စီကို အသိေပးခဲ့တယ္လို႔ အတြင္းေရးမႉးခ်ဳပ္ရဲ့ ေျပာခြင့္ရက ေျပာပါတယ္။

အဖြဲ႕ဝင္ နိုင္ငံေတြက ဆႏၵ ရွိတယ္ဆိုရင္ သူ႔အေနနဲ႔ ဒုတိယ သက္တမ္း ဆက္လက္ထမ္းေဆာင္ဖို႔အတြက္ အဆင္သင့္ရွိေနတာကို အတြင္းေရးမႉးခ်ဳပ္က အေထြေထြ ညီလာခံနဲ႔ လုံျခဳံေရးေကာင္စီထံကို အေၾကာင္းၾကားလိုက္ၿပီ ျဖစ္ေၾကာင္း အတြင္းေရးမႉးခ်ဳပ္ ရဲ့ ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ့ ဒုတိယသက္တမ္းက ၂၀၂၂ ခုကေန ၂၀၂၆ ခုႏွစ္အထိ ျဖစ္မယ္လို႔လည္းသူကေျပာပါတယ္။

အသက္ ၇၁ႏွစ္ရွိၿပီျဖစ္တဲ့ အတြင္းေရးမႉးခ်ဳပ္ Guterres က သူဆက္လက္ တာဝန္ထမ္းေဆာင္ဖို႔ လိုလားေၾကာင္းကို ကုလသမဂၢ လုံျခဳံေရးေကာင္စီ အျမဲတမ္းအဖြဲ႕ဝင္ နိုင္ငံေတြကို ေသာၾကာေန႔တုန္းက အသိေပးလိုက္တာ ျဖစ္ပါတယ္။

အေမရိကန္၊ တ႐ုတ္၊ ႐ုရွား၊ ၿဗိတိန္နဲ႔ ျပင္သစ္နိုင္ငံက ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံစဥ္မွာ အတြင္းေရးမႉးခ်ဳပ္က ကမၻာႀကီး ရင္ဆိုင္ ၾကဳံေတြ႕ေနရတဲ့ အႏၲရာယ္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ သံတမန္တစ္ဦးက AFP သတင္းကို ေျပာပါတယ္။

လူသားေတြနဲ႔ သဘာဝ တရားႀကီးအၾကား ျပန္ၿပီး ရင္ၾကားေစ့ဖို႔နဲ႔ နိုင္ငံ တကာပူးေပါင္း ေဆာင္ရြက္ေရး အေရးပါမႈေတြကို သူက အေလးထား ေျပာၾကားခဲ့တယ္လို႔လည္း ဆိုပါတယ္။

ကုလ အတြင္းေရးမႉးခ်ဳပ္ အခုလို ဒုတိယ သက္တမ္း ထပ္မံ ထမ္းေဆာင္မယ့္ကိစၥအေပၚ လုံျခဳံေရးေကာင္စီ အျမဲတမ္း အဖြဲ႕ဝင္ နိုင္ငံေတြ ဆီကေန ဆန္႔က်င္စကား အခုအခ်ိန္အထိ ၾကားရျခင္း မရွိဘူးလို႔လည္း သံတမန္ေတြက ေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ေတြက ပုံမွန္အားျဖင့္ သတ္တမ္း ႏွစ္ခါ ထမ္းေဆာင္ေလ့ရွိေပမယ့္ နိုဝင္ဘာလ အေမရိကန္ သမၼတ ေရြးေကာက္ပြဲ မတိုင္ခင္အထိေတာ့ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ျပန္အေရြးခံရရင္ အတြင္းေရးမႉးခ်ဳပ္ Guterres အေနနဲ႔ ဒုတိ ယ သက္တမ္းတာဝန္ ထမ္းေဆာင္ဖို႔ အစီအစဥ္ မရွိခဲ့ေၾကာင္း ကုသ သံတမန္ေတြက AFP သတင္းကို ေျပာပါတယ္။ သမၼတ ထရမ့္က နိုင္ငံေပါင္းစုံ ဆက္ဆံေရးကို ျပစ္တင္ ေဝဖန္ေလ့ရွိသလို ကမၻာ့ က်န္းမာေရး အဖြဲ႕လို အဖြဲ႕ေတြကိုလည္း တိုက္ခိုက္ ေျပာဆိုေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဒုတိယ သက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိ

(Unicode)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ ဒုတိယ သက်တမ်း တာဝန်ထမ်းဆောင်ဖို့ လိုလားကြောင်း ကုလ သမဂ္ဂအထွေထွေ ညီလာခံနဲ့ လုံခြုံရေးကောင်စီကို အသိပေးခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

အဖွဲ့ဝင် နိုင်ငံတွေက ဆန္ဒ ရှိတယ်ဆိုရင် သူ့အနေနဲ့ ဒုတိယ သက်တမ်း ဆက်လက်ထမ်းဆောင်ဖို့အတွက် အဆင်သင့်ရှိနေတာကို အတွင်းရေးမှူးချုပ်က အထွေထွေ ညီလာခံနဲ့ လုံခြုံရေးကောင်စီထံကို အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယသက်တမ်းက ၂၀၂၂ ခုကနေ ၂၀၂၆ ခုနှစ်အထိ ဖြစ်မယ်လို့လည်းသူကပြောပါတယ်။

အသက် ၇၁နှစ်ရှိပြီဖြစ်တဲ့ အတွင်းရေးမှူးချုပ် Guterres က သူဆက်လက် တာဝန်ထမ်းဆောင်ဖို့ လိုလားကြောင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေကို သောကြာနေ့တုန်းက အသိပေးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ အတွင်းရေးမှူးချုပ်က ကမ္ဘာကြီး ရင်ဆိုင် ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သံတမန်တစ်ဦးက AFP သတင်းကို ပြောပါတယ်။

လူသားတွေနဲ့ သဘာဝ တရားကြီးအကြား ပြန်ပြီး ရင်ကြားစေ့ဖို့နဲ့ နိုင်ငံ တကာပူးပေါင်း ဆောင်ရွက်ရေး အရေးပါမှုတွေကို သူက အလေးထား ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ကုလ အတွင်းရေးမှူးချုပ် အခုလို ဒုတိယ သက်တမ်း ထပ်မံ ထမ်းဆောင်မယ့်ကိစ္စအပေါ် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ ဆီကနေ ဆန့်ကျင်စကား အခုအချိန်အထိ ကြားရခြင်း မရှိဘူးလို့လည်း သံတမန်တွေက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တွေက ပုံမှန်အားဖြင့် သတ်တမ်း နှစ်ခါ ထမ်းဆောင်လေ့ရှိပေမယ့် နိုဝင်ဘာလ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်အထိတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပြန်အရွေးခံရရင် အတွင်းရေးမှူးချုပ် Guterres အနေနဲ့ ဒုတိ ယ သက်တမ်းတာဝန် ထမ်းဆောင်ဖို့ အစီအစဉ် မရှိခဲ့ကြောင်း ကုသ သံတမန်တွေက AFP သတင်းကို ပြောပါတယ်။ သမ္မတ ထရမ့်က နိုင်ငံပေါင်းစုံ ဆက်ဆံရေးကို ပြစ်တင် ဝေဖန်လေ့ရှိသလို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့လို အဖွဲ့တွေကိုလည်း တိုက်ခိုက် ပြောဆိုလေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG