သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံတြင္း ကိုဗစ္ကန္႔သတ္ခ်က္တခ်ဳိ႕ ေျဖေလ ွ်ာ့


ရန္ကုန္ၿမိဳ႕ရွိ ေလွဆိပ္တခုတြင္ ေလွေစာင့္ေနၾကတဲ့ ခရီးသြားတခ်ိဳ႕။ (စက္တင္ဘာ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္မႈႏႈန္း က်ဆင္းလာေနတာေၾကာင့္ ႏိုင္ငံတဝန္းမွာ ကိုဗစ္ ကန္႔သတ္ခ်က္ေတြ ေျဖေလွ်ာ့ေနတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

တႏိုင္ငံလံုး အတိုင္းအတာအေနနဲ႔ ကိုဗစ္ေရာဂါ ကူးစက္မႈႏႈန္းက ၂.၃ ရာခိုင္ႏႈန္းအထိ က်လာဆင္းလာတာၾကာင့္ တိုင္းနဲ႔ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ ကိုဗစ္ကန္႔သတ္ခ်က္ ေျဖေလွ်ာ့မႈေတြ တျဖည္းျဖည္း လုပ္ေဆာင္လာေနတာပါ။

အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္နယ္ေျမမွာ ပန္းၿခံ၊ ေရတံခြန္၊ အပန္းေျဖစရာေနရာေတြကို ႏွစ္သစ္ကူး ႐ုံးပိတ္ရက္ကာလအတြင္း တားျမစ္ရာက အခ်ိန္အကန္႔အသတ္နဲ႔ ယခုျပန္ဖြင့္လွစ္ထားတယ္လို႔ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။

“က်ေနာ္တို႔ ေနျပန္ေတာ္အေနနဲ႔ကေတာ့ သိပ္အေထြအထူးေတာ့ မရွိပါဘူး။ အပန္းေျဖတဲ့ ေနရာေလးေတြ ဖြင့္ေပးတာ ဒီေလာက္ပဲရိွတယ္။ က်န္တာေတာ့ က်ေနာ္တို႔ ဒီကိုဗစ္ အဝင္စစ္ေဆးတာေတြ quarantine procedure ေတြကေတာ့ အရင္အတိုင္းပဲ ရွိပါတယ္ခင္ဗ်။ အရင္တုန္းက နယူးရီးယားတုန္းကေတာ့ အပန္းေျဖစခန္းေတြ ေရတံခြန္ေတြ ေနာက္ပန္းၿခံေတြကို ပိတ္ထားတာရွိပါတယ္။ အဲ့ဒီကေနၿပီးတာ့ အခု အဲ့တားျမစ္ထားတဲ့ ေနရာေလးကို ျပန္ၿပီးေတာ့ ျပည္သူေတြ သြားလို႔ရေအာင္ ဖြင့္ေပးထားတာရွိပါတယ္။”

တျခားတုိင္းနဲ႔ ျပည္နယ္က လာတဲ့ ျပည္သူေတြကိုေတာ့ ကိုဗစ္ေရာဂါ ကင္းရွင္းတဲ့ ေဆးလက္မွတ္လည္း ပါရွိရမွာပါ။

အိမ္မွာေနတဲ့ အမိန္႔ အက်ံဳးမဝင္တဲ့ ၿမိဳ႕နယ္ကသူေတြကို သံုးရက္ အသြားအလာကန္႔သတ္ၿပီး အိမ္မွာေနတဲ့အမိန္႔ ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ကသူေတြအတြက္ေတာ့ ႏွစ္ပတ္ အသြားအလာ ကန္႔သတ္ထားသြားမယ္လို႔ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။

ရွမ္းျပည္နယ္အေနနဲ႔ကေတာ့ ပန္းၿခံ၊ ေရတံခြန္ေတြကို ပိတ္ပင္မထားဘဲ လူစုလူေဝးျဖစ္တဲ့ ဘုရားေစတီပုထိုးနဲ႔ ပြဲလမ္းသဘင္တို႔ပဲ ပိတ္ထားတယ္လို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ အတြင္းေရးမွဴး ဦးေနလင္းက ေျပာပါတယ္။

“ေတာင္ႀကီး မီးပံုပ်ံပြဲကေတာ့ ပိတ္ထားတာေပါ့။ သူကေတာ့ အမ်ားႀကီး လူစုလူေဝးျဖစ္ႏိုင္တဲ့ ေနရာျဖစ္ေနတယ္ေလ။ က်န္တဲ့ ပန္းၿခံေလးေတြကေတာ့ ဗိုလ္ခ်ဳပ္ပန္းၿခံတို႔၊ ဘာတို႔ညာတို႔ကေတာ့ ပံုမွန္ဖြင့္ထားတာပဲေလ။ ဘုရားေတြကေတာ့ ႏိုင္ငံေတာ္က ခြင့္မျပဳေသးဘူးေလ။ က်ေနာ္တို႔ အျခားျပည္နယ္က လာလို႔ရွိရင္ သူရဲ႕ ရပ္ေက်းမွာ ဟိုဟာေပါ့... Quarantine ေတာ့ ဝင္ရမွာပဲေလ။ ဟိုတယ္ဝင္ခ်င္ရင္ ဟိုတယ္၊ ကြာရန္တင္းဝင္ရပါတယ္ခင္ဗ်။ အရင္တုန္းကေတာ့ ႏွစ္ပတ္ေပါ့ဗ်ာ။ အခုေတာ့ တစ္ပတ္ေလာက္ေပါ့။ တစ္ပတ္ေလာက္ဆိုတာ ေရာက္ရင္ သံုးရက္ေလာက္ဆို စစ္တာကိုး။ စစ္ၿပီးအေျဖထြက္တဲ့ အခ်ိန္မွာ မူတည္ၿပီးေတာ့ သူ home Quarantine ျဖစ္သြားမွာေပါ့။ အမ်ဳိးမ်ဳိးေပါ့ေနာ္။ ခရီးသြားတဲ့လူက တစ္မ်ဳိးေပါ့၊ ဥပမာ ျပန္လာတဲ့လူဆိုရင္ေတာ့ တစ္မ်ဳိးေပါ့။”

ေနျပည္ေတာ္၊ ကခ်င္ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္းျပည္နယ္တုိ႔နဲ႔ စစ္ကိုင္းတိုင္း၊ တနသၤာရီတိုင္း၊ ပဲခူးတိုင္း၊ မေကြးတိုင္း၊ မႏၱေလးတိုင္း အပါအဝင္ ဧရာဝတီတိုင္း ေဒသေတြမွာ ခရီးသြား ဝင္ေရာက္လာသူေတြ Quarantine ထားရွိမႈနဲ႔ စစ္ေဆးရမယ့္ အစီအစဥ္ကို ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ရန္ကုန္တိုင္းနဲ႔ တျခားတိုင္းနဲ႔ ျပည္နယ္ေတြအတြက္က ဆက္ၿပီး ထုတ္ျပန္သြားမယ္လို႔ ေျပာပါတယ္။

ဟိုတယ္နဲ႔ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ေအးဟန္ကေတာ့ ခရီးသြားလာမယ့္ သူေတြဟာ က်န္းမာေရးစည္ကမ္းခ်က္ေတာ့ အတိအက်လိုက္နာဖို႔ လိုအပ္တယ္လို႔ တိုက္တြန္းထားပါတယ္။

“က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့.... သတ္မွတ္ထားတယ္ဆိုတာ အႀကံျပဳထားတဲ့ အႀကံဳျပဳခ်က္ေတြအတိုင္း အတိအက်လိုက္နာဖို႔ေတာ့ က်ေနာ္တို႔က ထပ္ေလာင္းၿပီး အႀကံဳျပဳခ်င္တာေပါ့ေနာ္။ ဒီဟာေတြက ေဘးကင္းလံုၿခံဳမႈ၊ က်န္းမာေရးက ေဘးကင္းလံုၿခံဳမႈရွိဖို႔ဆိုလို႔ရွိရင္ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ ညႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာၾကဖို႔ လိုပါလိမ့္မယ္ဗ်။”

COVID -19 ကပ္ေရာဂါကူးစက္မႈ အႏၲရာယ္ကို ဆက္လက္ထိန္းခ်ဳပ္ထားဖို႔ ခရီးသြား ျပည္သူေတြအေနနဲ႔ စနစ္တက် ႏွာေခါင္းစည္းတပ္ဆင္တာ၊ လက္ေဆးတာ တစ္ဦးနဲ႔ တစ္ဦးခပ္ခြာခြာေနၾကတာ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္အတိုင္း လိုက္နာၾကဖို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ အေစာပိုင္းအထိ စာရင္းအရ ျပည္တြင္းမွာ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃,၀၀၀ ေလာက္နဲ႔ ေရာဂါအတည္ျပဳ လူနာေပါင္းကေတာ့ ၁၁၉,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံတွင်း ကိုဗစ်ကန့်သတ်ချက်တချို့ ဖြေလေ ျှာ့

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာနေတာကြောင့် နိုင်ငံတဝန်းမှာ ကိုဗစ် ကန့်သတ်ချက်တွေ ဖြေလျှော့နေတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းက ၂.၃ ရာခိုင်နှုန်းအထိ ကျလာဆင်းလာတာကြာင့် တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့မှုတွေ တဖြည်းဖြည်းလုပ်ဆောင်လာနေတာပါ။

အစိုးရရုံးစိုက်ရာ နေပြည်တော်နယ်မြေမှာ ပန်းခြံ၊ ရေတံခွန်၊ အပန်းဖြေစရာနေရာတွေကို နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း တားမြစ်ရာက အချိန်အကန့်အသတ်နဲ့ ယခုပြန်ဖွင့်လှစ်ထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“ကျနော်တို့ နေပြန်တော်အနေနဲ့ကတော့ သိပ်အထွေအထူးတော့ မရှိပါဘူး။ အပန်းဖြေတဲ့ နေရာလေးတွေ ဖွင့်ပေးတာ ဒီလောက်ပဲရှိတယ်။ ကျန်တာတော့ ကျနော်တို့ ဒီကိုဗစ် အဝင်စစ်ဆေးတာတွေ quarantine procedure တွေကတော့ အရင်အတိုင်းပဲ ရှိပါတယ်ခင်ဗျ။ အရင်တုန်းက နယူးရီးယားတုန်းကတော့ အပန်းဖြေစခန်းတွေ ရေတံခွန်တွေ နောက်ပန်းခြံတွေကို ပိတ်ထားတာရှိပါတယ်။ အဲ့ဒီကနေပြီးတာ့ အခု အဲ့တားမြစ်ထားတဲ့ နေရာလေးကို ပြန်ပြီးတော့ ပြည်သူတွေ သွားလို့ရအောင် ဖွင့်ပေးထားတာရှိပါတယ်။”

တခြားတိုင်းနဲ့ ပြည်နယ်က လာတဲ့ ပြည်သူတွေကိုတော့ ကိုဗစ်ရောဂါ ကင်းရှင်းတဲ့ ဆေးလက်မှတ်လည်း ပါရှိရမှာပါ။

အိမ်မှာနေတဲ့ အမိန့် အကျုံးမဝင်တဲ့ မြို့နယ်ကသူတွေကို သုံးရက် အသွားအလာကန့်သတ်ပြီး အိမ်မှာနေတဲ့အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ကသူတွေအတွက်တော့ နှစ်ပတ် အသွားအလာ ကန့်သတ်ထားသွားမယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ရှမ်းပြည်နယ်အနေနဲ့ကတော့ ပန်းခြံ၊ ရေတံခွန်တွေကို ပိတ်ပင်မထားဘဲ လူစုလူဝေးဖြစ်တဲ့ ဘုရားစေတီပုထိုးနဲ့ ပွဲလမ်းသဘင်တို့ပဲ ပိတ်ထားတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ပြောပါတယ်။

“တောင်ကြီး မီးပုံပျံပွဲကတော့ ပိတ်ထားတာပေါ့။ သူကတော့ အများကြီး လူစုလူဝေးဖြစ်နိုင်တဲ့ နေရာဖြစ်နေတယ်လေ။ ကျန်တဲ့ ပန်းခြံလေးတွေကတော့ ဗိုလ်ချုပ်ပန်းခြံတို့၊ ဘာတို့ညာတို့ကတော့ ပုံမှန်ဖွင့်ထားတာပဲလေ။ ဘုရားတွေကတော့ နိုင်ငံတော်က ခွင့်မပြုသေးဘူးလေ။ ကျနော်တို့ အခြားပြည်နယ်က လာလို့ရှိရင် သူရဲ့ ရပ်ကျေးမှာ ဟိုဟာပေါ့... Quarantine တော့ ဝင်ရမှာပဲလေ။ ဟိုတယ်ဝင်ချင်ရင် ဟိုတယ်၊ ကွာရန်တင်းဝင်ရပါတယ်ခင်ဗျ။ အရင်တုန်းကတော့ နှစ်ပတ်ပေါ့ဗျာ။ အခုတော့ တစ်ပတ်လောက်ပေါ့။ တစ်ပတ်လောက်ဆိုတာ ရောက်ရင် သုံးရက်လောက်ဆို စစ်တာကိုး။ စစ်ပြီးအဖြေထွက်တဲ့ အချိန်မှာ မူတည်ပြီးတော့ သူ home Quarantine ဖြစ်သွားမှာပေါ့။ အမျိုးမျိုးပေါ့နော်။ ခရီးသွားတဲ့လူက တစ်မျိုးပေါ့၊ ဥပမာ ပြန်လာတဲ့လူဆိုရင်တော့ တစ်မျိုးပေါ့။”

နေပြည်တော်၊ ကချင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့နဲ့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အပါအဝင် ဧရာဝတီတိုင်း ဒေသတွေမှာ ခရီးသွား ဝင်ရောက်လာသူတွေ Quarantine ထားရှိမှုနဲ့ စစ်ဆေးရမယ့် အစီအစဉ်ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေအတွက်က ဆက်ပြီး ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်ကတော့ ခရီးသွားလာမယ့် သူတွေဟာ ကျန်းမာရေးစည်ကမ်းချက်တော့ အတိအကျလိုက်နာဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့.... သတ်မှတ်ထားတယ်ဆိုတာ အကြံပြုထားတဲ့ အကြုံပြုချက်တွေအတိုင်း အတိအကျလိုက်နာဖို့တော့ ကျနော်တို့က ထပ်လောင်းပြီး အကြုံပြုချင်တာပေါ့နော်။ ဒီဟာတွေက ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေးက ဘေးကင်းလုံခြုံမှုရှိဖို့ဆိုလို့ရှိရင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ လိုပါလိမ့်မယ်ဗျ။”

COVID -19 ကပ်ရောဂါကူးစက်မှု အန္တရာယ်ကို ဆက်လက်ထိန်းချုပ်ထားဖို့ ခရီးသွား ပြည်သူတွေအနေနဲ့ စနစ်တကျ နှာခေါင်းစည်းတပ်ဆင်တာ၊ လက်ဆေးတာ တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေကြတာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ အစောပိုင်းအထိ စာရင်းအရ ပြည်တွင်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၀၀၀ လောက်နဲ့ ရောဂါအတည်ပြု လူနာပေါင်းကတော့ ၁၁၉,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG