သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္နဲ႔ အေမရိကန္ ၾကည္း၊ေရ၊ ေလ ပူးတဲြစစ္ေရးေလ့က်င့္မႈစတင္


ဂ်ပန္ ဗိုလ္ခ်ဳပ္ႀကီး Koji Yamazaki ႏွင့္ အေမရိကန္ Lieutenant General Kevin Schneider

(Zawgyi/Unicode)

အေမရိကန္နဲ႔ ဂ်ပန္နိုင္ငံတို႔ရဲ႕ ေျမျပင္၊ ေဝျပင္နဲ႔ ေရျပင္အားလုံးပါဝင္တဲ့ ၾကည္း၊ေရ၊ေလ စစ္ေရးေလ့က်င့္မႈ ကို ဂ်ပန္နိုင္ငံ အနီးမွာ တနလၤာေန႔က စတင္လိုက္ၿပီ ျဖစ္ပါတယ္။ ေဒသတြင္း တ႐ုတ္နိုင္ငံရဲ့ စစ္ေရး လႈပ္ရွားမႈေတြ မ်ားျပားလာတဲ့အခ်ိန္မွာ အခုလို အင္အားျပည့္ စစ္ေရး ေလ့က်င့္မႈကို ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

အသြားထက္လွံ Keen Sword စစ္ဆင္ေရးလို႔ နာမည္ေပးထားတဲ့ ဒီ စစ္ေရးေလ့က်င့္မႈကို ႏွစ္ႏွစ္တစ္ႀကိမ္ က်င္းပျပဳလုပ္ေလ့ရွိၿပီး အေမရိကန္နဲ႔ ဂ်ပန္တို႔က ဒါဇင္နဲ႔ခ်ီတဲ့ စစ္သေဘၤာေတြ၊ ရာခ်ီတဲ့ ေလယာဥ္ေတြနဲ႔ ၾကည္း၊ေရ၊ေလတပ္ဖြဲ႕ဝင္ စုစုေပါင္း ၄၆,၀၀၀ ပါဝင္ ဆင္ႏႊဲၾကတာ ျဖစ္ပါတယ္။

နိုဝင္ဘာလ ၅ ရက္ေန႔အထိ ျပဳလုပ္တဲ့ ဒီႏွစ္ စစ္ေရးေလ့က်င့္မႈမွာ ဆိုက္ဘာနဲ႔ အီလက္ထရြန္းနစ္ စစ္ဆင္ေရး ေလ့က်င့္မႈေတြလည္း ပထမဆုံး အႀကိမ္အျဖစ္ ပါဝင္မွာ ျဖစ္ပါတယ္။

ဂ်ပန္နိုင္ငံ ဝန္းက်င္က လုံျခဳံေရး အေျခအေနက ပိုၿပီး ဆိုးရြားလာေနတာက အခုအခါ အေမရိကန္၊ ဂ်ပန္ႏွစ္နိုင္ငံ မဟာမိတ္အဖြဲ႕ရဲ့ အင္အားကို ျပသဖို႔ အခြင့္အေရးတရပ္ ျဖစ္လာေနတယ္လို႔ ဂ်ပန္ ဗိုလ္ခ်ဳပ္ႀကီး Koji Yamazaki က ရဟတ္ယာဥ္တင္ စစ္သေဘၤာ Kaga ေပၚမွာ သတင္းေထာက္ ေတြကို ေျပာပါတယ္။

ဂ်ပန္နိုင္ငံရဲ့ အႀကီးဆုံး သေဘၤာႀကီး ျဖစ္တဲ့ Kaga ရဟတ္ယာဥ္တင္ သေဘၤာနဲ႔အတူ အေမရိကန္ ေလယာဥ္တင္ သေဘၤာ USS Ronald Reagan နဲ႔ အေစာင့္ ဖ်က္ သေဘၤာေတြ ပူးတြဲ စစ္ေရးေလ့က်င့္ပြဲ ဆင္ႏႊဲခဲ့ေနတာ ျဖစ္ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္နဲ႔ အိႏၵိယသမုဒၵရာထဲ ကင္းလွည့္ၿပီး ျပန္ေရာက္လာတဲ့ Kaga သေဘၤာကို F-35 stealth တိုက္ေလယာဥ္ ေတြ အသုံးျပဳနိုင္တဲ့ ေလယာဥ္တင္ သေဘၤာႀကီးအျဖစ္ ေနာက္ႏွစ္မွာ အဆင့္ျမႇင့္သြားဖို႔ စီစဥ္ထားတာပါ။

ဂ်ပန္နိုင္ငံက အေရွ႕တ႐ုတ္ပင္လယ္ျပင္ထဲ အျငင္းပြားေနတဲ့ ဂ်ပန္အေခၚ Senkaku ကၽြန္းစုနဲ႔ တ႐ုတ္အေခၚ Diaoyu ကၽြန္းစုအနီး တ႐ုတ္ ေရတပ္ လႈပ္ရွားမႈ ျမင့္တက္လာတဲ့အေပၚ စိုးရိမ္မႈေတြ ႀကီးထြားေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဂျပန်နဲ့ အမေရိကန် ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

(Unicode)

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ရဲ့ မြေပြင်၊ ဝေပြင်နဲ့ ရေပြင်အားလုံးပါဝင်တဲ့ ကြည်း၊ရေ၊လေ စစ်ရေးလေ့ကျင့်မှု ကို ဂျပန်နိုင်ငံ အနီးမှာ တနင်္လာနေ့က စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒေသတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေး လှုပ်ရှားမှုတွေ များပြားလာတဲ့အချိန်မှာ အခုလို အင်အားပြည့် စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

အသွားထက်လှံ Keen Sword စစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ဒီ စစ်ရေးလေ့ကျင့်မှုကို နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိပြီး အမေရိကန်နဲ့ ဂျပန်တို့က ဒါဇင်နဲ့ချီတဲ့ စစ်သင်္ဘောတွေ၊ ရာချီတဲ့ လေယာဉ်တွေနဲ့ ကြည်း၊ရေ၊လေတပ်ဖွဲ့ဝင် စုစုပေါင်း ၄၆,၀၀၀ ပါဝင် ဆင်နွှဲကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့အထိ ပြုလုပ်တဲ့ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ ဆိုက်ဘာနဲ့ အီလက်ထရွန်းနစ် စစ်ဆင်ရေး လေ့ကျင့်မှုတွေလည်း ပထမဆုံး အကြိမ်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဝန်းကျင်က လုံခြုံရေး အခြေအနေက ပိုပြီး ဆိုးရွားလာနေတာက အခုအခါ အမေရိကန်၊ ဂျပန်နှစ်နိုင်ငံ မဟာမိတ်အဖွဲ့ရဲ့ အင်အားကို ပြသဖို့ အခွင့်အရေးတရပ် ဖြစ်လာနေတယ်လို့ ဂျပန် ဗိုလ်ချုပ်ကြီး Koji Yamazaki က ရဟတ်ယာဉ်တင် စစ်သင်္ဘော Kaga ပေါ်မှာ သတင်းထောက် တွေကို ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး သင်္ဘောကြီး ဖြစ်တဲ့ Kaga ရဟတ်ယာဉ်တင် သင်္ဘောနဲ့အတူ အမေရိကန် လေယာဉ်တင် သင်္ဘော USS Ronald Reagan နဲ့ အစောင့် ဖျက် သင်္ဘောတွေ ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲ ဆင်နွှဲခဲ့နေတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာထဲ ကင်းလှည့်ပြီး ပြန်ရောက်လာတဲ့ Kaga သင်္ဘောကို F-35 stealth တိုက်လေယာဉ် တွေ အသုံးပြုနိုင်တဲ့ လေယာဉ်တင် သင်္ဘောကြီးအဖြစ် နောက်နှစ်မှာ အဆင့်မြှင့်သွားဖို့ စီစဉ်ထားတာပါ။

ဂျပန်နိုင်ငံက အရှေ့တရုတ်ပင်လယ်ပြင်ထဲ အငြင်းပွားနေတဲ့ ဂျပန်အခေါ် Senkaku ကျွန်းစုနဲ့ တရုတ်အခေါ် Diaoyu ကျွန်းစုအနီး တရုတ် ရေတပ် လှုပ်ရှားမှု မြင့်တက်လာတဲ့အပေါ် စိုးရိမ်မှုတွေ ကြီးထွားနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG