သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္တႏိုင္ငံလံုး ေဆာင္းဦးေပါက္ ေနာက္ဆံုး ကာကြယ္ေဆးထိုးမည္


Pfizer ကာကြယ္ေဆးတခ်ိဳ႕။ (ဇန္နဝါရီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္လူဦးေရ သန္း ၃၀၀ လံုးကို ေနာက္ႏွစ္ ေဆာင္းဦးေပါက္ရာသီအစပိုင္း ေနာက္ဆံုးထားၿပီး COVID-19 ကာကြယ္ေဆး ထိုးေပးဖို႔အတြက္ ကာကြယ္ေဆးအလံုးေရ သန္း ၂၀၀ ထပ္မွာထားတယ္လုိ႔ သမၼတ ဂ်ဳိး ဘိုင္ဒန္က အဂၤါေန႔မွာေျပာပါတယ္။

Pfizer-BioNTech ကုမၸဏီေတြရဲ႕ကာကြယ္ေဆး သန္း ၁၀၀ နဲ႔ Moderna ကုမၸဏီရဲ႕ကာကြယ္ေဆး သန္း ၁၀၀ ကို ထပ္ဝယ္ထားတာပါ။ လာမယ့္ ေႏြရာသီအကုန္ ဒါမွမဟုတ္ ေဆာင္းဦးရာသီအစပိုင္းမွာ အဲဒီေဆးေတြေရာက္လာမယ္လုိ႔ သမၼတဘိုင္ဒန္ကေျပာပါတယ္။ အခုေနာက္ဆံုးမွာထားတဲ့ ကာကြယ္ေဆး အေရအတြက္နဲ႔ဆိုရင္ အေမရိကန္ကဝယ္ထားတဲ့ ကာကြယ္ေဆးအလံုးေရ သန္း ၆၀၀ ရွိသြားမွာျဖစ္ပါတယ္။

"လက္ထဲမေရာက္ေသးပါဘူး၊ မွာထားပါၿပီ။ အဲဒီ ေနာက္ထပ္ ကာကြယ္ေဆး သန္း ၂၀၀ ဒီႏွစ္ေႏြရာသီမွာ ေရာက္လာဖို႔ က်ေနာ္တုိ႔ ေမ ွ်ာ္လင့္ထားပါတယ္။ ဒီေဆးအေရအတြက္က အေမရိကန္ သန္း ၃၀၀ လံုးကို ကာကြယ္ေဆး အျပည့္အဝထုိးေပးဖို႔ လံုေလာက္ပါတယ္။" လို႔ သမၼတဘိုင္ဒန္ကေျပာပါတယ္။

ဒါ့အျပင္ ျပည္နယ္အသီးသီးမွာ ကာကြယ္ေဆးထိုးလုပ္ငန္း အရွိန္ျမွင့္ဖို႔အတြက္ ရွိထားၿပီးသား ကာကြယ္ေဆးေတြကို လာမယ့္သီတင္းသံုးပတ္အတြင္း တိုးျမွင့္ ပို႔ေဆာင္ေပးသြားမယ္လုိ႔လည္း ဘိုင္ဒန္အစိုးရက ေၾကညာပါတယ္။ လက္ရွိမွာ သီတင္းတပတ္ကို ေဆးလံုးေရ ၈.၆ သန္း ပို႔ေနတာကေန ေနာက္သီတင္းပတ္ကစၿပီး ၁၀.၁ သန္းထိ တိုးၿပီးပို႔သြားမယ္လို႔ သမၼတဘိုင္ဒန္ကေျပာပါတယ္။

ျပည္နယ္အသီးသီးမွာ ကာကြယ္ေဆးထိုးလုပ္ငန္းကို ပိုၿပီး တိတိက်က် ျပင္ဆင္ႏုိင္ေစဖို႔အတြက္ သက္ဆိုင္ရာျပည္နယ္အသီးသီးအတြက္ လ်ာထားတဲ့ ကာကြယ္ေဆးအေရအတြက္ အတိအက်ကို မပို႔ခင္ သီတင္းသံုးပတ္ ႀကိဳၿပီး အေၾကာင္းၾကားမယ္လုိ႔လည္း သမၼတဘိုင္ဒန္က ကတိေပးပါတယ္။

Johns Hopkins တကၠသိုလ္ရဲ႕ အဂၤါေန႔အခ်က္အလက္ေတြအရ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေရာဂါကူးစက္သူ ၂၅ သန္းခြဲနီးပါးရွိၿပီျဖစ္ၿပီး ေသဆံုးသူက ၄,၀၂၅,၀၀၀ နီးပါးရွိၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်တနိုင်ငံလုံး ဆောင်းဦးပေါက် နောက်ဆုံး ကာကွယ်ဆေးထိုးမည်

အမေရိကန်လူဦးရေ သန်း ၃၀၀ လုံးကို နောက်နှစ် ဆောင်းဦးပေါက်ရာသီအစပိုင်း နောက်ဆုံးထားပြီး COVID-19 ကာကွယ်ဆေး ထိုးပေးဖို့အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀ ထပ်မှာထားတယ်လို့ သမ္မတ ဂျိုး ဘိုင်ဒန်က အင်္ဂါနေ့မှာပြောပါတယ်။

Pfizer-BioNTech ကုမ္ပဏီတွေရဲ့ကာကွယ်ဆေး သန်း ၁၀၀ နဲ့ Moderna ကုမ္ပဏီရဲ့ကာကွယ်ဆေး သန်း ၁၀၀ ကို ထပ်ဝယ်ထားတာပါ။ လာမယ့် နွေရာသီအကုန် ဒါမှမဟုတ် ဆောင်းဦးရာသီအစပိုင်းမှာ အဲဒီဆေးတွေရောက်လာမယ်လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။ အခုနောက်ဆုံးမှာထားတဲ့ ကာကွယ်ဆေး အရေအတွက်နဲ့ဆိုရင် အမေရိကန်ကဝယ်ထားတဲ့ ကာကွယ်ဆေးအလုံးရေ သန်း ၆၀၀ ရှိသွားမှာဖြစ်ပါတယ်။

"လက်ထဲမရောက်သေးပါဘူး၊ မှာထားပါပြီ။ အဲဒီ နောက်ထပ် ကာကွယ်ဆေး သန်း ၂၀၀ ဒီနှစ်နွေရာသီမှာ ရောက်လာဖို့ ကျနော်တို့ မေ ျှာ်လင့်ထားပါတယ်။ ဒီဆေးအရေအတွက်က အမေရိကန် သန်း ၃၀၀ လုံးကို ကာကွယ်ဆေး အပြည့်အဝထိုးပေးဖို့ လုံလောက်ပါတယ်။" လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။

ဒါ့အပြင် ပြည်နယ်အသီးသီးမှာ ကာကွယ်ဆေးထိုးလုပ်ငန်း အရှိန်မြှင့်ဖို့အတွက် ရှိထားပြီးသား ကာကွယ်ဆေးတွေကို လာမယ့်သီတင်းသုံးပတ်အတွင်း တိုးမြှင့် ပို့ဆောင်ပေးသွားမယ်လို့လည်း ဘိုင်ဒန်အစိုးရက ကြေညာပါတယ်။ လက်ရှိမှာ သီတင်းတပတ်ကို ဆေးလုံးရေ ၈.၆ သန်း ပို့နေတာကနေ နောက်သီတင်းပတ်ကစပြီး ၁၀.၁ သန်းထိ တိုးပြီးပို့သွားမယ်လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။

ပြည်နယ်အသီးသီးမှာ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုပြီး တိတိကျကျ ပြင်ဆင်နိုင်စေဖို့အတွက် သက်ဆိုင်ရာပြည်နယ်အသီးသီးအတွက် လျာထားတဲ့ ကာကွယ်ဆေးအရေအတွက် အတိအကျကို မပို့ခင် သီတင်းသုံးပတ် ကြိုပြီး အကြောင်းကြားမယ်လို့လည်း သမ္မတဘိုင်ဒန်က ကတိပေးပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ အင်္ဂါနေ့အချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါကူးစက်သူ ၂၅ သန်းခွဲနီးပါးရှိပြီဖြစ်ပြီး သေဆုံးသူက ၄,၀၂၅,၀၀၀ နီးပါးရှိပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG