သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မၾကာခင္ေရာက္ရွိလာမယ္႔ ကိုဗစ္ကာကြယ္ေဆး ဦးစားေပးအဆင္႔ကို ထိုးဖို႔ ျမန္မာစီစဥ္ေနၿပီ


ဓါတ္ပံု- Myanmar State Counsellor Office

(Zawgyi/Unicode)

ျမန္မာနိုင္ငံအတြက္ ကိုဗစ္ ေရာဂါ ကာကြယ္ေဆး ပထမဆုံး အသုတ္ ဇန္နဝါရီလ ၂၂ ရက္ေန႔ ေသာၾကာေန႔မွာ ေရာက္ရွိလာေတာ့ မယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

က်န္းမာေရး ဝန္ထမ္းေတြကို ထိုးႏွံေပးၿပီးတဲ့အခါ တျခား အုပ္စု အဆင့္ဆင့္ ခြဲျခားထိုးႏွံေပးဖို႔ စီစဥ္ေနတယ္လို႔လည္းေဒၚေအာင္ဆန္း စုၾကည္က ေျပာပါတယ္။ အဲဒီ ဦးစားေပး အဆင့္အေနနဲ႔ အေရးႀကီးတဲ့ အစိုးရ ဝန္ထမ္းေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ပါဝင္ မယ္လို႔ ေျပာပါတယ္။

နိုင္ငံ့ ယႏၲရား လည္ပတ္ေရးအတြက္ အေရးႀကီးတဲ့ သူေတြ ၊ အေရးႀကီးတဲ့လူေတြ ရွိတဲ့ေနရာေတြကို ဦးစားေပး စဥ္းစားသြားမယ္လို႔ လည္း ေျပာပါတယ္။ Stay at home ၿမိဳ႕နယ္ေနသူေတြကိုလည္း ထိုးႏွံေပးဖို႔ ထည့္သြင္း စဥ္းစားေနတယ္လို႔လည္း ေျပာပါတယ္။ ဒါေပမဲ့၊ အုပ္စု အဆင့္လိုက္ ထိုးႏွံေပးမယ့္အစီအစဥ္ထဲေက်ာင္းဆရာ၊ဆရာမေတြကိုထိုးႏွံေပးမယ့္အစီအစဥ္ကိုထည့္သြင္းေျပာၾကား သြားတာေတာ့ မရွိေသးပါဘူး။

ျမန္မာနိုင္ငံကို ေသာၾကာေန႔မွာ ကာကြယ္ေဆးေတြ ေရာက္ရွိလိမ့္မယ္လို႔ သတင္းရင္းျမစ္ တစ္ခုကို ကိုးကားၿပီး အိႏၵိယက The Hindu business line သတင္းဌာနကလည္း ေျပာပါတယ္။ ဒီဇင္ဘာလအတြင္းက ျမန္မာ အဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕ တစ္ဖြဲ႕အိႏၵိယကို သြားေရာက္ၿပီး ကာကြယ္ေဆးကိစၥ ေဆြးေႏြးခဲ့ေၾကာင္းနဲ႔ အဲဒီ ေဆြးေႏြးမႈေတြအထဲ ကာကြယ္ေဆးေတြ ျဖန္႔ျဖဴးေပးပို႔ေရး နဲ႔ ထိုးႏွံေရးမွာ ေလ့က်င့္သင္ၾကားေပးေရး ႏွစ္နိုင္ငံ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥေတြပါဝင္တယ္လို႔ လည္း ဆိုပါတယ္။ ဒါ့အျပင္၊ အိႏၵိယထုတ္ ကာကြယ္ေဆးကို ျမန္မာနိုင္ငံမွာ စမ္းသပ္စစ္ေဆးဖို႔ ကိစၥလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မကြာခင်ရောက်ရှိလာမယ့် ကိုဗစ်ကာကွယ်ဆေး ဦးစားပေးအဆင့်ကို ထိုးဖို့ မြန်မာစီစဉ်နေပြီ

(Unicode)
မြန်မာနိုင်ငံအတွက် ကိုဗစ် ရောဂါ ကာကွယ်ဆေး ပထမဆုံး အသုတ် ဇန်နဝါရီလ ၂၂ ရက်နေ့ သောကြာနေ့မှာ ရောက်ရှိလာတော့ မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေကို ထိုးနှံပေးပြီးတဲ့အခါ တခြား အုပ်စု အဆင့်ဆင့် ခွဲခြားထိုးနှံပေးဖို့ စီစဉ်နေတယ်လို့လည်းဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ အဲဒီ ဦးစားပေး အဆင့်အနေနဲ့ အရေးကြီးတဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင် မယ်လို့ ပြောပါတယ်။

နိုင်ငံ့ ယန္တရား လည်ပတ်ရေးအတွက် အရေးကြီးတဲ့ သူတွေ ၊ အရေးကြီးတဲ့လူတွေ ရှိတဲ့နေရာတွေကို ဦးစားပေး စဉ်းစားသွားမယ်လို့ လည်း ပြောပါတယ်။ Stay at home မြို့နယ်နေသူတွေကိုလည်း ထိုးနှံပေးဖို့ ထည့်သွင်း စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့၊ အုပ်စု အဆင့်လိုက် ထိုးနှံပေးမယ့်အစီအစဉ်ထဲကျောင်းဆရာ၊ဆရာမတွေကိုထိုးနှံပေးမယ့်အစီအစဉ်ကိုထည့်သွင်းပြောကြား သွားတာတော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံကို သောကြာနေ့မှာ ကာကွယ်ဆေးတွေ ရောက်ရှိလိမ့်မယ်လို့ သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး အိန္ဒိယက The Hindu business line သတင်းဌာနကလည်း ပြောပါတယ်။ ဒီဇင်ဘာလအတွင်းက မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့အိန္ဒိယကို သွားရောက်ပြီး ကာကွယ်ဆေးကိစ္စ ဆွေးနွေးခဲ့ကြောင်းနဲ့ အဲဒီ ဆွေးနွေးမှုတွေအထဲ ကာကွယ်ဆေးတွေ ဖြန့်ဖြူးပေးပို့ရေး နဲ့ ထိုးနှံရေးမှာ လေ့ကျင့်သင်ကြားပေးရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေပါဝင်တယ်လို့ လည်း ဆိုပါတယ်။ ဒါ့အပြင်၊ အိန္ဒိယထုတ် ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ စမ်းသပ်စစ်ဆေးဖို့ ကိစ္စလည်း ပါဝင်ပါတယ်။

XS
SM
MD
LG