သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

EU က ၿဗိတိန္ခဲြထြက္ၿပီးေနာက္ ၂ ဘက္ကုန္သြယ္ေရးအတြက္ သေဘာတူညီမႈ ရၾကၿပီ


BRITAIN EU REFERENDUM BREXIT

{{Zawgyi/Unicode}}

ၿဗိတိန္နိုင္ငံနဲ႔ EUဥေရာပ သမဂၢအဖြဲ႕ တို႔အၾကား လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္တစ္ရပ္ ၾကာသပေတးေန႔က ရရွိခဲ့ ၾကၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္Brexitေနာက္ပိုင္း စီးပြားေရး လုပ္ငန္းေတြ မေသခ်ာ မေရရာမႈ ၾကဳံေတြ႕ေနရတာ အဆုံးသတ္ဖို႔ ျဖစ္လာခဲ့သလို ႏွစ္သစ္ကူးကာလ နယ္စပ္ျဖတ္ေက်ာ္ ကူးလူးဆက္ဆံရာမွာ ဗ႐ုတ္ဗရက္ ျဖစ္လာနိုင္မႈေတြကိုလည္း ေရွာင္က်ဥ္နိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အႀကီးမားဆုံး ကုန္သြယ္ေရး သေဘာတူညီမႈႀကီးရလိုက္ၿပီဆိုတာကို ေက်နပ္ဝမ္းသာစြာနဲ႔ ေျပာၾကားလိုပါတယ္။ ဒါက တႏွစ္ကို ေပါင္စတာလင္ ၆၆၀ ဘီလီယံ တန္ဘိုးရွိတဲ့ သေဘာတူညီခ်က္ပါ။

ကေနဒါနဲ႔ ရရွိခဲ့တဲ့ ကုန္သြယ္ေရး သေဘာတူညီခ်က္ပုံစံမ်ိဳး UK နဲ႔ EU ဥေရာပသမဂၢၾကား လြတ္လပ္စြာ ကုန္သြယ္ခြင့္ သေဘာတူညီခ်က္ တခုရလိုက္တာပါလို႔ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnsonက ေျပာပါတယ္။

ဒါ့အျပင္ ဒီသေဘာတူညီခ်က္က နိုင္ငံတဝွမ္း အလုပ္အကိုင္ေတြကို ဖန္တီးေပးမွာ ျဖစ္သလို UK ရဲ့ ကုန္ပစၥည္းေတြနဲ႔ တျခား အစိတ္အပိုင္းေတြကိုလည္း EUေစ်းကြက္ ခြဲတမ္းမပါဘဲ ကုန္သြယ္ခြန္ ကင္းလြတ္ေရာင္းခ်နိုင္ေတာ့မွာ ျဖစ္ေၾကာင္း၊ သေဘာတူခ်က္ေၾကာင့္ ၿဗိတိန္ကုမၸဏီေတြနဲ႔ ကုန္ပစၥည္းတင္ပို႔သူေတြအေနနဲ႔ ဥေရာပနိုင္ငံေတြနဲ႔ စီးပြါးေရးေတြပိုၿပီး ခ်ဲ႕ထြင္လုပ္ကိုင္နိုင္မွာလို႔လည္း ဝန္ႀကီးခ်ဳပ္ Johnson က ေျပာပါတယ္။

EUနဲ႔ ၿဗိတိန္တို႔အၾကား လနဲ႔ခ်ီအေျခအတင္ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့အၿပီး အခုလို ခရစ္စမတ္အႀကိဳရက္မွာ သေဘာတူညီခ်က္ကို ရလိုက္တာျဖစ္ပါတယ္။ တရားမၽွတစြာ ယွဥ္ၿပိဳင္ေရး၊ ေနာက္ၾကဳံေတြ႕ရမယ့္ အျငင္းပြားမႈေတြ အေပၚ ေျဖရွင္းဖို႔ နည္းလမ္းခ်မွတ္ေရး နဲ႔ ငါးဖမ္းခြင့္ဆိုတဲ့ အဓိက အခ်က္ႀကီး ၃ ခ်က္ အေပၚမွာ ႏွစ္ဖက္သေဘာတူညီနိုင္ဖို႔ အျပင္းအထန္ ေဆြးေႏြးခဲ့ၾကရတာ ျဖစ္ပါတယ္။

အခု သေဘာတူညီခ်က္ကို ၿဗိတိန္နဲ႔ ဥေရာပ ပါလီမန္ ႏွစ္ခုစလုံးက မဲေပးၿပီး အတည္ျပဳၾကရဦးမွာ ျဖစ္ပါတယ္။ အဖြဲ႕ဝင္ ၂၇ နိုင္ငံ ပါဝင္တဲ့ EUနဲ႔ EU အဖြဲ႕ဝင္ေဟာင္း ၿဗိတိန္နိုင္ငံတို႔အၾကား အနာဂတ္ ဆက္ဆံေရးမွာ အေရးႀကီးတဲ့ အခ်က္အလက္ေတြကို ႏွစ္ဖက္ေျဖရွင္းဖို႔ က်န္ေနဆဲ ျဖစ္ပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဗြိတိန်နိုင်ငံနဲ့ EUဥရောပ သမဂ္ဂအဖွဲ့ တို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ကြာသပတေးနေ့က ရရှိခဲ့ ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်Brexitနောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေ မသေချာ မရေရာမှု ကြုံတွေ့နေရတာ အဆုံးသတ်ဖို့ ဖြစ်လာခဲ့သလို နှစ်သစ်ကူးကာလ နယ်စပ်ဖြတ်ကျော် ကူးလူးဆက်ဆံရာမှာ ဗရုတ်ဗရက် ဖြစ်လာနိုင်မှုတွေကိုလည်း ရှောင်ကျဉ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အကြီးမားဆုံး ကုန်သွယ်ရေး သဘောတူညီမှုကြီးရလိုက်ပြီဆိုတာကို ကျေနပ်ဝမ်းသာစွာနဲ့ ပြောကြားလိုပါတယ်။ ဒါက တနှစ်ကို ပေါင်စတာလင် ၆၆၀ ဘီလီယံ တန်ဘိုးရှိတဲ့ သဘောတူညီချက်ပါ။

ကနေဒါနဲ့ ရရှိခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ပုံစံမျိုး UK နဲ့ EU ဥရောပသမဂ္ဂကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် တခုရလိုက်တာပါလို့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnsonက ပြောပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်က နိုင်ငံတဝှမ်း အလုပ်အကိုင်တွေကို ဖန်တီးပေးမှာ ဖြစ်သလို UK ရဲ့ ကုန်ပစ္စည်းတွေနဲ့ တခြား အစိတ်အပိုင်းတွေကိုလည်း EUဈေးကွက် ခွဲတမ်းမပါဘဲ ကုန်သွယ်ခွန် ကင်းလွတ်ရောင်းချနိုင်တော့မှာ ဖြစ်ကြောင်း၊ သဘောတူချက်ကြောင့် ဗြိတိန်ကုမ္ပဏီတွေနဲ့ ကုန်ပစ္စည်းတင်ပို့သူတွေအနေနဲ့ ဥရောပနိုင်ငံတွေနဲ့ စီးပွါးရေးတွေပိုပြီး ချဲ့ထွင်လုပ်ကိုင်နိုင်မှာလို့လည်း ဝန်ကြီးချုပ် Johnson က ပြောပါတယ်။

EUနဲ့ ဗြိတိန်တို့အကြား လနဲ့ချီအခြေအတင် ဆွေးနွေးမှုတွေပြုလုပ်ခဲ့အပြီး အခုလို ခရစ်စမတ်အကြိုရက်မှာ သဘောတူညီချက်ကို ရလိုက်တာဖြစ်ပါတယ်။ တရားမျှတစွာ ယှဉ်ပြိုင်ရေး၊ နောက်ကြုံတွေ့ရမယ့် အငြင်းပွားမှုတွေ အပေါ် ဖြေရှင်းဖို့ နည်းလမ်းချမှတ်ရေး နဲ့ ငါးဖမ်းခွင့်ဆိုတဲ့ အဓိက အချက်ကြီး ၃ ချက် အပေါ်မှာ နှစ်ဖက်သဘောတူညီနိုင်ဖို့ အပြင်းအထန် ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။

အခု သဘောတူညီချက်ကို ဗြိတိန်နဲ့ ဥရောပ ပါလီမန် နှစ်ခုစလုံးက မဲပေးပြီး အတည်ပြုကြရဦးမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ EUနဲ့ EU အဖွဲ့ဝင်ဟောင်း ဗြိတိန်နိုင်ငံတို့အကြား အနာဂတ် ဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်အလက်တွေကို နှစ်ဖက်ဖြေရှင်းဖို့ ကျန်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG