သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်သူတွေပေါ် အရေးယူနိုင်မယ့်ဥပဒေသစ် EU ပြဌာန်းမယ်


EU အလံ။ (သြဂုတ် ၂၁၊ ၂၀၂၀)
EU အလံ။ (သြဂုတ် ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာတဝန်းက လူ့အခွင့်အရေးချိူးဖောက်သူတွေကို ဘာလူမျိုး၊ ဘယ်နေရာမှာပဲ ရောက်နေနေ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမယ့် ဥပဒေသစ်တခုကို EU ဥရောပသဂ္ဂနိုင်ငံတွေ ကနဦး သဘောတူညီလိုက်ကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့အဖြစ်ကျရောက်မယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တရားဝင်အတည်ပြုမယ့် ဥပဒေသစ်အရ EU အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ခရီးသွားလာမှု ကန့်သတ်တာတွေကို လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Netherlands နဲ့ အမေရိကန်တို့ရဲ့ တိုက်တွန်းဆောင်ရွက်မှုနဲ့ European Magnitsky Act လို့ နာမည်ပေးထားတဲ့ ဥပဒေသစ်ကို အတည်ပြုမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို လူသိရှင်ကြားဖြစ်အောင် အရေးယူဆောင်ရွက်ရေး အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၂ ခုနှစ်က ပြဌာန်းထားတဲ့ Magnitsky ဥပဒေမျိုး အလားတူဖြစ်ပါတယ်။ အဲဒီဥပဒေသစ်ကို EU ဥရောပသမဂ္ဂမှာ ပြဌာန်းလိုက်ပြီဆိုရင် ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်သူ ကမ္ဘာ့ဘယ်နေရာမှာပဲ ရောက်နေနေ EU အဖွဲ့ဝင်နိုင်ငံတွေမှာရှိနေတဲ့ သူတို့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်သလို ပြည်ဝင်ခွင့်ကိုလည်း EU က ပိတ်ပင်နိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာ ဥရောပသမဂ္ဂက လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူ ဆောင်ရွက်နေတာတွေကို ဆောင်ရွက်မှုသစ်တွေနဲ့ အစားထိုးတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အရေးးယူဆောင်ရွယ်မှုသစ်တွေက မြန်မာ၊ တရုတ်၊ ရုရှား၊ အီရန်၊ ဆော်ဒီအာရေးဘီးယား စတဲ့နိုင်ငံတွေက လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် အားဖြည့်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ EU က မေ ျှာ်လင့်နေပါတယ်။

လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ် ပြည်ဝင်ခွင့်ကို EU ဥရောပသမဂ္ဂတခုလုံးအနေနဲ့ လက်ရှိမှာ တားမြစ်ခွင့်မရှိဘဲ အဖွဲ့ဝင်နိုင်ငံတခုချင်းစီရဲ့ အပေါ်မှာသာ မူတည်နေတာဖြစ်ပါတယ်။ EU ရဲ့ တခြား ဒဏ်ခတ်အရေးယူပိုင်ခွင့်ကလည်း ပထဝီအနေအထားပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်သူတွေပေါ် အရေးယူနိုင်မယ့်ဥပဒေသစ် EU ပြဌာန်းမယ်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]


ကမ်ဘာတဝနျးက လူ့အခှင့ျအရေးခြိူးဖောကျသူတှကေို ဘာလူမြိုး၊ ဘယျနရောမှာပဲ ရောကျနနေေ ပဈမှတျထား ဒဏျခတျအရေးယူမယ့ျ ဥပဒသေဈတခုကို EU ဥရောပသဂ်ဂနိုငျငံတှေ ကနဦး သဘောတူညီလိုကျကွပါတယျ။




XS
SM
MD
LG