(Zawgyi/Unicode)
ၾသစေၾတးလ် ေရတပ္ဟာ ဂ်ပန္ အိႏၵိယ နဲ႔ အေမရိကန္ စစ္သေဘၤာေတြ အိႏၵိယသမုဒၵရာအတြင္း အဂၤါေန႔က ျပဳလုပ္ၾကတဲ႔ မဟာဗ်ဴဟာဆံုစည္းမႈ အထိမ္းအမွတ္ Malabar စုေပါင္း စစ္ေရးေလ႔က်င္႔မႈ မွာ ပါ၀င္ခဲ႔ပါတယ္။ တရုတ္ႏိုင္ငံ ရဲ႕ၾသဇာႀကီးစိုးေရး အရွိန္ျမွင္႔လာတဲ႔အခ်ိန္မွာ အခုလို စစ္ေရးေလ႕က်င္႔ မႈ ျပဳလုပ္ခဲ႔ၾကတာျဖစ္ပါတယ္။
တရုတ္ကို တန္ျပန္ဖို႔ အလြတ္သေဘာစုစည္းထားတဲ႔ ဒီ Quad ေခၚ အုပ္စုထဲမွာ ၾသစေၾတးလ်ကို အိႏိၵယကထည္႔သြင္းလိုက္တာဟာ အေမရိကန္ရဲ႕တြန္းအားေပးမႈေၾကာင္႔ျဖစ္ပါတယ္။ယခင္က ဒီလိုပါ၀င္ခဲ႔မႈေၾကာင္႔ တရုတ္ႏိုင္ငံရဲ႕ မရပ္မနားကန္႔ကြက္ေျပာဆိုမႈေတြ ႀကံဳခဲ႔ရၿပီးတဲ႔ေနာက္ ၁၃ ႏွစ္အၾကာမွာ ၾသစေၾတးလ်အေနနဲ႔ ဒီစစ္ေရးေလ႔က်င္႔မႈမွာ ျပန္လည္ ပါ၀င္လာတာျဖစ္ပါတယ္။
ဒါေပမယ့္ ဒီတႀကိမ္မွာေတာ႔ Malabar စစ္ေရးေလ႔က်င္႔မႈမွာပါ၀င္တဲ႔ ၄ ႏိုင္ငံတို႔ဟာ တရုတ္ကို ထိန္းညွိေရးအတြက္ ေရရွည္မဟာဗ်ဴဟာတရပ္ ခ်မွတ္ဖို႔ရည္ရြယ္ၾကတာျဖစ္တဲ႔အတြက္ ပိုမို အဓြန္႔ရွည္လိမ္႔မယ္လို႔ သံုးသပ္ေတြက ဆိုပါတယ္။
Malabar စစ္ေရးေလ႔က်င္႔မႈဟာ ၁၉၉၂ မွာ အိႏိၵယ နဲ႔ အေမရိကန္ ၂ ႏိုင္ငံစတင္ခဲ႔တာျဖစ္ၿပီး ၂၀၁၇ မွာ ဂ်ပန္ က အၿမဲတမ္းအဖဲြ႕၀င္ အျဖစ္ ပါ၀င္လာတာပါ။ တျခားႏိုင္ငံေတြလဲ အခါအားေလွ်ာ္စြာ ပါ၀င္ခဲ႔ၾကပါတယ္။
ၾသစေၾတးလ်ရဲ႕ စစ္ေရးအသံုးစရိတ္ ဒီအတြက္ ေဒၚလာဘီလ်ံခ်ီ ရွိလာႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုၾကပါတယ္။ ၾသစေၾတးလ်- တရုတ္ သံတမန္ဆက္ဆံေရးဟာလဲ ဒီႏွစ္အတြင္း ပိုမိုဆိုးရြားလာေနပါတယ္။
.............
တရုတ်ကိုထိန်းညှိမယ့် စစ်ရေးလေ့ကျင့်မှု သြစတြေးလျပါဝင်
(Unicode)
သြစတြေးလျ ရေတပ်ဟာ ဂျပန် အိန္ဒိယ နဲ့ အမေရိကန် စစ်သင်္ဘောတွေ အိန္ဒိယသမုဒ္ဒရာအတွင်း အင်္ဂါနေ့က ပြုလုပ်ကြတဲ့ မဟာဗျူဟာဆုံစည်းမှု အထိမ်းအမှတ် Malabar စုပေါင်း စစ်ရေးလေ့ကျင့်မှု မှာ ပါဝင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ရဲ့သြဇာကြီးစိုးရေး အရှိန်မြှင့်လာတဲ့အချိန်မှာ အခုလို စစ်ရေးလေ့ကျင့် မှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
တရုတ်ကို တန်ပြန်ဖို့ အလွတ်သဘောစုစည်းထားတဲ့ ဒီ Quad ခေါ် အုပ်စုထဲမှာ သြစတြေးလျကို အိန္ဒိယကထည့်သွင်းလိုက်တာဟာ အမေရိကန်ရဲ့တွန်းအားပေးမှုကြောင့်ဖြစ်ပါတယ်။ယခင်က ဒီလိုပါဝင်ခဲ့မှုကြောင့် တရုတ်နိုင်ငံရဲ့ မရပ်မနားကန့်ကွက်ပြောဆိုမှုတွေ ကြုံခဲ့ရပြီးတဲ့နောက် ၁၃ နှစ်အကြာမှာ သြစတြေးလျအနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပြန်လည် ပါဝင်လာတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ Malabar စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ ၄ နိုင်ငံတို့ဟာ တရုတ်ကို ထိန်းညှိရေးအတွက် ရေရှည်မဟာဗျူဟာတရပ် ချမှတ်ဖို့ရည်ရွယ်ကြတာဖြစ်တဲ့အတွက် ပိုမို အဓွန့်ရှည်လိမ့်မယ်လို့ သုံးသပ်တွေက ဆိုပါတယ်။
Malabar စစ်ရေးလေ့ကျင့်မှုဟာ ၁၉၉၂ မှာ အိန္ဒိယ နဲ့ အမေရိကန် ၂ နိုင်ငံစတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ မှာ ဂျပန် က အမြဲတမ်းအဖွဲ့ဝင် အဖြစ် ပါဝင်လာတာပါ။ တခြားနိုင်ငံတွေလဲ အခါအားလျှော်စွာ ပါဝင်ခဲ့ကြပါတယ်။
သြစတြေးလျရဲ့ စစ်ရေးအသုံးစရိတ် ဒီအတွက် ဒေါ်လာဘီလျံချီ ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ သြစတြေးလျ- တရုတ် သံတမန်ဆက်ဆံရေးဟာလဲ ဒီနှစ်အတွင်း ပိုမိုဆိုးရွားလာနေပါတယ်။