သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး ကိုယ့်နိုင်ငံကိုသာ ဦးစားပေးမှု WHO ဝေဖန်ရှုတ်ချ


WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus
WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

COVID-19 ကာကွယ်ဆေးတွေကို ဖြန့်ဖြူးတဲ့နေရာမှာ ပိုပြီး ညီတူညီမျှ ဖြန့်ဝေဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက အင်္ဂါနေ့က နှစ်ဆတိုး တောင်းဆိုလိုက်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကနေ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို ရှေ့တန်းတင်ဆောင်ရွက်နေချိန်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေကတော့ ဒါတွေကို စောင့်ကြည့်ပြီး စောင့်ဆိုင်းနေခဲ့ရတယ်လို့ WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က (၁၀) ရက်ကြာမြင့်တဲ့ အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

”Vaccine nationalism ကိုယ်နိုင်ငံကိုပဲ ဦးစားပေးတဲ့ ကာကွယ်ဆေး အမျိုးသားရေးဝါဒဟာ တိုတောင်းတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုပဲ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးဆိုင်ရာ တန်းတူညီမျှမှုကို ပံ့ပိုးတာဟာ နိုင်ငံတိုင်းရဲ့အကျိုးစီးပွားအတွက် အကျိုးရှိစေပါတယ်။”

လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ အာဖရိကမှာ နိုင်ငံတဝန်း ကာကွယ်ဆေးထိုးမယ့်အစီအစဉ်တွေကို စတင်ဖို့ ကာကွယ်ဆေးအလုံအလောက်ရရှိဖို့ ရုန်းကန်နေရဆဲအချိန်မှာ ချမ်းသာတဲ့ နိုင်ငံတွေကနေ ကာကွယ်ဆေးအလုံးရည် သန်းနဲ့ ချီ အပိုမှာယူနေတယ်လို့ Gavi နိုင်ငံတကာကာကွယ်ဆေး မဟာမိတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

WHO နဲ့ Gavi ဦး ဆောင်တဲ့ COVAX တကမ္ဘာလုံး ကာကွယ်ဆေးဖြန့်ဖြူးရေးအစီအစဉ်ကနေ အာဖရိကတိုက်အတွက် ပေးပို့မယ့် ဆေးပမာဏ သန်း ၆၀၀ အတွက် အာဖရိက သမဂ္ဂကနေ ဇန်နဝါရီလအတွင်း ဆေးအလုံးရည်သန်း ၂၇၀ လောက် ထိုးပေးနိုင်ခဲ့ပါတယ်။

ဒီအတောအတွင်း တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ WHO ကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့တွေ့ဆုံခွင့်ပေးဖို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူရဲ့ ဆွေမျိုးတဦးက တရုတ်အစိုးရကို တောင်းဆိုထားပါတယ်။အဲဒီအဖွဲ့အနေနဲ့ တရုတ်အစိုးရက အသံပိတ်ထားတယ်လို့စွပ်စွဲခံထားရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ မိသားစုတွေနဲ့ တွေ့ဆုံစကားပြောသင့်တယ်လို့လည်း သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG