သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးေတြ တိုင္းနဲ႔ျပည္နယ္ေတြဆီ ျဖန္႔ျဖဴးဖို႔ျပင္ဆင္


အိႏၵိယႏုိင္ငံက ေရာက္ရွိလာတဲ့ ကိုဗစ္ကာကြယ္ေဆး Covidshield။ (ဇန္နဝါရီ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံအတြက္ အိႏၵိယက လွဴဒါန္းလိုက္တဲ့ COVID-19 ကာကြယ္ေဆးေတြ ႏိုင္ငံတဝန္းက ျပည္နယ္ တုိင္းေတြဆီ မၾကာခင္ ေရာက္ရွိလာေတာ့မွာျဖစ္လို႔ ကာကြယ္ေဆးထိုးႏွံေရး အစီအစဥ္ေတြအတြက္ ႀကိဳတင္ျပင္ဆင္ေနၾကၿပီ ျဖစ္ပါတယ္။ ကာကြယ္ေဆး ဘယ္သူေတြကို ဦးစားေပးထိုးႏွံမလဲ၊ ဘယ္လိုျပင္ဆင္မႈေတြ ေဆာင္ရြက္ေနပါသလဲ ဆိုတာကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

အိႏၵိယျပည္သူေတြနဲ႔ အိႏၵိယအစိုးရက ျမန္မာႏိုင္ငံအတြက္ လက္ေဆာင္အျဖစ္ လွဴဒါန္းလိုက္တဲ့ ၿဗိတိန္ ေအာက္စ္ဖို႔တကၠသိုလ္နဲ႔ ၿဗိတိန္-ဆြီဒင္ AstraZeneca ကုမၸဏီတို႔ ပူးတြဲသုေတသနလုပ္ၿပီး အိႏၵိယႏိုင္ငံ Serum Institute က ထုတ္လုပ္တဲ့ ကာကြယ္ေဆးအလုံးေပါင္း ၁.၅ သန္း ဇန္နဝါရီလ ၂၂ ရက္ေန႔က ျမန္မာႏိုင္ငံကို ေရာက္ရွိလာပါၿပီ။ ပထမအသုတ္ အိႏၵိယကလာတဲ့ ကာကြယ္ေဆး ၁ သန္းခြဲကို ျမန္မာႏိုင္ငံက လူဦးေရ ၇ သိန္းခြဲအတြက္ လ်ာထားၿပီး က်န္းမာေရးဝန္ထမ္းေတြကို ဦးစားေပးထိုးႏွံဖို႔ စီစဥ္ထားတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။
ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။


"တသန္းခြဲဆိုေတာ့ က်မတို႔ျပည္သူလူထု ၇ သိန္းခြဲအတြက္ လုံေလာက္ပါတယ္။ ဒီေတာ့ က်မတို႔ ပထမရမယ့္အသုတ္က ၇ သိန္းခြဲအတြက္ပဲဆိုေတာ့ ဘယ္လို ဒီကာကြယ္ေဆးေတြကို ႏိုင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္ သုံးမလဲဆိုတာ က်မတို႔ အင္မတန္မွ အေလးထားၿပီးေတာ့ စဥ္းစားရပါတယ္။ ဒီေတာ့ ပထမဦးဆုံး ဦးစားေပးရမွာေတာ့ ေရွ႕တန္းမွာ လုပ္ေဆာင္ေနတဲ့ က်မတို႔ရဲ႕ က်န္းမာေရးဝန္ထမ္းေတြပါ။ ဒါေတာ့ က်မတို႔ ျပည္သူအားလုံးကလည္း သေဘာတူလိမ့္မယ္လို႔ က်မယုံၾကည္ပါတယ္။ ဒီၾကားထဲမွာ ကာကြယ္ေဆးေတြ ထပ္ၿပီးေရာက္လာတာနဲ႔အမွ် က်မတို႔ တျဖည္းျဖည္းနဲ႔ တဆင့္ၿပီးတဆင့္ ေရာဂါျပန႔္ပြားမႈကို ကာကြယ္ဖို႔အတြက္ အေရးႀကီးတဲ့ေနရာမွာ က်မတို႔ႏိုင္ငံရဲ႕ ယႏၲရားမ်ား ျပန္လည္ပုံမွန္လည္ပတ္ႏိုင္ဖို႔ အေရးႀကီးတဲ့ ေနရာေတြကို ဦးစားေပးၿပီး အစီအစဥ္ေတြ ခ်မွတ္သြားမွာပါ။ အစီအစဥ္ေတြ ခ်မွတ္တာနဲ႔အမွ် က်မတို႔ျပည္သူေတြကို အသိေပးမွာပါ။ ဘယ္လိုေၾကာင့္ ဘယ္သူ ဘယ္အုပ္စုေတြကို က်မတို႔ ဦးစားေပးမွာလဲဆိုတာ ျပည္သူေတြကို အသိေပး ခ်ျပသြားမွာပါ။ ေနာက္တခုကေတာ့ ကာကြယ္ေဆးေရာက္ေတာ့မယ္ဆိုၿပီး မေပါ့ပါနဲ႔၊ ေပါ့ေပါ့ဆဆ မေနပါနဲ႔လို႔ က်မ တိုက္တြန္းပါရေစ။ ဒါဟာ သိပ္ၿပီးေတာ့ အေရးႀကီးပါတယ္။"

ရန္ကုန္ကို ေရာက္ရွိလာၿပီျဖစ္တဲ့ COVID-19 ကာကြယ္ေဆးေတြကို ျပည္နယ္၊ တိုင္းအသီးသီးက က်န္းမာေရးဦးစီးဌာနေတြဆီ ဒီသီတင္းပတ္ထဲ ျဖန႔္ေဝေတာ့မွာ ျဖစ္ပါတယ္။ ဧရာဝတီတိုင္းေဒသႀကီး အတြက္ကေတာ့ COVID-19 ကာကြယ္ေဆး လူ ၁၀,၀၀၀ စာရဖို႔ စီစဥ္ထားၿပီး ကာကြယ္ေဆးထိုးႏွံႏိုင္ဖို႔ အဓိက က်န္းမာေရးဝန္ထမ္းေတြနဲ႔ အစိုးရ တိုင္းေဒသႀကီးအဖြဲ႔နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ ျပင္ဆင္ထားတယ္လို႔ ဧရာဝတီတိုင္း က်န္းမာေရးဦးစီးဌာနမွဴး ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြန္းေအာင္က ေျပာျပပါတယ္။

"မေန႔ကမွ ရန္ကုန္ကို ေဆးေရာက္တယ္ဆိုေတာ့ က်ေနာ္တို႔ဆီကို မနက္ျဖန္ သန္ဘက္ခါေလာက္ေရာက္ဖို႔ ရွိပါတယ္။ က်ေနာ္တို႔ အားလုံးေပါင္း ဧရာဝတီတိုင္းအတြက္က က်န္းမာေရးဝန္ထမ္းေပါင္း ၉,၀၀၀ ေက်ာ္ရွိပါတယ္။ ေနာက္ တိုင္းေဒသႀကီး အစိုးရအဖြဲ႔နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ပါ အပါ အားလုံး လူ ၁၀,၀၀၀ စာ က်ေနာ္တို႔ ေတာင္းထားပါတယ္။ ကာကြယ္ေဆး လူ ၁၀,၀၀၀ စာ။ က်ေနာ္တို႔ဆီမွာ ဇန္နဝါရီလ ၂၇ ရက္ေန႔စၿပီးေတာ့ ၂၇ ကို က်န္းမာေရးဝန္ထမ္းေတြ စထိုးပါမယ္။ ၂၇ ရက္ေန႔ကေန ၃၁ ရက္ေန႔အထိ ငါးရက္ေလာက္ ထိုးမယ္။ တိုင္းအစိုးရအဖြဲ႔ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဆက္ထိုးပါမယ္။ အခု သင္တန္းေတြလည္း ေပးေနပါၿပီ။ ဧရာဝတီတိုင္း အတြက္ကေတာ့ နံပါတ္တစ္ ဦးစားေပးက က်န္းမာေရးဝန္ထမ္းမ်ားပါ။ ကိုဗစ္ကာကြယ္ေရး ႏွိမ္နင္းေရးကို ကုသေစာင့္ေရွာက္ေပးေနတဲ့ က်န္းမာေရး ဝန္ထမ္းမ်ားနဲ႔ ေစတနာ့ဝန္ထမ္းမ်ားကိုေတာ့ ပထမဦးစားေပးပါတယ္။ အခုေလာေလာဆယ္ကေတာ့ သူတို႔ ကာကြယ္ေဆးအေၾကာင္း၊ ကာကြယ္ေဆးထိုးၿပီးရင္ ျဖစ္တတ္တဲ့ သေဘာသဘာဝေလးေတြ။ ကာကြယ္ေဆးကို ဘယ္လိုထားရမယ္၊ ေနာက္ ဘယ္လိုထိုးရမယ္ ဒါေတြကို က်ေနာ္သင္တန္းေပးေနပါၿပီ။”

အခုေရာက္ရွိလာတဲ့ COVID-19 ကာကြယ္ေဆး ထိုးႏွံခြင့္ရမယ့္သူ က်န္းမာေရးဝန္ထမ္းေတြနဲ႔တကြ ထိုးခြင့္ရမယ့္သူေတြ အေနနဲ႔ ပထမတႀကိမ္နဲ႔ ဒုတိယတႀကိမ္ ထိုးႏွံမႈေတြၾကား COVID-19 ေရာဂါပိုး ကူးစက္ခံရျခင္းမရွိေအာင္ အထူးသတိထား ေနထိုင္ၾကဖို႔နဲ႔ မၾကာခင္ ျပည္သူလူထုတုိင္း ကာကြယ္ေဆးထိုးခြင့္ရေအာင္ အစိုးရက ႀကိဳးပမ္းေနတဲ့အတြက္ ေဆးထိုးခြင့္မရခင္စပ္ၾကား ပိုးကူးစက္မႈေတြ ေလ်ာ့ေအာင္ ျပည္သူေတြ အထူးသတိရွိရွိ ေနထိုင္ၾကဖို႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏိုင္စိုးက တိုက္တြန္းပါတယ္။

"အခုေရာက္လာတဲ့ ကာကြယ္ေဆး Dose ၁.၅ သန္းမွာ လူဦးေရနဲ႔ တြက္ၾကည့္ရင္ လူဦးေရ ၇ သိန္းခြဲစာေလာက္ ရမယ္ေပါ့ေနာ္။ ဥပမာ အထိုးခံမယ့္လူတေယာက္က ပထမတႀကိမ္နဲ႔ ဒုတိယအႀကိမ္ၾကားထဲမွာ သတ္မွတ္ကာလ ၂၈ ရက္ေပါ့။ ဒုတိယအႀကိမ္ ထပ္ၿပီး အထိုးမခံရခင္ကာလ အဲ့ဒီ့အခ်ိန္မွာ ကာကြယ္ေရးနည္းလမ္းေတြကို မလိုက္နာဘူးဆိုရင္ တကယ္ နွေမ်ာဖို႔ေကာင္းတယ္။ ဒီဟာေတြကို လိုက္နာဖို႔ အထူးပဲ အေရးႀကီးပါတယ္။ ဘာပဲေျပာေျပာ ဒီအခ်ိန္ကာလမွာ က်ေနာ္တို႔ဆီ ကာကြယ္ေဆးေတြ ေရာက္လာတယ္ဆိုတာ အားေဆးတခုပါပဲ။ ဒီအားေဆးေသာက္ၿပီး ပိုအားစိုက္ၿပီး ေလွာ္မယ္ဆိုရင္ ပန္းတိုင္ကို ေရာက္မယ္ဆိုတဲ့အေၾကာင္း တင္ျပလိုပါတယ္။ ဒါေၾကာင့္ အားလံုးက Mask တပ္ျခင္း၊ လက္ေဆးျခင္း၊ တဦးနဲ႔တဦး ခပ္ခြာခြာေနျခင္း စတာေတြကို ပိုမိုအားစိုက္ၿပီးေတာ့ လိုက္နာဖို႔လိုပါတယ္။"

အခု ျမန္မာျပည္မွာ ထိုးႏွံၾကမယ့္ အိႏၵိယက COVID-19 ကာကြယ္ေဆးေတြကေတာ့ ၿဗိတိန္ ေအာက္စ္ဖို႔တကၠသိုလ္နဲ႔ ၿဗိတိန္-ဆြီဒင္ Astra Zeneca ကုမၸဏီတို႔ ပူးတြဲသုေတသနလုပ္ၿပီး အိႏိၵယႏုိင္ငံ Serum Institute ကထုတ္လုပ္တဲ့ ကာကြယ္ေဆးျဖစ္ၿပီး ျမန္မာအစိုးရဘက္က အခု အိႏၵိယက လက္ေဆာင္အျဖစ္ အခမဲ့ေပးအပ္တဲ့ ထိုးေဆးေတြအျပင္ ေနာက္ထပ္ လူ ၁၅ သန္းစာအတြက္ ကာကြယ္ေဆး သန္း ၃၀ အိႏၵိယကေန ဝယ္ယူထားပါတယ္။ ဝယ္ယူထားတဲ့ ဒီေဆးေတြကေတာ့ ေဖေဖာ္ဝါရီလကုန္ထဲ ေရာက္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

အခုလက္ရွိမွာေတာ့ ျမန္မာတႏုိင္ငံလံုး အတိုင္းအတာနဲ႔ COVID-19 ေရာဂါပိုး ေတြ႔ရွိတဲ့ အတည္ျပဳလူနာေပါင္းက ဇန္နဝါရီလ ၂၂ ရက္ေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္အရ ၁၃၆,၅၉၁ ေယာက္ ရွိသြားၿပီျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးသူကေတာ့ ၃,၀၃၁ ေယာက္အထိ ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေးတွေ တိုင်းနဲ့ပြည်နယ်တွေဆီ ဖြန့်ဖြူးဖို့ပြင်ဆင်

မြန်မာနိုင်ငံအတွက် အိန္ဒိယက လှူဒါန်းလိုက်တဲ့ COVID-19 ကာကွယ်ဆေးတွေ နိုင်ငံတဝန်းက ပြည်နယ် တိုင်းတွေဆီ မကြာခင် ရောက်ရှိလာတော့မှာဖြစ်လို့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေအတွက် ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေး ဘယ်သူတွေကို ဦးစားပေးထိုးနှံမလဲ၊ ဘယ်လိုပြင်ဆင်မှုတွေ ဆောင်ရွက်နေပါသလဲ ဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အိန္ဒိယပြည်သူတွေနဲ့ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် လက်ဆောင်အဖြစ် လှူဒါန်းလိုက်တဲ့ ဗြိတိန် အောက်စ်ဖို့တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင် AstraZeneca ကုမ္ပဏီတို့ ပူးတွဲသုတေသနလုပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်တဲ့ ကာကွယ်ဆေးအလုံးပေါင်း ၁.၅ သန်း ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပါပြီ။ ပထမအသုတ် အိန္ဒိယကလာတဲ့ ကာကွယ်ဆေး ၁ သန်းခွဲကို မြန်မာနိုင်ငံက လူဦးရေ ၇ သိန်းခွဲအတွက် လျာထားပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"တသန်းခွဲဆိုတော့ ကျမတို့ပြည်သူလူထု ၇ သိန်းခွဲအတွက် လုံလောက်ပါတယ်။ ဒီတော့ ကျမတို့ ပထမရမယ့်အသုတ်က ၇ သိန်းခွဲအတွက်ပဲဆိုတော့ ဘယ်လို ဒီကာကွယ်ဆေးတွေကို နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် သုံးမလဲဆိုတာ ကျမတို့ အင်မတန်မှ အလေးထားပြီးတော့ စဉ်းစားရပါတယ်။ ဒီတော့ ပထမဦးဆုံး ဦးစားပေးရမှာတော့ ရှေ့တန်းမှာ လုပ်ဆောင်နေတဲ့ ကျမတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ ဒါတော့ ကျမတို့ ပြည်သူအားလုံးကလည်း သဘောတူလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။ ဒီကြားထဲမှာ ကာကွယ်ဆေးတွေ ထပ်ပြီးရောက်လာတာနဲ့အမျှ ကျမတို့ တဖြည်းဖြည်းနဲ့ တဆင့်ပြီးတဆင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့နေရာမှာ ကျမတို့နိုင်ငံရဲ့ ယန္တရားများ ပြန်လည်ပုံမှန်လည်ပတ်နိုင်ဖို့ အရေးကြီးတဲ့ နေရာတွေကို ဦးစားပေးပြီး အစီအစဉ်တွေ ချမှတ်သွားမှာပါ။ အစီအစဉ်တွေ ချမှတ်တာနဲ့အမျှ ကျမတို့ပြည်သူတွေကို အသိပေးမှာပါ။ ဘယ်လိုကြောင့် ဘယ်သူ ဘယ်အုပ်စုတွေကို ကျမတို့ ဦးစားပေးမှာလဲဆိုတာ ပြည်သူတွေကို အသိပေး ချပြသွားမှာပါ။ နောက်တခုကတော့ ကာကွယ်ဆေးရောက်တော့မယ်ဆိုပြီး မပေါ့ပါနဲ့၊ ပေါ့ပေါ့ဆဆ မနေပါနဲ့လို့ ကျမ တိုက်တွန်းပါရစေ။ ဒါဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။"

ရန်ကုန်ကို ရောက်ရှိလာပြီဖြစ်တဲ့ COVID-19 ကာကွယ်ဆေးတွေကို ပြည်နယ်၊ တိုင်းအသီးသီးက ကျန်းမာရေးဦးစီးဌာနတွေဆီ ဒီသီတင်းပတ်ထဲ ဖြန့်ဝေတော့မှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွက်ကတော့ COVID-19 ကာကွယ်ဆေး လူ ၁၀,၀၀၀ စာရဖို့ စီစဉ်ထားပြီး ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အဓိက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရ တိုင်းဒေသကြီးအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပြင်ဆင်ထားတယ်လို့ ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပြပါတယ်။

"မနေ့ကမှ ရန်ကုန်ကို ဆေးရောက်တယ်ဆိုတော့ ကျနော်တို့ဆီကို မနက်ဖြန် သန်ဘက်ခါလောက်ရောက်ဖို့ ရှိပါတယ်။ ကျနော်တို့ အားလုံးပေါင်း ဧရာဝတီတိုင်းအတွက်က ကျန်းမာရေးဝန်ထမ်းပေါင်း ၉,၀၀၀ ကျော်ရှိပါတယ်။ နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက်ပါ အပါ အားလုံး လူ ၁၀,၀၀၀ စာ ကျနော်တို့ တောင်းထားပါတယ်။ ကာကွယ်ဆေး လူ ၁၀,၀၀၀ စာ။ ကျနော်တို့ဆီမှာ ဇန်နဝါရီလ ၂၇ ရက်နေ့စပြီးတော့ ၂၇ ကို ကျန်းမာရေးဝန်ထမ်းတွေ စထိုးပါမယ်။ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ငါးရက်လောက် ထိုးမယ်။ တိုင်းအစိုးရအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်ထိုးပါမယ်။ အခု သင်တန်းတွေလည်း ပေးနေပါပြီ။ ဧရာဝတီတိုင်း အတွက်ကတော့ နံပါတ်တစ် ဦးစားပေးက ကျန်းမာရေးဝန်ထမ်းများပါ။ ကိုဗစ်ကာကွယ်ရေး နှိမ်နင်းရေးကို ကုသစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများကိုတော့ ပထမဦးစားပေးပါတယ်။ အခုလောလောဆယ်ကတော့ သူတို့ ကာကွယ်ဆေးအကြောင်း၊ ကာကွယ်ဆေးထိုးပြီးရင် ဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေ။ ကာကွယ်ဆေးကို ဘယ်လိုထားရမယ်၊ နောက် ဘယ်လိုထိုးရမယ် ဒါတွေကို ကျနော်သင်တန်းပေးနေပါပြီ။”

အခုရောက်ရှိလာတဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံခွင့်ရမယ့်သူ ကျန်းမာရေးဝန်ထမ်းတွေနဲ့တကွ ထိုးခွင့်ရမယ့်သူတွေ အနေနဲ့ ပထမတကြိမ်နဲ့ ဒုတိယတကြိမ် ထိုးနှံမှုတွေကြား COVID-19 ရောဂါပိုး ကူးစက်ခံရခြင်းမရှိအောင် အထူးသတိထား နေထိုင်ကြဖို့နဲ့ မကြာခင် ပြည်သူလူထုတိုင်း ကာကွယ်ဆေးထိုးခွင့်ရအောင် အစိုးရက ကြိုးပမ်းနေတဲ့အတွက် ဆေးထိုးခွင့်မရခင်စပ်ကြား ပိုးကူးစက်မှုတွေ လျော့အောင် ပြည်သူတွေ အထူးသတိရှိရှိ နေထိုင်ကြဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက တိုက်တွန်းပါတယ်။

"အခုရောက်လာတဲ့ ကာကွယ်ဆေး Dose ၁.၅ သန်းမှာ လူဦးရေနဲ့ တွက်ကြည့်ရင် လူဦးရေ ၇ သိန်းခွဲစာလောက် ရမယ်ပေါ့နော်။ ဥပမာ အထိုးခံမယ့်လူတယောက်က ပထမတကြိမ်နဲ့ ဒုတိယအကြိမ်ကြားထဲမှာ သတ်မှတ်ကာလ ၂၈ ရက်ပေါ့။ ဒုတိယအကြိမ် ထပ်ပြီး အထိုးမခံရခင်ကာလ အဲ့ဒီ့အချိန်မှာ ကာကွယ်ရေးနည်းလမ်းတွေကို မလိုက်နာဘူးဆိုရင် တကယ် နှမျောဖို့ကောင်းတယ်။ ဒီဟာတွေကို လိုက်နာဖို့ အထူးပဲ အရေးကြီးပါတယ်။ ဘာပဲပြောပြော ဒီအချိန်ကာလမှာ ကျနော်တို့ဆီ ကာကွယ်ဆေးတွေ ရောက်လာတယ်ဆိုတာ အားဆေးတခုပါပဲ။ ဒီအားဆေးသောက်ပြီး ပိုအားစိုက်ပြီး လှော်မယ်ဆိုရင် ပန်းတိုင်ကို ရောက်မယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် အားလုံးက Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ တဦးနဲ့တဦး ခပ်ခွာခွာနေခြင်း စတာတွေကို ပိုမိုအားစိုက်ပြီးတော့ လိုက်နာဖို့လိုပါတယ်။"

အခု မြန်မာပြည်မှာ ထိုးနှံကြမယ့် အိန္ဒိယက COVID-19 ကာကွယ်ဆေးတွေကတော့ ဗြိတိန် အောက်စ်ဖို့တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင် Astra Zeneca ကုမ္ပဏီတို့ ပူးတွဲသုတေသနလုပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute ကထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပြီး မြန်မာအစိုးရဘက်က အခု အိန္ဒိယက လက်ဆောင်အဖြစ် အခမဲ့ပေးအပ်တဲ့ ထိုးဆေးတွေအပြင် နောက်ထပ် လူ ၁၅ သန်းစာအတွက် ကာကွယ်ဆေး သန်း ၃၀ အိန္ဒိယကနေ ဝယ်ယူထားပါတယ်။ ဝယ်ယူထားတဲ့ ဒီဆေးတွေကတော့ ဖေဖော်ဝါရီလကုန်ထဲ ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

အခုလက်ရှိမှာတော့ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ COVID-19 ရောဂါပိုး တွေ့ရှိတဲ့ အတည်ပြုလူနာပေါင်းက ဇန်နဝါရီလ ၂၂ ရက်နေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ ၁၃၆,၅၉၁ ယောက် ရှိသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူကတော့ ၃,၀၃၁ ယောက်အထိ ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG