သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ ကိုဗစ္ကန္႔သတ္တားဆီးမႈ ပိုမိုတင္းက်ပ္မည္


(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံမွာ ဆိုးရြားေနတဲ့ COVID-19 ကပ္ေရာဂါအေျခအေနကို ထိန္းခ်ဳပ္ႏိုင္ဖို႔ျပင္းထန္ တင္းက်ပ္တဲ့ နယ္စပ္ကန္႔သတ္ခ်က္ေတြကို ျပဌာန္းဖို႔ရွိေနေၾကာင္း ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ Boris Johnson က ဗုဒၶဟူးေန႔ က ေၾကညာခဲ့ပါတယ္။

တင္းက်ပ္မယ့္ ကန္႔သတ္ခ်က္ေတြထဲမွာအႏၱရာယ္ျမင့္မားတဲ့ ႏိုင္ငံေတြက ျပန္လာလာတဲ့ ၿဗိတိန္ႏိုင္ငံသားတိုင္း ၁၀ ရက္ၾကာ ဟိုတယ္ေတြမွာ quarantine မျဖစ္မေန၀င္ရမယ့္ အခ်က္လည္း ပါ၀င္ပါတယ္။

အႏၱရာယ္ျမင့္မားတယ္လို႔ သတ္မွတ္ထားတဲ့ ႏိုင္ငံေပါင္း ၃၀ ရွိေနၿပီး အဲဒီကေန ျပန္လာတဲ့ ၿဗိတိန္ႏိုင္ငံသားေတြ၊အၿမဲတမ္း ေနထိုင္ခြင့္ရေနသူေတြအေနနဲ႔ အစိုးရက ေထာက္ပံ့မႈေပးထားမယ့္ ဟိုတယ္မ်ဳိးေတြမွာ ၁၀ ရက္ၾကာ မျဖစ္မေန သီးသန္႔ ခဲြၿပီး quarantine ၀င္ရမွာ ျဖစ္တယ္လို႔ပါလီမန္ကို ေျပာၾကားတဲ့သူ႕ မိန္႔ခြန္းထဲမွာ ၀န္ႀကီးခ်ဳပ္ ဂြ်န္ဆင္က ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

ဒါအျပင္ ၿဗိတိန္ႏိုင္ငံထဲ ဗိုင္းရပ္စ္အသစ္ ေရာက္ရွိ ကူးစက္ျပန္႔ႏွံ႔ေနတဲ့အႏၱရာယ္ကို ကာကြယ္ေဆးထိုးၿပီး တားဆီးႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

အဂၤါေန႔ကေတာ့ ၿဗိတိန္ႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆံုးသူေပါင္း ၁၀၀,၀၀၀ ေက်ာ္ထိ ေရာက္ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......

ဗြိတိန် ကိုဗစ်ကန့်သတ်တားဆီးမှု ပိုမိုတင်းကျပ်မည်

(Unicode)

ဗြိတိန်နိုင်ငံမှာ ဆိုးရွားနေတဲ့ COVID-19 ကပ်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ဖို့ပြင်းထန် တင်းကျပ်တဲ့ နယ်စပ်ကန့်သတ်ချက်တွေကို ပြဌာန်းဖို့ရှိနေကြောင်း ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ဗုဒ္ဓဟူးနေ့ က ကြေညာခဲ့ပါတယ်။

တင်းကျပ်မယ့် ကန့်သတ်ချက်တွေထဲမှာအန္တရာယ်မြင့်မားတဲ့ နိုင်ငံတွေက ပြန်လာလာတဲ့ ဗြိတိန်နိုင်ငံသားတိုင်း ၁၀ ရက်ကြာ ဟိုတယ်တွေမှာ quarantine မဖြစ်မနေဝင်ရမယ့် အချက်လည်း ပါဝင်ပါတယ်။

အန္တရာယ်မြင့်မားတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း ၃၀ ရှိနေပြီး အဲဒီကနေ ပြန်လာတဲ့ ဗြိတိန်နိုင်ငံသားတွေ၊အမြဲတမ်း နေထိုင်ခွင့်ရနေသူတွေအနေနဲ့ အစိုးရက ထောက်ပံ့မှုပေးထားမယ့် ဟိုတယ်မျိုးတွေမှာ ၁၀ ရက်ကြာ မဖြစ်မနေ သီးသန့် ခွဲပြီး quarantine ဝင်ရမှာ ဖြစ်တယ်လို့ပါလီမန်ကို ပြောကြားတဲ့သူ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါအပြင် ဗြိတိန်နိုင်ငံထဲ ဗိုင်းရပ်စ်အသစ် ရောက်ရှိ ကူးစက်ပြန့်နှံ့နေတဲ့အန္တရာယ်ကို ကာကွယ်ဆေးထိုးပြီး တားဆီးနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၀၀,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG