သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အစိုးရသစ်အနေနဲ့ နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့ အီးယူမျှော်လင့်


ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen
ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ ဂျိုးဘိုင်ဒန် အာဏာရလာရင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို ပိုလုပ်လာစေဖို့ အီးယူ ဥရောပသမဂ္ဂက မေ ျှာ်လင့်ကြောင်း G20 ထိပ်သီးအစည်းအဝေး မစခင် တရက်ဖြစ်တဲ့ သောကြာနေ့မှာ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen က ပြောပါတယ်။

"အမေရိကန်နိုင်ငံဟာ ပါရီသဘောတူညီချက်မှာ ပြန်ပါဝင်မယ်လို့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားသူရဲ့ ပြောကြားချက်အတွက် ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်အစိုးရသစ် အဖွဲ့အနေနဲ့ ဒီကိစ္စအတွက် စိတ်ထားမပြောင်းဖို့ မေ ျှာ်လင့်ထားတယ်"လို့ ပြောသွားတာပါ။

ဥတုရာသီပြောင်းလဲမှု ဆိုင်ရာ ပါရီသဘောတူညီချက် ကနေ သမ္မတဒေါ်နယ်ထရမ့် နှုတ်ထွက်သွားတာကို ပြန်ပြောင်းပြီး အမေရိကန်ဆက်လက် ပါဝင်ဖို့ အီးယူက မေ ျှာ်လင့်နေတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံဟာ လက်ရှိမှာ G20 အဖွဲ့ရဲ့ အလှည့်က ဥက္ကဌဖြစ်ပြီး အီးယူနဲ့ အီတလီက နောက်နှစ်အတွက် ဒီတာဝန်ကို လွှဲပြောင်းယူမှာ ဖြစ်သလို လာမယ့်နှစ်ထဲ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ညီလာခံကိုပါ လက်ခံကျင်းပပေးရမှာ ဖြစ်ပါတယ်။

သမ္မတထရမ့်လက်ထက်မှာ အမေရိကန်က ပါရီသဘောတူညီချက်အပြင် အီရန်-နျူကလီယားသဘောတူညီချက်၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ယူနက်စကို UNESCO ၊ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၊ ပစိဖိတ်တဖက်တချက် နိုင်ငံများ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး TPP သဘောတူညီချက်၊ ပါလက်စတိုင်းဒုက္ခသည်တွေ အတွက် အကူညီပေးနေတဲ့ UNRWA ကုလအဖွဲ့အစည်းကို ငွေထောက်ပံ့မှု နဲ့ ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ. OST (Open Skies Treaty) သဘောတူညီချက်တွေ အပါအဝင် နိုင်ငံစုံပါဝင်တဲ့ သဘောတူညီချက် အများအပြားကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံဟာ ဒီသီတင်းပတ်ကုန်မှာ G20 အွန်လိုင်း ထိပ်သီးအစည်းဝေး ကို ကမကထလုပ် ကျင်းပပေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..........

(Unicode)







XS
SM
MD
LG