သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏိၵယက ကိုဗစ္ကာကြယ္ေဆး မၾကာခင္ရက္ပိုင္းမွာ ျမန္မာႏိုင္ငံ ေရာက္လာေတာ့မယ္


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)၊ ကိုဗစ္-၁၉ ေရာဂါအထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္ေရာဂါကာကြယ္ေဆး လာမယ့္ ရက္အနည္းငယ္အတြင္းမွာ ျမန္မာႏိုင္ငံကို ေရာက္ရွိလာေတာ့မယ့္အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

အိႏၵိယႏိုင္ငံက သူ႔ႏိုင္ငံထုတ္ကာကြယ္ေဆးေတြကို အိမ္နီးခ်င္း ၆ ႏိုင္ငံဆီ မေန႔က စၿပီးပို႔ေဆာင္တဲ့အထဲ ျမန္မာႏိုင္ငံလည္း အပါအဝင္ျဖစ္ပါတယ္။ လူဦးေရ ၁၅ သန္းစာအတြက္ မွာယူထားတဲ့ ဒီကာကြယ္ေဆးေတြ ပထမအသုတ္အေနနဲ႔ အလုံးေရ ဘယ္ေလာက္ေရာက္ရွိမယ္ဆိုတာ အတိအက်မသိရေသးေပမဲ့ ကာကြယ္ေဆးေတြ ေရာက္လာရင္ ဦးစားေပး အဆင့္ဆင့္ထိုးႏွံရမယ့္သူေတြအတြက္ စတင္ေဆာင္႐ြက္သြားမယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာထားပါတယ္။

အိႏၵိယႏိုင္ငံကေန ေရာက္ရွိမယ့္ ကာကြယ္ေဆး Covishield ဟာ ကိုဗစ္ေရာဂါကို ကာကြယ္ႏိုင္စြမ္း ၉၀ ရာခိုင္ႏႈန္းအထိ ရွိတယ္လို႔လည္း တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။ က်န္းမာေရးဝန္ထမ္းေတြနဲ႔ အသက္ႀကီးသူေတြကို ဦးစားေပးထိုးႏွံေပးမယ့္ ဒီကာကြယ္ေဆးေတြေရာက္ရွိလာရင္ ေဘးထြက္ဆိုးက်ိဳးအႏၲရာယ္ကို ေၾကာက္လန႔္တာမရွိေစဖို႔အတြက္လည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"ျပည္သူေတြကို တခုေျပာခ်င္တာကေတာ့ ကာကြယ္ေဆးသည္ စိတ္ခ်ရမွ ေဘးကင္းလုံၿခဳံမွ Clinical Trial ေတြကို အဆင့္ဆင့္ျဖတ္ၿပီးေတာ့မွ သူ႔ကိုအသုံးျပဳခြင့္ Authorize or Approve ျဖစ္တာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒါက စိတ္ခ်ရတယ္ဆိုတာ ေျပာခ်င္ပါတယ္။ ကာကြယ္ေဆးထိုးျခင္းဟာဆိုရင္ ျပင္းျပင္းထန္ထန္ေရာဂါ ျဖစ္ပြားမႈကေနၿပီးေတာ့ ကာကြယ္ေပးပါတယ္။ ေနာက္ ကိုယ္ထိုးထားရင္ ကိုယ့္ရဲ႕အနီးအနားမွာ ရွိတဲ့သူေတြကိုပါ ကာကြယ္ႏိုင္ပါတယ္။ အထူးသျဖင့္ အသက္ႀကီးၿပီးေတာ့ အႏၲရာယ္ရွိတဲ့သူေတြကို ကာကြယ္ႏိုင္ပါတယ္။"

ကမာၻ႔အႀကီးဆုံးေဆးထုတ္လုပ္ေရး ကုမၸဏီျဖစ္တဲ့ Serum Institute of India နဲ႔ ၿဗိတိန္ေအာက္စ္ဖို႔ တကၠသိုလ္တို႔ ပူးတြဲသုေတသနလုပ္ ထုတ္လုပ္ထားတဲ့ ဒီကာကြယ္ေဆးဟာ လူတေယာက္ကို ေလးပတ္ျခားၿပီး ႏွစ္ႀကိမ္ထိုးႏွံရမွာ ျဖစ္ပါတယ္။ ကပ္ေရာဂါကူးစက္ခံရမယ့္ အႏၲရာယ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လူတိုင္း ကာကြယ္ေဆးထိုးႏွံဖို႔အတြက္ အဆင့္ဆင့္ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ေရာဂါကာကြယ္ေရးခ်မွတ္ထားတဲ့ စည္းကမ္းေတြကို ဆက္ၿပီးလိုက္နာဖို႔ကိုလည္း ေဒါက္တာခင္ခင္ႀကီးက တိုက္တြန္းထားပါတယ္။

"ကာကြယ္ေဆးေတြက အမ်ားႀကီးေကာင္းက်ိဳးရွိတယ္ဆို လူတိုင္းကာကြယ္ေဆး ထိုးခ်င္ၾကမွာ ျဖစ္ပါတယ္၊ ဒါလည္းလက္ခံပါတယ္။ သို႔ေသာ္ ကာကြယ္ေဆးသည္ က်န္းမာေရးဝန္ထမ္းေတြကို ပထမဦးစားေပး။ ၿပီးရင္ အသက္ ၆၅ ႏွစ္အထက္၊ အသက္ ၆၀ အထက္ စသျဖင့္ ဦးစားေပးအစီအစဥ္အလိုက္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ သို႔ေသာ္ ကာကြယ္ေဆးထိုးၿပီးရင္ေတာင္မွ က်မတို႔ဟာ ဆက္ၿပီးေတာ့ေရာဂါကို ကာကြယ္တဲ့နည္းစနစ္ေတြကို ဆက္လက္က်င့္သုံးေနရဦးမွာျဖစ္ပါတယ္။ ဒီေနရာမွာ က်မတို႔ လက္ေဆးတာ၊ Mask တပ္တာ၊ လူအုပ္စုေရွာင္တာကေတာ့ လက္ရွိအခ်ိန္ထိက အေကာင္းဆုံးကာကြယ္ေဆးလည္း ျဖစ္ပါတယ္၊ အေကာင္းဆုံးကုသေဆးလည္း ျဖစ္ပါတယ္ဆိုတာကို ျပည္သူေတြကိုေျပာလိုပါတယ္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြအရ ရန္ကုန္၊ မႏၲေလးနဲ႔ ပဲခူး၊ ဧရာဝတီတိုင္း၊ ရခိုင္ျပည္နယ္တို႔မွာ ေရာဂါကူးစက္ခံရသူ အမ်ားဆုံးရွိေနတာပါ။ ကာကြယ္ေဆးထိုးႏွံေပးမယ့္ အဆင့္လိုက္ဦးစားေပးစနစ္မွာ ေရာဂါျဖစ္ပြားမႈအမ်ားဆုံးရွိေနတဲ့ ေဒသေတြျဖစ္ႏိုင္တာေၾကာင့္ ဒီအစီအစဥ္အေပၚကို နားလည္ေပးၾကဖို႔ကိုလည္း မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

"ဘာပဲေျပာေျပာ ေစတနာရွင္ေတြကေန ေပးတဲ့ဟာ (ကိုဗစ္ကာကြယ္ေဆးအလႉေငြ) ေတြနဲ႔ဆိုရင္ က်ေနာ္ထင္တယ္ Coverage က က်ေနာ္တို႔ႏိုင္ငံအတြက္ သိပ္မဆိုးပါဘူး။ ၂၀၂၁ တႏွစ္လုံးကေတာ့ ကိုဗစ္ကာကြယ္ေဆးေတြအဆင့္လိုက္ အဆင့္လိုက္ရမွာပါ။ မႏၲေလးဘယ္ေလာက္ရမယ္ဆိုတာ သူတို႔ေျပာတဲ့အထဲမွာေတာ့ COVID- 19 အျဖစ္မ်ားတဲ့ ဧရိယာဆိုေတာ့ ရန္ကုန္၊ မႏၲေလး၊ ရခိုင္ ေသခ်ာတာကေတာ့ ဒါပဲ။ ျငင္းလို႔မရဘူးေလ ဟုတ္တယ္မဟုတ္လား။ တျခားေနရာေတြထက္စာရင္ ျဖစ္တာမ်ားတဲ့ ဧရိယာဆိုေတာ့ ကာကြယ္ေဆးရတာလည္း ဒီဧရိယာေတြက ပိုၿပီးဦးစားေပးရမယ္နဲ႔ တူတယ္။ ဒီေနရာမွာ က်ေနာ္တို႔က ဘာပဲအေရးႀကီးလဲဆို က်ေနာ္တို႔နားလည္မႈေပးရမယ္။ သူအရင္ထိုးရတယ္၊ ငါအရင္ထိုးရတယ္ မလုပ္နဲ႔။ က်ေနာ္တို႔အားလုံး ထိုးရေအာင္ အတိုင္ပင္ခံပုဂၢိဳလ္စီစဥ္ေနတာပဲ။"

ျမန္မာႏိုင္ငံတြင္း ပုံမွန္ကာကြယ္ေဆးထိုး စီမံကိန္းမွာ ကာကြယ္ေဆး ၁၃ မ်ိဳးကို ထိုးႏွံေပးေနတဲ့အစဥ္အလာရွိၿပီးသားျဖစ္လို႔ ကိုဗစ္ကာကြယ္ေဆးေတြေရာက္လာရင္ လုပ္ေဆာင္ရမယ့္အစီအစဥ္ေတြကို အခက္အခဲမရွိေဆာင္႐ြက္ႏိုင္မွာ ျဖစ္တယ္လို႔လည္း က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

ကမာၻတဝွမ္းမွာ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၀၀၀,၀၀၀ ေက်ာ္နဲ႔ ေရာဂါကူးစက္ခံရသူေပါင္း ၉၇ သန္းေက်ာ္ရွိေနပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇန္နဝါရီလ ၂၀ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့စာရင္းအရ ကိုဗစ္အတည္ျပဳလူနာေပါင္း ၁၃၅,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂,၉၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံ ရောက်လာတော့မယ်

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေး လာမယ့် ရက်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့်အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

အိန္ဒိယနိုင်ငံက သူ့နိုင်ငံထုတ်ကာကွယ်ဆေးတွေကို အိမ်နီးချင်း ၆ နိုင်ငံဆီ မနေ့က စပြီးပို့ဆောင်တဲ့အထဲ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ လူဦးရေ ၁၅ သန်းစာအတွက် မှာယူထားတဲ့ ဒီကာကွယ်ဆေးတွေ ပထမအသုတ်အနေနဲ့ အလုံးရေ ဘယ်လောက်ရောက်ရှိမယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ကာကွယ်ဆေးတွေ ရောက်လာရင် ဦးစားပေး အဆင့်ဆင့်ထိုးနှံရမယ့်သူတွေအတွက် စတင်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။

အိန္ဒိယနိုင်ငံကနေ ရောက်ရှိမယ့် ကာကွယ်ဆေး Covishield ဟာ ကိုဗစ်ရောဂါကို ကာကွယ်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်ကြီးသူတွေကို ဦးစားပေးထိုးနှံပေးမယ့် ဒီကာကွယ်ဆေးတွေရောက်ရှိလာရင် ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို ကြောက်လန့်တာမရှိစေဖို့အတွက်လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ပြည်သူတွေကို တခုပြောချင်တာကတော့ ကာကွယ်ဆေးသည် စိတ်ချရမှ ဘေးကင်းလုံခြုံမှ Clinical Trial တွေကို အဆင့်ဆင့်ဖြတ်ပြီးတော့မှ သူ့ကိုအသုံးပြုခွင့် Authorize or Approve ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက စိတ်ချရတယ်ဆိုတာ ပြောချင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဟာဆိုရင် ပြင်းပြင်းထန်ထန်ရောဂါ ဖြစ်ပွားမှုကနေပြီးတော့ ကာကွယ်ပေးပါတယ်။ နောက် ကိုယ်ထိုးထားရင် ကိုယ့်ရဲ့အနီးအနားမှာ ရှိတဲ့သူတွေကိုပါ ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပြီးတော့ အန္တရာယ်ရှိတဲ့သူတွေကို ကာကွယ်နိုင်ပါတယ်။"

ကမ္ဘာ့အကြီးဆုံးဆေးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Serum Institute of India နဲ့ ဗြိတိန်အောက်စ်ဖို့ တက္ကသိုလ်တို့ ပူးတွဲသုတေသနလုပ် ထုတ်လုပ်ထားတဲ့ ဒီကာကွယ်ဆေးဟာ လူတယောက်ကို လေးပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။ ကပ်ရောဂါကူးစက်ခံရမယ့် အန္တရာယ်ကို ထိန်းချုပ်နိုင်ဖို့ လူတိုင်း ကာကွယ်ဆေးထိုးနှံဖို့အတွက် အဆင့်ဆင့်ဆောင်ရွက်သွားမှာဖြစ်ပြီး ရောဂါကာကွယ်ရေးချမှတ်ထားတဲ့ စည်းကမ်းတွေကို ဆက်ပြီးလိုက်နာဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

"ကာကွယ်ဆေးတွေက အများကြီးကောင်းကျိုးရှိတယ်ဆို လူတိုင်းကာကွယ်ဆေး ထိုးချင်ကြမှာ ဖြစ်ပါတယ်၊ ဒါလည်းလက်ခံပါတယ်။ သို့သော် ကာကွယ်ဆေးသည် ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေး။ ပြီးရင် အသက် ၆၅ နှစ်အထက်၊ အသက် ၆၀ အထက် စသဖြင့် ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးပြီးရင်တောင်မှ ကျမတို့ဟာ ဆက်ပြီးတော့ရောဂါကို ကာကွယ်တဲ့နည်းစနစ်တွေကို ဆက်လက်ကျင့်သုံးနေရဦးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျမတို့ လက်ဆေးတာ၊ Mask တပ်တာ၊ လူအုပ်စုရှောင်တာကတော့ လက်ရှိအချိန်ထိက အကောင်းဆုံးကာကွယ်ဆေးလည်း ဖြစ်ပါတယ်၊ အကောင်းဆုံးကုသဆေးလည်း ဖြစ်ပါတယ်ဆိုတာကို ပြည်သူတွေကိုပြောလိုပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူး၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ ရောဂါကူးစက်ခံရသူ အများဆုံးရှိနေတာပါ။ ကာကွယ်ဆေးထိုးနှံပေးမယ့် အဆင့်လိုက်ဦးစားပေးစနစ်မှာ ရောဂါဖြစ်ပွားမှုအများဆုံးရှိနေတဲ့ ဒေသတွေဖြစ်နိုင်တာကြောင့် ဒီအစီအစဉ်အပေါ်ကို နားလည်ပေးကြဖို့ကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"ဘာပဲပြောပြော စေတနာရှင်တွေကနေ ပေးတဲ့ဟာ (ကိုဗစ်ကာကွယ်ဆေးအလှူငွေ) တွေနဲ့ဆိုရင် ကျနော်ထင်တယ် Coverage က ကျနော်တို့နိုင်ငံအတွက် သိပ်မဆိုးပါဘူး။ ၂၀၂၁ တနှစ်လုံးကတော့ ကိုဗစ်ကာကွယ်ဆေးတွေအဆင့်လိုက် အဆင့်လိုက်ရမှာပါ။ မန္တလေးဘယ်လောက်ရမယ်ဆိုတာ သူတို့ပြောတဲ့အထဲမှာတော့ COVID- 19 အဖြစ်များတဲ့ ဧရိယာဆိုတော့ ရန်ကုန်၊ မန္တလေး၊ ရခိုင် သေချာတာကတော့ ဒါပဲ။ ငြင်းလို့မရဘူးလေ ဟုတ်တယ်မဟုတ်လား။ တခြားနေရာတွေထက်စာရင် ဖြစ်တာများတဲ့ ဧရိယာဆိုတော့ ကာကွယ်ဆေးရတာလည်း ဒီဧရိယာတွေက ပိုပြီးဦးစားပေးရမယ်နဲ့ တူတယ်။ ဒီနေရာမှာ ကျနော်တို့က ဘာပဲအရေးကြီးလဲဆို ကျနော်တို့နားလည်မှုပေးရမယ်။ သူအရင်ထိုးရတယ်၊ ငါအရင်ထိုးရတယ် မလုပ်နဲ့။ ကျနော်တို့အားလုံး ထိုးရအောင် အတိုင်ပင်ခံပုဂ္ဂိုလ်စီစဉ်နေတာပဲ။"

မြန်မာနိုင်ငံတွင်း ပုံမှန်ကာကွယ်ဆေးထိုး စီမံကိန်းမှာ ကာကွယ်ဆေး ၁၃ မျိုးကို ထိုးနှံပေးနေတဲ့အစဉ်အလာရှိပြီးသားဖြစ်လို့ ကိုဗစ်ကာကွယ်ဆေးတွေရောက်လာရင် လုပ်ဆောင်ရမယ့်အစီအစဉ်တွေကို အခက်အခဲမရှိဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀,၀၀၀ ကျော်နဲ့ ရောဂါကူးစက်ခံရသူပေါင်း ၉၇ သန်းကျော်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ကိုဗစ်အတည်ပြုလူနာပေါင်း ၁၃၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၉၀၀ ကျော်ရှိနေပါတယ်။

XS
SM
MD
LG