(Zawgyi/Unicode)
အီးယူ ဥေရာပသမဂၢမွာ ၄၈ ႏွစ္ၾကာ ပါဝင္လက္တြဲခဲ့တဲ့ ၿဗိတိန္ဟာ အခု ၂၀၂၁ ဇန္နဝါရီလ တရက္ေန႔ကစၿပီး လမ္းခြဲလိုက္ၿပီျဖစ္ပါတယ္။
၂၀၂၀ ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ ႏုတ္ထြက္ခဲ့တာျဖစ္ၿပီး အကူးအေျပာင္းအတြက္ ၾကားကာလနဲ႔ ဆက္ေနေနရာကေန ဒီဇင္ဘာ ၃၁ ရက္ Brussels စံေတာ္ခ်ိန္ ည သန္းေခါင္ယံမွာ တရားဝင္ ႏႈတ္ထြက္မႈ စတင္တာ ျဖစ္ပါတယ္။
ၿဗိတိန္ အီးယူ ကေန ႏႈတ္ထြက္မႈကိစၥဟာ အီးယူမွာ အေတာ္လႈပ္လႈပ္ရွားရွား ျဖစ္သြားခဲ့သလို ႏႈတ္ထြက္ဖုိ႔ လုပ္ေနတဲ့ ၅ ႏွစ္တာ ကာလအတြင္း ၿဗိတိန္ရဲ့ ေပါင္စတာလင္ေစ်းကြက္ မေရမရာ ျဖစ္ခဲ့ရသလို စီးပြါးေရးနဲ႔ ႏိုင္ငံေရးတည္ၿငိမ္မႈရွိတယ္လို႔ နံမယ္ေက်ာ္တဲ့ ၿဗိတိန္ရဲ့ ျပယုဂ္ဟာလည္း ေမွးမွန္ခဲ့ရတာပါ။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ အခုဆို ၿဗိတိန္ဟာ လြတ္လပ္္မႈျပန္ရလာၿပီျဖစ္ၿပီး ကိုယ့္ၾကမၼာ ကိုယ္ဖန္းတီးခြင့္ အေတာ္မ်ားမ်ား ရလာေတာ့မွာ ျဖစ္တဲ့ အတြက္ ဒီအခ်ိန္ဟာ ႏိုင္ငံ့အတြက္ မယံုႏိုင္စရာအေနထားပဲလို႔ ႏွစ္သစ္အႀကိဳမိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။
တခ်ိန္ထဲမွာပဲ ဥေရာပပါလီမန္ အမတ္ေဟာင္းတေယာက္ျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ရဲ့ ဖခင္ Stanley Johnson ကေတာ့ ျပင္သစ္ႏိုင္ငံသား အျဖစ္ခံယူဖုိ႔ ေလ ွ်ာက္ထားခဲ့တယ္လို႔ ၾကာသပေတးေန႔မွာပဲ ေျပာပါတယ္။ မစၥတာ Stanley Johnson ဟာ ၿဗိတိန္ အီးယူကေန ခြဲထြက္မႈကို ကန္႔ကြက္သူ ျဖစ္ပါတယ္။
..............
ဥရောပ နဲ့ ဗြိတိန် နောက်ဆုံးလမ်း ခွဲကြလေပြီ
(Unicode)
အီးယူ ဥရောပသမဂ္ဂမှာ ၄၈ နှစ်ကြာ ပါဝင်လက်တွဲခဲ့တဲ့ ဗြိတိန်ဟာ အခု ၂၀၂၁ ဇန်နဝါရီလ တရက်နေ့ကစပြီး လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။
၂၀၂၀ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ နုတ်ထွက်ခဲ့တာဖြစ်ပြီး အကူးအပြောင်းအတွက် ကြားကာလနဲ့ ဆက်နေနေရာကနေ ဒီဇင်ဘာ ၃၁ ရက် Brussels စံတော်ချိန် ည သန်းခေါင်ယံမှာ တရားဝင် နှုတ်ထွက်မှု စတင်တာ ဖြစ်ပါတယ်။
ဗြိတိန် အီးယူ ကနေ နှုတ်ထွက်မှုကိစ္စဟာ အီးယူမှာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သလို နှုတ်ထွက်ဖို့ လုပ်နေတဲ့ ၅ နှစ်တာ ကာလအတွင်း ဗြိတိန်ရဲ့ ပေါင်စတာလင်ဈေးကွက် မရေမရာ ဖြစ်ခဲ့ရသလို စီးပွါးရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်လို့ နံမယ်ကျော်တဲ့ ဗြိတိန်ရဲ့ ပြယုဂ်ဟာလည်း မှေးမှန်ခဲ့ရတာပါ။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ အခုဆို ဗြိတိန်ဟာ လွတ်လပ်မှုပြန်ရလာပြီဖြစ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးခွင့် အတော်များများ ရလာတော့မှာ ဖြစ်တဲ့ အတွက် ဒီအချိန်ဟာ နိုင်ငံ့အတွက် မယုံနိုင်စရာအနေထားပဲလို့ နှစ်သစ်အကြိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
တချိန်ထဲမှာပဲ ဥရောပပါလီမန် အမတ်ဟောင်းတယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ရဲ့ ဖခင် Stanley Johnson ကတော့ ပြင်သစ်နိုင်ငံသား အဖြစ်ခံယူဖို့ လေ ျှာက်ထားခဲ့တယ်လို့ ကြာသပတေးနေ့မှာပဲ ပြောပါတယ်။ မစ္စတာ Stanley Johnson ဟာ ဗြိတိန် အီးယူကနေ ခွဲထွက်မှုကို ကန့်ကွက်သူ ဖြစ်ပါတယ်။