သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁၃၆,၁၆၆ ေယာက္၊ ေသဆံုးသူ ၃,၀၁၃ ေယာက္


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ကိုဗစ္ေရာဂါ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၄၄၅ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူ ၁၆ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေန႔ထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆုံးသူေတြထဲမွာ ၇ ေယာက္က ေရာဂါအခံ မရွိသူေတြျဖစ္ပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၉,၁၄၇ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၂၁၂,၁၄၅ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၃,၀၁၃ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၃၆,၁၆၆ ေယာက္ ရွိသြားပါၿပီ။

ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၆၅၉ ေယာက္ ရွိတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္း ၁၁၉,၉၇၃ ေယာက္ ရွိသြားပါၿပီ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၂.၃၂% ရွိၿပီး ျပန္ေကာင္းလာသူ ၈၈.၁၁% ၊ ေသဆုံးႏႈန္းက ၂.၂၁% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၅၆.၂၅% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။ ဒီႏႈန္းထားအရဆိုရင္ ဒီကေန႔ ေသဆံုးသူေတြထဲမွာ ေရာဂါအခံမရွိသူ ေသဆံုးႏႈန္း အေတာ္ေလးျမင့္တာ ေတြ႔ရပါတယ္။

ဇန္နဝါရီလ ၁၂ ရက္ေန႔ကေန ၂၁ ရက္ေန႔အတြင္း ပ ွ်မ္းမ ွ်ပိုးေတြ႕ႏႈန္း ၂.၅၄% ျဖစ္ၿပီး ဇန္နဝါရီလ ၁၉ ရက္ေန႔ကေတာ့ ပိုးေတြ႕ႏႈန္း ၂.၁၆% နဲ႔ အနိမ့္ဆုံးရွိခဲ့တယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေရးထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁၃၆,၁၆၆ ယောက်၊ သေဆုံးသူ ၃,၀၁၃ ယောက်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၄၅ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၆ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၇ ယောက်က ရောဂါအခံ မရှိသူတွေဖြစ်ပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၉,၁၄၇ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၂၁၂,၁၄၅ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၃,၀၁၃ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၆,၁၆၆ ယောက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၆၅၉ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၁၉,၉၇၃ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၃၂% ရှိပြီး ပြန်ကောင်းလာသူ ၈၈.၁၁% ၊ သေဆုံးနှုန်းက ၂.၂၁% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၅၆.၂၅% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။ ဒီနှုန်းထားအရဆိုရင် ဒီကနေ့ သေဆုံးသူတွေထဲမှာ ရောဂါအခံမရှိသူ သေဆုံးနှုန်း အတော်လေးမြင့်တာ တွေ့ရပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း ပ ျှမ်းမ ျှပိုးတွေ့နှုန်း ၂.၅၄% ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ကတော့ ပိုးတွေ့နှုန်း ၂.၁၆% နဲ့ အနိမ့်ဆုံးရှိခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီးကရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG