သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၄၂၅ ေယာက္တိုးၿပီး ေနာက္ထပ္ ၁၈ ေယာက္ ေသဆံုး


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ကိုဗစ္ေရာဂါစစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံ COVID-19 အတည္ျပဳလူနာသစ္စာရင္းမွာ ဒီေန႔ ၄၂၅ ေယာက္ ထပ္တိုးပါတယ္။ ဇန္နဝါရီလ ၂၂ ရက္ ေသာၾကာေန႔အတြက္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာ ၄၂၅ ေယာက္၊ ေသဆံုးလူနာ ၁၈ ေယာက္ျဖစ္ပါတယ္။ ေသဆံုးသူေတြထဲက ၁၈ ေယာက္မွာ ၁၅ ေယာက္က ေရာဂါအခံ႐ွိၾကသူေတြျဖစ္ပါတယ္။

ဒီေန႔အတြက္ စမ္းသပ္ခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္းက ၁၇,၆၉၉ ခုျဖစ္ပါတယ္။

စုစုေပါင္းစာရင္းမွာေတာ့ အတည္ျပဳလူနာ ၁၃၆,၅၉၁ ေယာက္၊ ေသဆံုးလူနာ ၃,၀၃၁ ေယာက္နဲ႔ ေဆး႐ံုက ဆင္းခြင့္ရသူ ၁၂၀,၅၄၃ ေယာက္တုိ႔ျဖစ္ၾကပါတယ္။

ၿဗိတိန္ႏိုင္ငံ Oxford တကၠသိုလ္နဲ႔ AstraZeneca ေဆးကုမၸဏီတို႔ စမ္းသပ္ၿပီး အိႏၵိယႏိုင္ငံ Serum Institute of India ေဆးကုမၸဏီက ထုတ္လုပ္ထားတဲ့ Covishield ကိုဗစ္ကာကြယ္ေဆး ၁,၅၀၀,၀၀၀ ျမန္မာႏိုင္ငံကို ဒီေန႔ ေရာက္လာပါၿပီ။ ဒီကာကြယ္ေဆးေတြကို ျပည္နယ္နဲ႔တိုင္း အသီးသီးကို စေနေန႔မွာ စတင္ ျဖန႔္ေဝၿပီး ဦးစားေပးအဆင့္လို္က္ ကာကြယ္ေဆးထိုးေပးသြားမွာျဖစ္တယ္လို႔ က်န္းမာေရးဌာနတာဝန္႐ွိသူက VOA ျမန္မာပိုင္းကို ေျပာပါတယ္။ အခုလက္ေဆာင္ရတဲ့ ေဆးေတြအျပင္ ေနာက္ထပ္ ေဆး ၁,၅၀၀,၀၀၀ ကိုလည္း အိႏၵိယႏုိင္ငံကေန ဝယ္ယူထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ရောဂါကူးစက်သူ ၄၂၅ ယောက်တိုးပြီး နောက်ထပ် ၁၈ ယောက် သေဆုံး

မြန်မာနိုင်ငံ COVID-19 အတည်ပြုလူနာသစ်စာရင်းမှာ ဒီနေ့ ၄၂၅ ယောက် ထပ်တိုးပါတယ်။ ဇန်နဝါရီလ ၂၂ ရက် သောကြာနေ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၄၂၅ ယောက်၊ သေဆုံးလူနာ ၁၈ ယောက်ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ၁၈ ယောက်မှာ ၁၅ ယောက်က ရောဂါအခံရှိကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် စမ်းသပ်ခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်းက ၁၇,၆၉၉ ခုဖြစ်ပါတယ်။

စုစုပေါင်းစာရင်းမှာတော့ အတည်ပြုလူနာ ၁၃၆,၅၉၁ ယောက်၊ သေဆုံးလူနာ ၃,၀၃၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၁၂၀,၅၄၃ ယောက်တို့ဖြစ်ကြပါတယ်။

ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ စမ်းသပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute of India ဆေးကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁,၅၀၀,၀၀၀ မြန်မာနိုင်ငံကို ဒီနေ့ ရောက်လာပါပြီ။ ဒီကာကွယ်ဆေးတွေကို ပြည်နယ်နဲ့တိုင်း အသီးသီးကို စနေနေ့မှာ စတင် ဖြန့်ဝေပြီး ဦးစားပေးအဆင့်လိုက် ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အခုလက်ဆောင်ရတဲ့ ဆေးတွေအပြင် နောက်ထပ် ဆေး ၁,၅၀၀,၀၀၀ ကိုလည်း အိန္ဒိယနိုင်ငံကနေ ဝယ်ယူထားပါတယ်။

XS
SM
MD
LG