[Zawgyi/Unicode]
ထုိင္းႏိုင္ငံ အလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္မဟာခ်ဳိင္ေဒသမွာ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေၾကာင့္ အေရးေပၚေဆးရံုတက္ေနရတဲ့ ျမန္မာအလုပ္သမား ၁,၀၀၀ ေလာက္ထဲက အားလံုးနီးပါး ေဆးရံုက ဆင္းခြင့္ရျပီလို႔ဆိုတဲ့ သတင္းကို တင္ဆက္ေပးလိုပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။
ထုိင္းႏိုင္ငံအလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္မဟာခ်ဳိင္ေဒသက အေရးေပၚေဆးရံုေတြမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေၾကာင့္ ေဆး၀ါးကုသမႈ ခံယူေနရတဲ ျမန္မာႏိုင္ငံသားေတြ ၁,၀၀၀ ဝန္းက်င္ေလာက္ထဲမွာ အားလံုးနီးပါးေဆးရံုကေန ဆင္းခြင့္ရသြားျပီျဖစ္ေၾကာင္း AAC အလုပ္သမား ကူညီေစာင့္ေရွာက္ေရးအဖဲြ႔က အလုပ္သမားေရးတက္ၾကြ လႈပ္ရွားသူ ဦးရဲမင္းက အခုလိုေျပာပါတယ္။
"အခုေလာေလာဆယ္ကေတာ့ ေဆးရံုမွာ အားလံုးဆင္းသေလာက္ျဖစ္သြားျပိီ။ ေနာက္တိုးလူနာလည္း သိပ္မရွိေတာ့ဘူး။ နည္းနည္းေတာ့က်သြားတယ္။ ထုိင္းက်န္းမာေရး၀န္ႀကီးဌာနနဲ႔ ထုိင္းအာဏာပုိင္ေတြဘက္က ျမန္မာရပ္ကြက္ေတြ လိုက္စစ္ေဆးတာလည္း နည္းနည္းက်ဲသြားျပီ။ အဓိက စက္ရံုေတြမွာ ေစ့စပ္ၿပီးေတာ့ လိုက္စစ္ေဆးေနတာေတာ့ ရွိတယ္။ လူနာကလည္း သိပ္တိုးလာတာ မေတြ႔ရေတာ့ဘူး။ အရင္ကနဦး ေဆးရံုတက္ေနရတဲ့သူေတြလည္း အားလံုးနီးနိီးဆင္းသြားၿပီ။ ေနာက္ဆံုး က်န္တာကေတာ့ ေနထိုင္ခြင့္ အေထာက္အထားမရွိသူ တခ်ိဳ႕ကို ၁၄ ရက္ ေစာင့္ၾကည့္တဲ့ေနရာမွာထားတာဆိုေတာ့ သူတို႔ပဲ က်န္ေတာ့တယ္။
ျပီးခဲ့တဲ့ ဒီဇင္ဘာလလယ္က စျပီး ဆမြတ္ဆာခြန္းခရိုင္ မဟာခ်ိဳင္ေဒသမွာ ကုိဗစ္ပိုးေတြ ့ရွိသူအမ်ားစုက ျမန္မာႏုိင္ငံသားေတြျဖစ္တာေႀကာင့္ အေရးေပၚေဆးရံုေတြတည္ေဆာက္ျပီးကုသေပးေနတာပါ ဒီေနာက္ခရိုင္တခုလံုးကိုလည္း ကန္႔သတ္ပိတ္ဆို႔ထားျပီး ခရီိးသြားလာခြင့္ေတြလည္း မေပးေတာ့ပါဘူး။ ဒါေပမဲ့ အခုကပ္ပုိးကူးစက္မႈေတြ အနည္းငယ္ေလ်ာ့က်လာတာရွိသလို မဟာခ်ိဳင္ေဒသက လူေတြကို ကိုဗစ္ကပ္ေရာဂါစစ္ေဆးမႈေတြကုိလည္း မႀကာခင္မွာ ထပ္လုပ္ဖြယ္ရွိေၾကာင္း ဦးရဲမင္းက အခုလိုေျပာပါတယ္။
"မနက္ျဖန္က စျပီး ၂၂ ရက္ေန႔စျပီး အရင္က ပုိးမေတြ ့ထားတဲ့ အျဖဴေရာင္လက္ပတ္ေပးထားတဲ့လူ ၂,၀၀၀ ေက်ာ္၊ ၃,၀၀၀ ၀န္းက်င္ေလာက္ရွိတယ္။ အဲဒီလူေတြကို ကုိဗစ္ပိုးရွိ၊ မရွိျပန္စစ္ေပးပါလိမ့္မယ္။ အဲဒါမွာ ပုိးေတြ ့မယ္ဆုိရင္ေတာ့ ကန္႔သတ္ပိတ္ဆို႔မႈေတြ ဆက္လုပ္မလုပ္ေတာ့ မေျပာႏိုင္ေသးပါဘူး။ မဟာခ်ိဳင္ပုဇြန္ေစ်းကေတာ့ ေလာ့ေဒါင္း (ကန္႔သတ္ပိတ္ဆို႔မႈေတြ)ကို လာမယ့္ ၂၇ ေလာက္ျပန္ဖြင့္ေပးမယ္လို႔ေတာ့ေျပာထားတယ္။ ဒါေပမဲ့ဘယ္လိုအေျခအေနျဖစ္မယ္ မသိေသးဘူး။"
ထုိင္းႏိုင္ငံမွာေတာ့ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ ဒီရက္ပုိင္းအတြင္း က်ဆင္းလာေပမဲ့လို႔ မဟာခ်ိဳင္ေဒသမွာ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ေနာက္ထပ္ လူဦးေရ ရာဂဏန္းဆံ့အေရးေပၚေဆးရံုေတြ၊ ေထာင္ဂဏန္းဆံ့တဲ့ အေရးေပၚေဆးရံုေတြကုိ ထိုင္းအစိုးရက ထပ္မံတည္ေဆာက္ေနတာေတြလည္း ရွိေနတာပါ။
ေသဆံုးသူ ၇၁ ဦးနဲ႔ ကူးစက္သူ ၁၂,၀၀၀ ေက်ာ္ရွိေနတဲ့ ထုိင္းႏိုင္ငံမွာ မေန႔ကေတာ့ လူ ၁၀၀ ေက်ာ္ေလာက္ပဲ ကူးစက္မႈအသစ္ေတြ ထပ္ျဖစ္ခဲ့တာပါ။
ထိုင္းႏုိင္ငံမွာ ဒုတိယ အေက်ာ့ကူးစက္မႈေတြ ျဖစ္ခဲ့ခ်ိန္မွာေတာ့ အမ်ားဆံုး ကူးစက္သူေတြက ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ေနပါတယ္။ ဒီအတြက္ ဆမြတ္ဆာခြန္းခရိုင္သာမက တျခား ခရိုင္အေတာ္မ်ားမ်ားကိုလည္း ကန္႔သတ္ပိတ္ဆုိ႔ထားျပီး ခရီိးသြားလာခြင့္ေတြကုိပါ ကန႔္သတ္ထားပါတယ္။
[Unicode Version]
ကိုဗစ်နဲ့ဆေးရုံတက်ရတဲ့ မဟာချိုင်က မြန်မာအလုပ်သမားအများစု ပြန်ကောင်းပြီ
ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်မဟာချိုင်ဒေသမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် အရေးပေါ်ဆေးရုံတက်နေရတဲ့ မြန်မာအလုပ်သမား ၁,၀၀၀ လောက်ထဲက အားလုံးနီးပါး ဆေးရုံက ဆင်းခွင့်ရပြီလို့ဆိုတဲ့ သတင်းကို တင်ဆက်ပေးလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်မဟာချိုင်ဒေသက အရေးပေါ်ဆေးရုံတွေမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် ဆေးဝါးကုသမှု ခံယူနေရတဲ မြန်မာနိုင်ငံသားတွေ ၁,၀၀၀ ဝန်းကျင်လောက်ထဲမှာ အားလုံးနီးပါးဆေးရုံကနေ ဆင်းခွင့်ရသွားပြီဖြစ်ကြောင်း AAC အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က အလုပ်သမားရေးတက်ကြွ လှုပ်ရှားသူ ဦးရဲမင်းကအခုလိုပြောပါတယ်။
"အခုလောလောဆယ်ကတော့ ဆေးရုံမှာ အားလုံးဆင်းသလောက်ဖြစ်သွားပြီ။ နောက်တိုးလူနာလည်း သိပ်မရှိတော့ဘူး။ နည်းနည်းတော့ကျသွားတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုင်းအာဏာပိုင်တွေဘက်က မြန်မာရပ်ကွက်တွေ လိုက်စစ်ဆေးတာလည်း နည်းနည်းကျဲသွားပြီ။ အဓိက စက်ရုံတွေမှာ စေ့စပ်ပြီးတော့ လိုက်စစ်ဆေးနေတာတော့ ရှိတယ်။ လူနာကလည်း သိပ်တိုးလာတာ မတွေ့ရတော့ဘူး။ အရင်ကနဦး ဆေးရုံတက်နေရတဲ့သူတွေလည်း အားလုံးနီးနီးဆင်းသွားပြီ။ နောက်ဆုံး ကျန်တာကတော့ နေထိုင်ခွင့် အထောက်အထားမရှိသူ တချို့ကို ၁၄ ရက် စောင့်ကြည့်တဲ့နေရာမှာထားတာဆိုတော့ သူတို့ပဲ ကျန်တော့တယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က စပြီး ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ဒေသမှာ ကိုဗစ်ပိုးတွေ့ရှိသူအများစုက မြန်မာနိုင်ငံသားတွေဖြစ်တာကြောင့် အရေးပေါ်ဆေးရုံတွေတည်ဆောက်ပြီးကုသပေးနေတာပါ ဒီနောက်ခရိုင်တခုလုံးကိုလည်း ကန့်သတ်ပိတ်ဆို့ထားပြီး ခရီးသွားလာခွင့်တွေလည်း မပေးတော့ပါဘူး။ ဒါပေမဲ့ အခုကပ်ပိုးကူးစက်မှုတွေ အနည်းငယ်လျော့ကျလာတာရှိသလို မဟာချိုင်ဒေသက လူတွေကို ကိုဗစ်ကပ်ရောဂါစစ်ဆေးမှုတွေကိုလည်း မကြာခင်မှာ ထပ်လုပ်ဖွယ်ရှိကြောင်း ဦးရဲမင်းက အခုလိုပြောပါတယ်။
"မနက်ဖြန်က စပြီး ၂၂ ရက်နေ့စပြီး အရင်က ပိုးမတွေ့ထားတဲ့ အဖြူရောင်လက်ပတ်ပေးထားတဲ့လူ ၂,၀၀၀ ကျော်၊ ၃,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ အဲဒီလူတွေကို ကိုဗစ်ပိုးရှိ၊ မရှိပြန်စစ်ပေးပါလိမ့်မယ်။ အဲဒါမှာ ပိုးတွေ့မယ်ဆိုရင်တော့ ကန့်သတ်ပိတ်ဆို့မှုတွေ ဆက်လုပ်မလုပ်တော့ မပြောနိုင်သေးပါဘူး။ မဟာချိုင်ပုဇွန်ဈေးကတော့ လော့ဒေါင်း (ကန့်သတ်ပိတ်ဆို့မှုတွေ)ကို လာမယ့် ၂၇ လောက်ပြန်ဖွင့်ပေးမယ်လို့တော့ပြောထားတယ်။ ဒါပေမဲ့ဘယ်လိုအခြေအနေဖြစ်မယ် မသိသေးဘူး။"
ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ဒီရက်ပိုင်းအတွင်း ကျဆင်းလာပေမဲ့လို့ မဟာချိုင်ဒေသမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နောက်ထပ် လူဦးရေ ရာဂဏန်းဆံ့အရေးပေါ်ဆေးရုံတွေ၊ ထောင်ဂဏန်းဆံ့တဲ့ အရေးပေါ်ဆေးရုံတွေကို ထိုင်းအစိုးရက ထပ်မံတည်ဆောက်နေတာတွေလည်း ရှိနေတာပါ။
သေဆုံးသူ ၇၁ ဦးနဲ့ ကူးစက်သူ ၁၂,၀၀၀ ကျော်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ မနေ့ကတော့ လူ ၁၀၀ ကျော်လောက်ပဲ ကူးစက်မှုအသစ်တွေ ထပ်ဖြစ်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ဒုတိယ အကျော့ကူးစက်မှုတွေ ဖြစ်ခဲ့ချိန်မှာတော့ အများဆုံး ကူးစက်သူတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်နေပါတယ်။ ဒီအတွက် ဆမွတ်ဆာခွန်းခရိုင်သာမက တခြား ခရိုင်အတော်များများကိုလည်း ကန့်သတ်ပိတ်ဆို့ထားပြီး ခရီးသွားလာခွင့်တွေကိုပါ ကန့်သတ်ထားပါတယ်။