သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္စီးပြားေရးကုမၸဏီေတြနဲ႔ အဖြဲ႔အစည္းေတြကုိ ကန္ အေရးယူမႈအသစ္ေတြ ခ်မွတ္


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo

{{Zawgyi/Unicode}}

ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရးနယ္ပယ္တြင္း လႊမ္းမိုး အပိုင္စီးဖို႔ လႈပ္ရွားမႈေတြမွာ ခ်ိတ္ဆက္ေနတဲ့ တရုတ္ စီးပြားေရးကုမၸဏီေတြ အင္စတီက်ဴရွင္းေတြကို အေမရိကန္ျပည္ေထာင္စုက ပိတ္ဆို႔အေရးယူမႈ အသစ္ေတြခ်မွတ္လိုက္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေသာၾကာေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျပည္တြင္းမွာေရာ ျပည္ပမွာပါ တရုတ္ကြန္ျမဴနစ္ပါတီအစိုးရရဲ႕ ဆိုးရြားလွတဲ့ လႊမ္းမိုးအပုိင္စီးေရးလႈပ္ရွားမႈဟာ အေမရိကန္ရဲ႕ အက်ဳိးစီးပြားကို ထိခိုက္ေစၿပီး မဟာမိတ္ေတြ၊ မိတ္ဖက္ႏိုင္ငံေတြရဲ႕ အခ်ဳပ္အျခာအာဏာကိုလည္း ပ်က္ျပားေစေၾကာင္း ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အေမရိကန္ရဲ႕ကုန္ပစၥည္းေတြနဲ႔ နည္းပညာေတြကုိ တရုတ္ စီးပြားေရးကုမၸဏီေတြနဲ႔အင္စတီက်ဴရွင္းေတြကေန အပိုင္စီးဖို႔ ရည္ရြယ္ခ်က္နဲ႔ အျမတ္ထုတ္အသံုးခ်မႈကို တားဆီးကာကြယ္ေရးအပါအ၀င္ တန္ျပန္လုပ္ေဆာင္ႏိုင္သမွ်ကို အေမရိကန္ကခ်မွတ္ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ Pompeo က ေျပာပါတယ္။

အေမရိကန္ရဲ႕အမ်ဳိးသားလံုၿခံဳေရးနဲ႕ ႏိုင္ငံျခားေရးမူ၀ါဒ အက်ဳိးစီးပြားကို အားနည္းထိခိုက္ေစတဲ့ လုပ္ေဆာင္မႈေတြအတြက္ တခ်ဳိ႕အဖဲြ႔အစည္းေတြေပၚမွာလည္း ကန္႔သတ္ခ်က္အသစ္ေတြခ်မွတ္ထားေၾကာင္းလည္း သူက ဆိုပါတယ္။ အထူးသျဖင့္ အေမရိကန္ စီးပြားေရးနဲ႔ကူးသန္းေရာင္း၀ယ္ေရး ဌာနက ျပည္ပပို႔ကုန္ထိန္းခ်ဳပ္ေရးစာရင္းမွာ တရုတ္ႏိုင္ငံက အဖဲြ႔အစည္း ၅၉ ခုကို ထည့္သြင္းထားေၾကာင္း Pompeo ရဲ႕ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တွင်း လွှမ်းမိုး အပိုင်စီးဖို့ လှုပ်ရှားမှုတွေမှာ ချိတ်ဆက်နေတဲ့ တရုတ် စီးပွားရေးကုမ္ပဏီတွေ အင်စတီကျူရှင်းတွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သောကြာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းမှာရော ပြည်ပမှာပါ တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ ဆိုးရွားလှတဲ့ လွှမ်းမိုးအပိုင်စီးရေးလှုပ်ရှားမှုဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေပြီး မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကိုလည်း ပျက်ပြားစေကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်ရဲ့ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တရုတ် စီးပွားရေးကုမ္ပဏီတွေနဲ့အင်စတီကျူရှင်းတွေကနေ အပိုင်စီးဖို့ ရည်ရွယ်ချက်နဲ့ အမြတ်ထုတ်အသုံးချမှုကို တားဆီးကာကွယ်ရေးအပါအဝင် တန်ပြန်လုပ်ဆောင်နိုင်သမျှကို အမေရိကန်ကချမှတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Pompeo က ပြောပါတယ်။

အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားကို အားနည်းထိခိုက်စေတဲ့ လုပ်ဆောင်မှုတွေအတွက် တချို့အဖွဲ့အစည်းတွေပေါ်မှာလည်း ကန့်သတ်ချက်အသစ်တွေချမှတ်ထားကြောင်းလည်း သူက ဆိုပါတယ်။ အထူးသဖြင့် အမေရိကန် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဌာနက ပြည်ပပို့ကုန်ထိန်းချုပ်ရေးစာရင်းမှာ တရုတ်နိုင်ငံက အဖွဲ့အစည်း ၅၉ ခုကို ထည့်သွင်းထားကြောင်း Pompeo ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG