သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden ရဲ႕ အေမရိကန္ ကယ္ဆယ္ေရး အစီအစဥ္


(Zawgyi/Unicode)

COVID -19 ကပ္ေဘး ကာလ အတြင္း ရုန္းကန္ေနရတဲ႔ အေမရိကန္ ျပည္သူေတြကို ေထာက္ပံ႔ ကူညီေရး၊ အနည္းဆံုး လုပ္ခ လစာ တိုးျမွင့္ေရး အတြက္ သမၼတ Joe Biden က တာ၀န္ယူၿပီးေနာက္ ၃ရက္ အတြင္းမွာဘဲ အမိန္႔ညႊန္ၾကားခ်က္ေတြ လက္မွတ္ေရးထုိးလိုက္ပါတယ္။ ေဒၚလာ သန္းေပါင္း ၁ သန္း ၉ သိန္း သံုးမယ့္ အေမရိကန္ ကယ္ဆယ္ေရး အစီအစဥ္ American Rescue Plan ကို လႊတ္ေတာ္ဘက္က အျမန္ေဆာင္ရြက္ေပးဖို႔ သမၼတသစ္ Joe Biden က တိုက္တြန္းလုိက္ပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ စုစည္းတင္ျပေပးမွာပါ။


ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ ထိခုိက္ သက္ေရာက္ရတဲ႔ မိသားစုေတြ အတြက္ ေငြေၾကးနဲ႔ စားနပ္ရိကၡာ ပံ႔ပိုးေပးေရးနဲ႔ ျပည္ေထာင္စု အစိုးရ ၀န္ထမ္းေတြကို ပံ႔ပိုးေပးဖို႔ ရည္ရြယ္တဲ႔ သမၼတရဲ႕ အမိန္႔ညႊန္ၾကားခ်က္ေတြကို ၿပီးခဲ႔တဲ႔ ေသာၾကာေန႔မွာ သမၼတ Joe Biden လက္မွတ္ေရးထိုးခဲ႔ပါတယ္။

" အစိုးရ အဖြဲ႔ တခုလံုး အတြက္ သမၼတရဲ႕ အမိန္႔ညႊန္ၾကားခ်က္ကို လက္မွတ္ထိုးပါတယ္။ ဆုိးဆိုးရြားရြား ထိခုိက္နစ္နာေနရတဲ႔ သန္းနဲ႔ခ်ီတဲ႔ အေမရိကန္ ျပည္သူေတြကို အကူအညီေပးေရး အစုိးရ အဖြဲ႔တခုလံုးက ေဆာင္ရြက္ဖို႔၊ မိသားစုေတြ၊ စီးပြားေရး လုပ္ငန္းငယ္ေတြနဲ႔ လူမႈအသိုင္းအ၀ိုင္းေတြကို အကူအညီေပးႏုိင္ေရး အစိုးရ ဌာန အားလံုးက တတ္စြမ္းသမွ် ေဆာင္ရြက္ဖို႔ ျဖစ္ပါတယ္။ အစိုးရ ဌာနေတြက လာမယ့္ ရက္ပိုင္းအတြင္း ေဆာင္ရြက္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ "

သမၼတ Biden လက္မွတ္ေရးထိုးခဲ႔တဲ႔ ညႊန္ၾကားခ်က္ေတြဟာဆိုရင္ စားနပ္ရိကၡာ ေထာက္ပံ႔မႈေတြ တိုးျမွင့္ႏုိင္မွာ ျဖစ္သလို အလုပ္ရွာေနၾကသူေတြ အတြက္ အလုပ္လက္မဲ႔ ခံစားခြင့္ အာမခံခ်က္၊ ေနာက္ ျပည္ေထာင္စု အစိုးရ ၀န္ထမ္းေတြနဲ႔ ကန္ထရိုက္တာေတြ အတြက္ အနည္းဆံုး လုပ္ခ လစာကို တနာရီ ၁၅ ေဒၚလာ ရေစမယ့္ ေဆာင္ရြက္ခ်က္ေတြ ျဖစ္ပါတယ္။

"က်ေနာ္တို႔ရဲ႕ ကယ္ဆယ္ေရး အစီအစဥ္မွာ အနည္းဆံုး လုပ္ခ လစာကို အနည္းဆံုး တနာရီ ၁၅ ေဒၚလာထိ တိုးေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။ သီတင္းတပတ္ကို နာရီ ၄၀ အလုပ္လုပ္ၿပီး ဆင္းရဲမြဲေတမႈ သတ္မွတ္ခ်က္ေအာက္ ေရာက္ေနတဲ႔သူမ်ိဳး အေမရိကမွာ မရွိသင့္ပါဘူး။ တနာရီ ၁၅ ေဒၚလာ ရရင္ ဆင္းရဲမြဲေတမႈ သတ္မွတ္ခ်က္ကို ေက်ာ္လြန္ႏုိင္ပါတယ္။"

အေမရိကန္ ျပည္သူေတြကို ကူညီေပးႏုိင္တဲ႔ နည္းလမ္းေတြ ရွိၿပီး အဲဒါေတြကို အခုခ်က္ခ်င္း ေဆာင္ရြက္ဖို႔ လိုတယ္လို႔လည္း ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က သမၼတရဲ႕ အမိန္႔ညႊန္ၾကားခ်က္ေတြကို လက္မွတ္ မထိုးခင္မွာဘဲ သမၼတ Biden က တိုက္တြန္းပါတယ္။

" ဒီအေျခအေနကို ေက်ာ္လႊားႏုိင္မယ့္ နည္းလမ္းေတြ ရွိပါတယ္။ ဒီဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏုိင္ၿပီး က်ေနာ္တို႔ရဲ႕ စီးပြားေရး ပံုမွန္ ျပန္ျဖစ္လာေရး အတြက္ က်ေနာ္တို႔မွာ နည္းလမ္းေတြ ရွိပါတယ္။ လူေတြကို ကူညီႏုိင္မယ့္ နည္းလမ္းေတြရွိပါတယ္။ ဒီနည္းလမ္းေပါင္းစံုကို အသံုးျပဳၾကမယ္။ အခုဘဲ သံုးၾကပါ။ "

အမ်ိဳးသား စီးပြားေရး ေကာင္စီရဲ႕ ညႊန္ၾကားေရးမွဴး Brian Deese ကလည္း အေမရိကန္ရဲ႕ စီးပြားေရးက သိပ္ၿပီး မေရရာတဲ႔ အေနအထား တခုကို ေရာက္ေနတယ္လို႔ ေသာၾကာေန႔က အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ႔တာပါ။


အခုအခါမွာ ကိုင္တြယ္ ေဆာင္ရြက္ဖို႔ မလုပ္ဘူးဆိုရင္ ပိုၿပီး ဆိုးရြားသြားေစႏုိင္တယ္လို႔ အမ်ိဳးသား စီပြားေရးေကာင္စီ ညႊန္ၾကားေရးမွဴးက ေျပာဆိုခဲ႔တာပါ။ ေက်ာင္းေတြက ေကြ်းတဲ႔ ေန႔လည္စာကို အဓိက အားထားေနရတဲ႔ ကေလးငယ္ေတြ ရွိရာ မိသားစုေတြကို အေမရိကန္ စိုက္ပ်ိဳးေရး ၀န္ႀကီးဌာနကေန ခံစားခြင့္ ပိုၿပီး တိုးေပးဖို႔လည္း သမၼတ Biden ရဲ႕ ညႊန္ၾကားခ်က္မွာ ပါရွိပါတယ္။ ကပ္ေဘးေၾကာင့္ ဒီကေလး အမ်ားစုက ေက်ာင္းမတက္ႏုိင္ဘဲ အြန္လုိင္းကေန စာသင္ေနၾကရတာပါ။

အခု သမၼတရဲ႕ ညႊန္ၾကားခ်က္ အရ ႏုိင္ငံတြင္းက လူေပါင္း ၁၂ သန္း အတြက္ စိုက္ပ်ိဳးေရး ၀န္ႀကီးဌာနရဲ႕ ျဖည့္စြက္အဟာရ ေထာက္ပံ႔မႈ အစီအစဥ္ကို ၁၅ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းထိ တိုးျမွင့္ရမွာ ျဖစ္ေၾကာင္း အမ်ိဳးသား စီးပြားေရး ေကာင္စီ ညႊန္ၾကားေရးမွဴးက ေျပာပါတယ္။ ဒီအေျပာင္းအလဲေၾကာင့္ ကေလး သံုးေယာက္ ရွိတဲ႔ မိသားစု တစု အတြက္ ၂ လတိုင္းမွာ ေဒၚလာ ၁၀၀ ပိုၿပီး ခံစားခြင့္ရမွာ ျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘးရဲ႕ ရိုက္ခတ္မႈေၾကာင့္ အခက္ေတြ႔ရတဲ႔ အေမရိကန္ေတြကို ကူညီႏုိင္ေရး ေဒၚလာ ၁ ဒသမ ၉ ထရီလီယံ သံုးမယ့္ အစီအစဥ္ကို သမၼတ Biden က လႊတ္ေတာ္ကို အဆိုျပဳထားတာပါ။

"American rescue plan အေမရိကန္ ကယ္ဆယ္ေရး အစီအစဥ္မွာ လိုအပ္ခ်က္ေတြ ရွိေနတဲ႔ အေမရိကန္ အမ်ားစု အတြက္ စီးပြားေရး ပံ႔ပိုးမႈလည္း ပါ၀င္ပါတယ္။ လူတဦးကို စုစုေပါင္း ေဒၚလာ ၂၀၀၀ ရရွိေရး လုပ္ငန္းကို အၿပီးသတ္ ေဆာင္ရြက္ပါမယ္။ အိမ္ငွားခ ေပးဖို႔နဲ႔ စားေရးေသာက္ေရး အတြက္ ေရြးခ်ယ္ေနရေသးတယ္ဆိုရင္ေတာ့ အတည္ျပဳခဲ႔ၿပီး ျဖစ္တဲ႔ ေဒၚလာ ၆၀၀ ဆိုတာက မေလာက္ငဘူးဆိုတာ ရွင္းပါတယ္။ "

ဒါေပမယ့္လည္း လႊတ္ေတာ္ဘက္က အတည္ျပဳပါ့မလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။ ၿပီးခဲ႔တဲ႔ ဒီဇင္ဘာလတုန္းက ေဒၚလာ ၉၀၀ ဘီလ်ံ ကူညီေရး ဥပေဒၾကမ္း ကို လႊတ္ေတာ္ဘက္က အတည္ျပဳခဲ႔တာေၾကာင့္ ေငြေၾကး ပိုၿပီး သံုးမယ့္ ေနာက္ထပ္ ကယ္ဆယ္ေရး ဥပေဒၾကမ္း တခု ထပ္ၿပီး လိုအပ္ရဲ႕လားဆိုတဲ႔ အေပၚမွာ ရီပတ္ပလီကန္ လႊတ္ေတာ္ အမတ္တခ်ိဳ႕က ေမးခြန္းထုတ္ေနတာ ျဖစ္ပါတယ္။

" ၿပီးခဲ႔တဲ႔ ႏွစ္ အတြင္း ၿမိဳ႕ႀကီးေတြ ၿမိဳ႕ငယ္ေတြမွာ ဆရာ ဆရာမ ၆ သိန္းေက်ာ္ အလုပ္အကိုင္ ဆံုးရံႈးခဲ႔ရပါတယ္။ အေရးႀကီးတဲ႔ ၀န္ေဆာင္မႈေတြနဲ႔ မရွိမျဖစ္ လုပ္သားေတြ ဆက္လက္ အလုပ္လုပ္ႏုိင္ဖို႔ အတြက္ အေမရိကန္ ကယ္ဆယ္ေရး အစီအစဥ္က အေရးေပၚ ရန္ပံုေငြ ခ်ထားေပးမွာပါ။ " သမၼတ Biden ေျပာဆိုခဲ႔တာပါ။

အေမရိကန္မွာ အလုပ္လက္မဲ႔ ခံစားခြင့္ ေလွ်ာက္ထားမႈက ဇန္န၀ါရီလ ဒုတိယပတ္ အတြင္း ၉ သိန္းရွိခဲ႔ေၾကာင္း အလုပ္သမား ၀န္ႀကီးဌာန စာရင္းေတြက ေဖာ္ျပပါတယ္။ တကယ္လို႔ သမၼတ Biden အဆိုျပဳထားတဲ႔ ေဒၚလာ ၁ ဒသမ ၉ ထရီလီယံ ကူညီပံ႔ပိုးေရး အစီအစဥ္ကို လႊတ္ေတာ္က အတည္ျပဳေပးရင္ေတာ့ အလုပ္လက္မဲ႔ ခံစားခြင့္ တိုးေပးႏုိင္မွာပါ။

" ျပသနာက ပိုၿပီး နက္ရိႈင္းလာေနပါတယ္။ ပိုေကာင္းလာတာ မဟုတ္ဘဲ ပိုဆိုးလာတာပါ။ မေန႔က သိရတာဆိုရင္ အလုပ္လက္မဲ႔ ေလွ်ာက္ထားတဲ႔ အေမရိကန္ ၉ သိန္း ပိုမ်ားလာပါတယ္။ အလုပ္အကိုင္နဲ႔ လစာ ရရွိမႈကေန ရတဲ႔ ဂုဏ္သိကၡာနဲ႔ ေလးစားမႈကို သူတို႔ အမွားမဟုတ္ဘဲ ဆံုးရံႈးရတဲ႔ သန္းနဲ႔ခ်ီတဲ႔ အေမရိကန္ ေတြထဲမွာ ထပ္တိုးလာတာပါ။ "

အထက္နဲ႔ ေအာက္ လႊတ္ေတာ္ ႏွစ္ရပ္စလံုးမွာ ဒီမိုကရက္ေတြဘက္က အနည္းငယ္စီ အသာစီး ရထားတာေၾကာင့္ ဒီမိုကရက္ အမတ္ေတြက တညီတညြတ္တည္း ေထာက္ခံရင္ ဒါမွမဟုတ္လည္း ရီပတ္ပလီကန္ အမတ္ တခ်ိဳ႕ဘက္က ေထာက္ခံလာေအာင္ သမၼတ Biden ဘက္က စည္းရံုးႏုိင္မယ္ဆိုရင္ေတာ့ အခု အဆိုျပဳထားတဲ႔ အစီအစဥ္ကို အတည္ျပဳေရး လြယ္ကူႏုိင္ေျခ ရွိပါတယ္။ ဒါေပမယ့္လို႔လည္း သမၼတေဟာင္း Donald Trump အစိုးရ လက္ထက္မွာ ေဒၚလာ ၉၀၀ ဘီလ်ံ ေထာက္ပံ႔ေရး အစီအစဥ္ သေဘာတူညီခ်က္ ရေရး အတြက္ လႊတ္ေတာ္နဲ႔ အစိုးရၾကား လနဲ႔ခ်ီ ညွိႏိႈင္းခဲ႔ၾကရတာေၾကာင့္ အစိုးရရဲ႕ အသံုးစာရိတ္ဆိုင္ရာ ေနာက္ထပ္ ဥပေဒၾကမ္းေတြကလည္း အႀကိတ္အနယ္ ညွိႏိႈင္းရမယ့္ သေဘာ ရွိေနပါတယ္။

သမၼတ Biden ရဲ႕ အေမရိကန္ ကယ္ဆယ္ေရး အစီအစဥ္
please wait

No media source currently available

0:00 0:07:11 0:00
တိုက္႐ိုက္ လင့္ခ္


(Unicode)

သမ္မတ Biden ရဲ့ အမေရိကန် ကယ်ဆယ်ရေး အစီအစဉ်


COVID -19 ကပ်ဘေး ကာလ အတွင်း ရုန်းကန်နေရတဲ့ အမေရိကန် ပြည်သူတွေကို ထောက်ပံ့ ကူညီရေး၊ အနည်းဆုံး လုပ်ခ လစာ တိုးမြှင့်ရေး အတွက် သမ္မတ Joe Biden က တာဝန်ယူပြီးနောက် ၃ရက် အတွင်းမှာဘဲ အမိန့်ညွှန်ကြားချက်တွေ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒေါ်လာ သန်းပေါင်း ၁ သန်း ၉ သိန်း သုံးမယ့် အမေရိကန် ကယ်ဆယ်ရေး အစီအစဉ် American Rescue Plan ကို လွှတ်တော်ဘက်က အမြန်ဆောင်ရွက်ပေးဖို့ သမ္မတသစ် Joe Biden က တိုက်တွန်းလိုက်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိခိုက် သက်ရောက်ရတဲ့ မိသားစုတွေ အတွက် ငွေကြေးနဲ့ စားနပ်ရိက္ခာ ပံ့ပိုးပေးရေးနဲ့ ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်တဲ့ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့မှာ သမ္မတ Joe Biden လက်မှတ်ရေးထိုးခဲ့ပါတယ်။

" အစိုးရ အဖွဲ့ တခုလုံး အတွက် သမ္မတရဲ့ အမိန့်ညွှန်ကြားချက်ကို လက်မှတ်ထိုးပါတယ်။ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာနေရတဲ့ သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေကို အကူအညီပေးရေး အစိုးရ အဖွဲ့တခုလုံးက ဆောင်ရွက်ဖို့၊ မိသားစုတွေ၊ စီးပွားရေး လုပ်ငန်းငယ်တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကူအညီပေးနိုင်ရေး အစိုးရ ဌာန အားလုံးက တတ်စွမ်းသမျှ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အစိုးရ ဌာနတွေက လာမယ့် ရက်ပိုင်းအတွင်း ဆောင်ရွက်ဖို့လည်း မျှော်လင့်ပါတယ်။ "

သမ္မတ Biden လက်မှတ်ရေးထိုးခဲ့တဲ့ ညွှန်ကြားချက်တွေဟာဆိုရင် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ တိုးမြှင့်နိုင်မှာ ဖြစ်သလို အလုပ်ရှာနေကြသူတွေ အတွက် အလုပ်လက်မဲ့ ခံစားခွင့် အာမခံချက်၊ နောက် ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေနဲ့ ကန်ထရိုက်တာတွေ အတွက် အနည်းဆုံး လုပ်ခ လစာကို တနာရီ ၁၅ ဒေါ်လာ ရစေမယ့် ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ ကယ်ဆယ်ရေး အစီအစဉ်မှာ အနည်းဆုံး လုပ်ခ လစာကို အနည်းဆုံး တနာရီ ၁၅ ဒေါ်လာထိ တိုးပေးဖို့လည်း တောင်းဆိုထားပါတယ်။ သီတင်းတပတ်ကို နာရီ ၄၀ အလုပ်လုပ်ပြီး ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက် ရောက်နေတဲ့သူမျိုး အမေရိကမှာ မရှိသင့်ပါဘူး။ တနာရီ ၁၅ ဒေါ်လာ ရရင် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်ကို ကျော်လွန်နိုင်ပါတယ်။"

အမေရိကန် ပြည်သူတွေကို ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပြီး အဲဒါတွေကို အခုချက်ချင်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတရဲ့ အမိန့်ညွှန်ကြားချက်တွေကို လက်မှတ် မထိုးခင်မှာဘဲ သမ္မတ Biden က တိုက်တွန်းပါတယ်။

" ဒီအခြေအနေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီး ကျနော်တို့ရဲ့ စီးပွားရေး ပုံမှန် ပြန်ဖြစ်လာရေး အတွက် ကျနော်တို့မှာ နည်းလမ်းတွေ ရှိပါတယ်။ လူတွေကို ကူညီနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းပေါင်းစုံကို အသုံးပြုကြမယ်။ အခုဘဲ သုံးကြပါ။ "

အမျိုးသား စီးပွားရေး ကောင်စီရဲ့ ညွှန်ကြားရေးမှူး Brian Deese ကလည်း အမေရိကန်ရဲ့ စီးပွားရေးက သိပ်ပြီး မရေရာတဲ့ အနေအထား တခုကို ရောက်နေတယ်လို့ သောကြာနေ့က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အခုအခါမှာ ကိုင်တွယ် ဆောင်ရွက်ဖို့ မလုပ်ဘူးဆိုရင် ပိုပြီး ဆိုးရွားသွားစေနိုင်တယ်လို့ အမျိုးသား စီပွားရေးကောင်စီ ညွှန်ကြားရေးမှူးက ပြောဆိုခဲ့တာပါ။ ကျောင်းတွေက ကျွေးတဲ့ နေ့လည်စာကို အဓိက အားထားနေရတဲ့ ကလေးငယ်တွေ ရှိရာ မိသားစုတွေကို အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာနကနေ ခံစားခွင့် ပိုပြီး တိုးပေးဖို့လည်း သမ္မတ Biden ရဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။ ကပ်ဘေးကြောင့် ဒီကလေး အများစုက ကျောင်းမတက်နိုင်ဘဲ အွန်လိုင်းကနေ စာသင်နေကြရတာပါ။


အခု သမ္မတရဲ့ ညွှန်ကြားချက် အရ နိုင်ငံတွင်းက လူပေါင်း ၁၂ သန်း အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ ဖြည့်စွက်အဟာရ ထောက်ပံ့မှု အစီအစဉ်ကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ရမှာ ဖြစ်ကြောင်း အမျိုးသား စီးပွားရေး ကောင်စီ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီအပြောင်းအလဲကြောင့် ကလေး သုံးယောက် ရှိတဲ့ မိသားစု တစု အတွက် ၂ လတိုင်းမှာ ဒေါ်လာ ၁၀၀ ပိုပြီး ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးရဲ့ ရိုက်ခတ်မှုကြောင့် အခက်တွေ့ရတဲ့ အမေရိကန်တွေကို ကူညီနိုင်ရေး ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ သုံးမယ့် အစီအစဉ်ကို သမ္မတ Biden က လွှတ်တော်ကို အဆိုပြုထားတာပါ။

"American rescue plan အမေရိကန် ကယ်ဆယ်ရေး အစီအစဉ်မှာ လိုအပ်ချက်တွေ ရှိနေတဲ့ အမေရိကန် အများစု အတွက် စီးပွားရေး ပံ့ပိုးမှုလည်း ပါဝင်ပါတယ်။ လူတဦးကို စုစုပေါင်း ဒေါ်လာ ၂၀၀၀ ရရှိရေး လုပ်ငန်းကို အပြီးသတ် ဆောင်ရွက်ပါမယ်။ အိမ်ငှားခ ပေးဖို့နဲ့ စားရေးသောက်ရေး အတွက် ရွေးချယ်နေရသေးတယ်ဆိုရင်တော့ အတည်ပြုခဲ့ပြီး ဖြစ်တဲ့ ဒေါ်လာ ၆၀၀ ဆိုတာက မလောက်ငဘူးဆိုတာ ရှင်းပါတယ်။ "

ဒါပေမယ့်လည်း လွှတ်တော်ဘက်က အတည်ပြုပါ့မလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဒေါ်လာ ၉၀၀ ဘီလျံ ကူညီရေး ဥပဒေကြမ်း ကို လွှတ်တော်ဘက်က အတည်ပြုခဲ့တာကြောင့် ငွေကြေး ပိုပြီး သုံးမယ့် နောက်ထပ် ကယ်ဆယ်ရေး ဥပဒေကြမ်း တခု ထပ်ပြီး လိုအပ်ရဲ့လားဆိုတဲ့ အပေါ်မှာ ရီပတ်ပလီကန် လွှတ်တော် အမတ်တချို့က မေးခွန်းထုတ်နေတာ ဖြစ်ပါတယ်။

" ပြီးခဲ့တဲ့ နှစ် အတွင်း မြို့ကြီးတွေ မြို့ငယ်တွေမှာ ဆရာ ဆရာမ ၆ သိန်းကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပါတယ်။ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေနဲ့ မရှိမဖြစ် လုပ်သားတွေ ဆက်လက် အလုပ်လုပ်နိုင်ဖို့ အတွက် အမေရိကန် ကယ်ဆယ်ရေး အစီအစဉ်က အရေးပေါ် ရန်ပုံငွေ ချထားပေးမှာပါ။ " သမ္မတ Biden ပြောဆိုခဲ့တာပါ။


အမေရိကန်မှာ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားမှုက ဇန်နဝါရီလ ဒုတိယပတ် အတွင်း ၉ သိန်းရှိခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာန စာရင်းတွေက ဖော်ပြပါတယ်။ တကယ်လို့ သမ္မတ Biden အဆိုပြုထားတဲ့ ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ ကူညီပံ့ပိုးရေး အစီအစဉ်ကို လွှတ်တော်က အတည်ပြုပေးရင်တော့ အလုပ်လက်မဲ့ ခံစားခွင့် တိုးပေးနိုင်မှာပါ။

" ပြသနာက ပိုပြီး နက်ရှိုင်းလာနေပါတယ်။ ပိုကောင်းလာတာ မဟုတ်ဘဲ ပိုဆိုးလာတာပါ။ မနေ့က သိရတာဆိုရင် အလုပ်လက်မဲ့ လျှောက်ထားတဲ့ အမေရိကန် ၉ သိန်း ပိုများလာပါတယ်။ အလုပ်အကိုင်နဲ့ လစာ ရရှိမှုကနေ ရတဲ့ ဂုဏ်သိက္ခာနဲ့ လေးစားမှုကို သူတို့ အမှားမဟုတ်ဘဲ ဆုံးရှုံးရတဲ့ သန်းနဲ့ချီတဲ့ အမေရိကန် တွေထဲမှာ ထပ်တိုးလာတာပါ။ "

အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးမှာ ဒီမိုကရက်တွေဘက်က အနည်းငယ်စီ အသာစီး ရထားတာကြောင့် ဒီမိုကရက် အမတ်တွေက တညီတညွတ်တည်း ထောက်ခံရင် ဒါမှမဟုတ်လည်း ရီပတ်ပလီကန် အမတ် တချို့ဘက်က ထောက်ခံလာအောင် သမ္မတ Biden ဘက်က စည်းရုံးနိုင်မယ်ဆိုရင်တော့ အခု အဆိုပြုထားတဲ့ အစီအစဉ်ကို အတည်ပြုရေး လွယ်ကူနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့်လို့လည်း သမ္မတဟောင်း Donald Trump အစိုးရ လက်ထက်မှာ ဒေါ်လာ ၉၀၀ ဘီလျံ ထောက်ပံ့ရေး အစီအစဉ် သဘောတူညီချက် ရရေး အတွက် လွှတ်တော်နဲ့ အစိုးရကြား လနဲ့ချီ ညှိနှိုင်းခဲ့ကြရတာကြောင့် အစိုးရရဲ့ အသုံးစာရိတ်ဆိုင်ရာ နောက်ထပ် ဥပဒေကြမ်းတွေကလည်း အကြိတ်အနယ် ညှိနှိုင်းရမယ့် သဘော ရှိနေပါတယ်။

XS
SM
MD
LG