(Zawgyi/Unicode)
ဗြိတိန်နိုင်ငံ EU ကခွဲထွက်ပြီးနောက် ဖော်ဆောင်မယ့် ၂ ဖက် ကုန်သွယ်ရေး သဘောတူညီချက်ကို ဗြိတိန်ပါလီမန်က အတည်ပြုလိုက်ပါပြီ။ ဒါဟာ အဖွဲ့ဝင် ၂၇ နိုင်ပါဝင်တဲ့ ဥရောပအဖွဲ့အစည်းက ဗြိတိန်ခွဲထွက်ရေး နှစ်နဲ့ချီလုပ်ဆောင်လာခဲ့တဲ့အထဲ နောက်ဆုံးအခက်အခဲကို ကျော်လွှားနိုင်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က EU နဲ့သဘောတူညီခဲ့တဲ့ ဒီစာချုပ်ကို ဗြိတိန်ပါလီမန်က ၅၂၁ မဲ ၇၃ မဲ နဲ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်တာပါ။ ဗြိတိန်အထက်လွှတ်တော်ကိုတင်ပြပြီးတဲ့ ဘုရင်မကြီး အဲလစ်ဇဘတ် က အတည်ပြုလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
EU နဲ့ ဗြိတိန်နိုင်ငံ အပြီးတိုင်လမ်းခွဲမှုဟာ EU ဌာနချုပ်တည်ရှိရာ Brussels မြို့ဒေသစံတော်ချိန် ကြာသပတေးည သန်းခေါင်ယံအချိန်မှာ စတင်ပါလိမ့်မယ်။
ဥရောပသမဂ္ဂဥက္ကဌ Ursula von der Leyen နဲ့ ဥရောပကောင်စီဥက္ကဌ Charles Michel တို့က ဒီစာချုပ်ကို ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးပြီး ဗြိတိန်တော်ဝင်လေတပ်မတော်လေယာဉ်နဲ့ လန်ဒန်မြို့ဆီ သယ်ဆောင်လာခဲပတာဖြစ်ပါတယ်။
ဥရောပကောင်စီဥက္ကဌ Michel က “ ဒီသဘောတူညီချက်ဟာ ဥရောကသမဂ္ဂ အတွင်း လနဲ့ချီ အပြင်းအထန်ညှိနှိုင်းမှုရဲ့ ထူးခြားသောစည်းလုံးညီညွတ်မှုပြယုဂ် ဖြစ်တယ်”လို့ပြောကြားလိုက်ပြီး
ဗြိတိန် ဝန်ကြီးချုပ် Boris Jhonson ကလည်း “ ဒီစာချုပ်ဟာ ဗြိတိန် နဲ့ EU ကြား တန်းတူညီမျှသော အချုပ်အချာအာဏာ နဲ့ ဆက်ဆံရေးကို ဖော်ဆောင်နိုင်တာဖြစ်တယ်” လို့ အခုလိုချီးကျူးလိုက်ပါတယ်။
...............
(Unicode)