သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brexit အလွန် ပြဌာန်းမယ့် ကုန်သွယ်ရေးသဘောတူညီချက် ဥရောပသမဂ္ဂ တညီတညွတ်တည်း ထောက်ခံ


EU ဖက်က အဓိကညှိနှိုင်းရေးမှူး Michel Barnier
EU ဖက်က အဓိကညှိနှိုင်းရေးမှူး Michel Barnier

(Zawgyi/Unicode)

ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်သက်ရောက်မယ့် ဗြိတိန် အီးယူ ဥရောပသမဂ္ဂကနေ နုတ်ထွက်မှု နောက်ပိုင်း ဗြိတိန်နဲ့အီးယူကြား လိုက်နာဆောင်ရွက်ကြမယ့် ကြာသပတေးက ရခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အီးယူအဖွဲ့ဝင် နိုင်ငံတွေက တနင်္လာနေ့မှာ တညီတညွတ်ထဲ ထောက်ခံခဲ့ကြပါတယ်။

အီးယူ ၂၇ နိုင်ငံက သံအမတ်တွေရဲ့ တနင်္လာနေ့ Brussels မှာ ကျင်းပတဲ့ အစည်းအဝေး အပြီးမှာ အီးယူ -UK ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို တခဲနက် အတည်ပြုကြောင်း အီးယူအလှည့်ကျ သဘာပတိ ဂျာမဏီနိုင်ငံက ပြောခွင့်ရ Sebastian Fischer က တွစ်တာကနေ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အတွက် အီးယူပါလီမန်က အတည်ပြုပေးဖို့ လိုအပ်နေဆဲ ဖြစ်ပြီး ဖေဖေါ်ဝါရီနှောင်းပိုင်း လောက်မှာ အတည်ပြုပေးနိုင်မယ်လို့ မေ ျှာ်လင့်ရပါတယ်။

ဒီကြားထဲမှာ ဗြိတိန်က အီးယူဈေးကွက်ကနေ နှစ်ဆန်း တရက်နေ့ တရားဝင်ထွက်ခွါ ပြီးနောက်ပိုင်း အခွန်ခမရှိပဲ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဆက်ရနေမှာ ဖြစ်ပါတယ်။ ၉ လကြာညှိနှိုင်းခဲ့ရတဲ့ ဒီသဘောတူညီချက်ကို ဗြိတိန်လွှတ်တော်မှာတော့ ဗုဒ္ဓဟူးနေ့ အတည်ပြုပေးဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






XS
SM
MD
LG