သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အီးယူေခါင္းေဆာင္ေတြ ဘတ္ဂ်က္သေဘာတူညီခ်က္ရဖုိ႔ နီးစပ္ေန


(Zawgyi/Unicode)

ၾကာသပေတးေန႔က စၿပီး ၂ ရက္ၾကာ က်င္းပေနတဲ့EUဥေရာပ သမဂၢ အဖြဲ႕ရဲ့ ထိပ္သီး အစည္းအေဝးကို တက္ေရာက္ေနတဲ့ အဖြဲ႕ဝင္ နိုင္ငံက ေခါင္းေဆာင္ေတြအၾကား ပိုလန္နဲ႔ ဟန္ေဂရီတို႔က ကန္႔ကြက္ေနတဲ့ ဘတ္ဂ်က္ သေဘာတူညီမႈကို ရရွိလုနီးေနၿပီ ျဖစ္ပါတယ္။

အဲဒီ အစည္းအေဝးမွာ အေမရိကန္ ေဒၚလာ ၂.၁ ထရီလီယံတန္ဖိုးရွိတဲ့ ဘတ္ဂ်တ္နဲ႔COVID 19အကူအညီေပးေရးအစီအစဥ္ကိုအတည္ ျပဳဖို႔ ရွိပါတယ္။ ဒါ့အျပင္ ဥတုရာသီ ေျပာင္းလဲမႈကို တားဆီးဖို႔အတြက္CO2ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈ ထိန္းခ်ဳပ္ေရး ကို လည္း ေဆြးေႏြးေနၾကပါတယ္။

ပိုလန္နဲ႔ ဟန္ေဂရီတို႔ ကန္႔ကြက္ေနတဲ့ ဘတ္ဂ်တ္ ျပႆနာကို ေက်ာ္လႊားနိုင္ဖို႔ ဂ်ာမနီနိုင္ငံအေနနဲ႔ အျပင္းအထန္ ႀကိဳးပမ္းေနတယ္လို႔ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္Angela Merkelက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြနဲ႔ ဂ်ာမနီနိုင္ငံနဲ႔ ကၽြန္မကိုယ္တိုင္နဲ႔ တျခားလုပ္ေဖာ္ကိုင္ဖက္ေတြက ကၽြန္မတို႔မွာ ရွိေနတဲ့ အခက္အခဲကို ေျဖရွင္းဖို႔ နဲ႔ ဟန္ေဂရီနဲ႔ ပိုလန္နိုင္ငံေတြကို ႁခြင္းခ်က္ေပးနိုင္တဲ့ အေျဖရနိုင္ဖို႔ အျပင္းအထန္ ႀကိဳးပမ္းေနပါတယ္လို႔ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္Merke က သတင္းေထာက္ေတြကိုေျပာပါတယ္။

အဖြဲ႕ဝင္ ၂၇ နိုင္ငံက ေခါင္းေဆာင္ေတြ အေနနဲ႔COVID 19ကာကြယ္ေဆးကိစၥ၊ အေမရိကန္နဲ႔ ဆက္ဆံေရး ျပန္လည္ေကာင္းမြန္ေရး ကိစၥနဲ႔ တူရကီနိုင္ငံက အျငင္းပြားေနတဲ့ ေျမထဲပင္လယ္ အေရွ႕ပိုင္းမွာ ေရနံတူးေဖာ္ေနတာေၾကာင့္ အေရးယူ ပိတ္ဆို႔မႈေတြ ခ်မွတ္ဖို႔ ကို ေဆြးေႏြးၾကဖို႔ ရွိပါတယ္။

EUရဲ့ ဘတ္ဂ်က္ နဲ႔ ျပန္လည္ နာလန္ထူေရး အစီအစဥ္ကို အတည္ျပဳနိုင္ဖို႔ ဦးစားေပးေဆြးေႏြးမွာ ျဖစ္ပါတယ္။

ေငြေၾကး အကူအညီ ရရွိေရးနဲ႔ တရားဥပေဒ စိုးမိုးေရးကိစၥကို ခ်ိတ္ဆက္ထားတာေၾကာင့္ ပိုလန္နဲ႔ ဟန္ေဂရီတို႔ကEUဘတ္ဂ်က္ကို ကန္႔ကြက္ေနတာ ျဖစ္ပါတယ္။

အဲဒီႏွစ္နိုင္ငံက အစိုးရေတြက ဒီမိုကေရစီနဲ႔ လြတ္လပ္ခြင့္ေတြ က်ဆင္းေနေအာင္လုပ္ေနတယ္လို႔EUအဖြဲ႕က စြပ္စြဲတာကို ခံေနရ တာပါ။ အထူးသျဖင့္ ပိုလန္မွာ တရားစီရင္ေရး လြတ္လပ္မႈ က်ဆင္းေနၿပီး ဟန္ေဂရီမွာက သတင္းမီဒီယာနဲ႔ လူမႈအဖြဲ႕ အစည္းေတြရဲ့ လြတ္လပ္ခြင့္ ေတြ က်ဆင္းေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ အလွည့္က် ဥကၠဌ ျဖစ္တဲ့ ဂ်ာမနီနိုင္ငံက အဲဒီ ႏွစ္နိုင္ငံနဲ႔ ေဆြးေႏြးၿပီး တရားဥပေဒ စိုးမိုးေရး ဆိုင္ရာ ယႏၲရားရဲ့ အဓိပၸါယ္ ဖြင့္ဆိုခ်က္ကို ေနာက္ထပ္ေဆြးေႏြးမယ္ဆိုၿပီး သေဘာတူညီခဲ့ၾကပါတယ္။

ဒါေပမဲ့ ဒီသေဘာတူညီခ်က္က ဥေရာပ သမဂၢရဲ့ စံႏႈန္းေတြကို က်ဆင္းေစမွာ ျဖစ္လို႔ ဂ်ာမနီနိုင္ငံ အေနနဲ႔ တျခား အဖြဲ႕ဝင္နိုင္ငံေတြ လက္ခံ ေအာင္ ေဆာင္ရြက္ရဦးမွာ ျဖစ္ပါတယ္။

EU ထိပ္သီး ေဆြးေႏြးပြဲမွာ Brexit ကိစၥလည္း ေဆြးေႏြးမွာ ျဖစ္ပါတယ္။ဘရပ္စ္ဆဲလ္ကို ေရာက္ရွိေနတဲ့ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ EU နဲ႔ ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ မရဖို႔ မ်ားတယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အီးယူခေါင်းဆောင်တွေ ဘတ်ဂျက်သဘောတူညီချက်ရဖို့ နီးစပ်နေ

(Unicode)

ကြာသပတေးနေ့က စပြီး ၂ ရက်ကြာ ကျင်းပနေတဲ့EUဥရောပ သမဂ္ဂ အဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ အဖွဲ့ဝင် နိုင်ငံက ခေါင်းဆောင်တွေအကြား ပိုလန်နဲ့ ဟန်ဂေရီတို့က ကန့်ကွက်နေတဲ့ ဘတ်ဂျက် သဘောတူညီမှုကို ရရှိလုနီးနေပြီ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ အမေရိကန် ဒေါ်လာ ၂.၁ ထရီလီယံတန်ဖိုးရှိတဲ့ ဘတ်ဂျတ်နဲ့COVID 19အကူအညီပေးရေးအစီအစဉ်ကိုအတည် ပြုဖို့ ရှိပါတယ်။ ဒါ့အပြင် ဥတုရာသီ ပြောင်းလဲမှုကို တားဆီးဖို့အတွက်CO2ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ထိန်းချုပ်ရေး ကို လည်း ဆွေးနွေးနေကြပါတယ်။

ပိုလန်နဲ့ ဟန်ဂေရီတို့ ကန့်ကွက်နေတဲ့ ဘတ်ဂျတ် ပြဿနာကို ကျော်လွှားနိုင်ဖို့ ဂျာမနီနိုင်ငံအနေနဲ့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ ဂျာမနီ ဝန်ကြီးချုပ်Angela Merkelက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေနဲ့ ဂျာမနီနိုင်ငံနဲ့ ကျွန်မကိုယ်တိုင်နဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေက ကျွန်မတို့မှာ ရှိနေတဲ့ အခက်အခဲကို ဖြေရှင်းဖို့ နဲ့ ဟန်ဂေရီနဲ့ ပိုလန်နိုင်ငံတွေကို ခြွင်းချက်ပေးနိုင်တဲ့ အဖြေရနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်လို့ ဂျာမနီ ဝန်ကြီးချုပ်Merke က သတင်းထောက်တွေကိုပြောပါတယ်။

အဖွဲ့ဝင် ၂၇ နိုင်ငံက ခေါင်းဆောင်တွေ အနေနဲ့COVID 19ကာကွယ်ဆေးကိစ္စ၊ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေး ကိစ္စနဲ့ တူရကီနိုင်ငံက အငြင်းပွားနေတဲ့ မြေထဲပင်လယ် အရှေ့ပိုင်းမှာ ရေနံတူးဖော်နေတာကြောင့် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ကို ဆွေးနွေးကြဖို့ ရှိပါတယ်။

EUရဲ့ ဘတ်ဂျက် နဲ့ ပြန်လည် နာလန်ထူရေး အစီအစဉ်ကို အတည်ပြုနိုင်ဖို့ ဦးစားပေးဆွေးနွေးမှာ ဖြစ်ပါတယ်။

ငွေကြေး အကူအညီ ရရှိရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စကို ချိတ်ဆက်ထားတာကြောင့် ပိုလန်နဲ့ ဟန်ဂေရီတို့ကEUဘတ်ဂျက်ကို ကန့်ကွက်နေတာ ဖြစ်ပါတယ်။

အဲဒီနှစ်နိုင်ငံက အစိုးရတွေက ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ကျဆင်းနေအောင်လုပ်နေတယ်လို့EUအဖွဲ့က စွပ်စွဲတာကို ခံနေရ တာပါ။ အထူးသဖြင့် ပိုလန်မှာ တရားစီရင်ရေး လွတ်လပ်မှု ကျဆင်းနေပြီး ဟန်ဂေရီမှာက သတင်းမီဒီယာနဲ့ လူမှုအဖွဲ့ အစည်းတွေရဲ့ လွတ်လပ်ခွင့် တွေ ကျဆင်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဂျာမနီနိုင်ငံက အဲဒီ နှစ်နိုင်ငံနဲ့ ဆွေးနွေးပြီး တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ယန္တရားရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို နောက်ထပ်ဆွေးနွေးမယ်ဆိုပြီး သဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီချက်က ဥရောပ သမဂ္ဂရဲ့ စံနှုန်းတွေကို ကျဆင်းစေမှာ ဖြစ်လို့ ဂျာမနီနိုင်ငံ အနေနဲ့ တခြား အဖွဲ့ဝင်နိုင်ငံတွေ လက်ခံ အောင် ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။

EU ထိပ်သီး ဆွေးနွေးပွဲမှာ Brexit ကိစ္စလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ဘရပ်စ်ဆဲလ်ကို ရောက်ရှိနေတဲ့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ကတော့ EU နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် မရဖို့ များတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG