{{Zawgyi/Unicode}}
ရင္းႏွီးျမႈပ္ႏွံမႈဆိုင္ရာ စာခ်ဳပ္နဲ႔ပတ္သက္ၿပီး အီးယူ ဥေရာပသမဂၢနဲ႔ ေဆြးေႏြးတဲ့ေနရာမွာ တရုတ္ဘက္က လုပ္ေနက်အတိုင္း ပံုမွန္ပဲ လုပ္ေဆာင္ဖို႔ရွိေၾကာင္း တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin က ေသာၾကာေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။
တရုတ္ေစ်းကြက္ကို အီးယူကုမၸဏီေတြ ပိုလက္လွမ္းမွီလာေစေရးပါဝင္မယ့္ အီးယူ-တရုတ္ရင္းႏွီးျမႈပ္ႏွံမႈဆိုင္ရာ ျပည့္စံုက်ယ္ျပန္႔တဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေရးအတြက္ ၂ ဖက္ ညွိႏႈိင္းေနၾကတာျဖစ္ၿပီး ႏွစ္ကုန္တဲ့အထိ ဒီသေဘာတူညီခ်က္ ရပါ့မလားဆိုတဲ့ သံသယေတြ ရွိေနၾကခ်ိန္မွာ အခုလို ေျပာၾကားလိုက္တာပါ။
ဒီႏွစ္ကုန္အထိ အီးယူအလွည့္က် ဥကၠဌျဖစ္ၿပီး တရုတ္ႏိုင္ငံကို အမ်ားဆံုး ကုန္ပစၥည္း တင္ပို႔ေနတဲ့ ဂ်ာမဏီက တြန္းအားေပးခဲ့တဲ့ ေနာက္မွာ အီးယူ- တရုတ္ သေဘာတူစာခ်ုပ္ အၿပီးသတ္ခ်ဳပ္ဆိုေရး နီးစပ္လာၿပီလို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ အီးယူအရာရွိေတြက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
..................................................
{{Unicode}}
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်နဲ့ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂနဲ့ ဆွေးနွေးတဲ့နေရာမှာ တရုတ်ဘက်က လုပ်နေကြအတိုင်း ပုံမှန်ပဲ လုပ်ဆောင်ဖို့ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်ဈေးကွက်ကို အီးယူကုမ္ပဏီတွေ ပိုလက်လှမ်းမှီလာစေရေးပါဝင်မယ့် အီးယူ-တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြည့်စုံကျယ်ပြန့်တဲ့ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ၂ ဖက် ညှိနှိုင်းနေကြတာဖြစ်ပြီး နှစ်ကုန်တဲ့အထိ ဒီသဘောတူညီချက် ရပါ့မလားဆိုတဲ့ သံသယတွေ ရှိနေကြချိန်မှာ အခုလို ပြောကြားလိုက်တာပါ။
ဒီနှစ်ကုန်အထိ အီးယူအလှည့်ကျ ဥက္ကဌဖြစ်ပြီး တရုတ်နိုင်ငံကို အများဆုံး ကုန်ပစ္စည်း တင်ပို့နေတဲ့
ဂျာမဏီက တွန်းအားပေးခဲ့တဲ့ နောက်မှာ အီးယူ- တရုတ် သဘောတူစာချုပ် အပြီးသတ်ချုပ်ဆိုရေး နီးစပ်လာပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အီးယူအရာရှိတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။