(Zawgyi / Unicode)
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က အမေရိကန်သမ္မတ Joe Biden နဲ့ ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ် စကားပြောပြီး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက် ရရှိရေး ဆန္ဒပြင်းပြနေကြောင်း အသိပေး ပြောကြားလိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်ရေးနဲ့ အမေရိကန်တို့ ပါရီ သဘောတူစာချုပ်နဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထဲ ပြန်လည်ဝင်ရောက်တာ အပါအဝင် ကမ္ဘာ့ကိစ္စရပ် တော်တော်များများကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးနေခဲ့သလို ကုန်သွယ်ရေး သဘောတူညီချက်ကိစ္စ ဝန်ကြီးချုပ် Johnson က တွန်းအားပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မဟာမိတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက် ရဖို့က သမ္မတ Biden ထက် ဝန်ကြီးချုပ် Johnson အတွက် ပိုပြီး ဦးစားပေးလုပ်ရမယ့်ကိစ္စတခု ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ (EU) ကနေ နုတ်ထွက်ပြီးတဲ့နောက် ဗြိတိန်နိုင်ငံအနေနဲ့ လွတ်လွတ်လပ်လပ် ကုန်သွယ်ရေးမူဝါဒ ချမှတ်ခွင့် ပြန်လည်ရရှိထားတာပါ။
အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ Jen Psaki ကတော့ အမေရိကန်အစိုးရ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အာရုံစိုက် ဆောင်ရွက်နေတာကြောင့် တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရရှိဖို့အတွက် အချိန်သတ်မှတ်ထားတာ မရှိဘူးလို့ သောကြာနေ့က ပြောပါတယ်။
-------------------------
(Unicode)