သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

AstraZeneca ကုိဗစ္ကာကြယ္ေဆး ဥေရာပတုိက္မွာ အသုံးျပဳဖုိ႔ အီးယူခြင့္ျပဳ


Oxford တကၠသိုလ္ထုတ္ AstraZeneca ကိုဗစ္ကာကြယ္ေဆး (ဓာတ္ပံု-AP)

(Zawgyi/Unicode)

အီးယူ ဥေရာပသမဂၢ ေဆးဘက္ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္း ခ်မွတ္သူေတြက ေသာၾကာေန႔မွာ AstraZeneca Covid 19 ကာကြယ္ေဆးကို အေရးေပၚ အသံုးျပဳခြင့္ေပးလိုက္ပါၿပီ။ ဒါဟာ ဥေရာပေဒသအတြက္ တတိယေျမာက္အတည္ျပဳေပးတဲ့ ကိုဗစ္ကာကြယ္ေဆး ျဖစ္ပါတယ္။

အီးယူဟာ ေဒသတြင္း ေနထိုင္သူေတြအတြက္ ကာကြယ္ေဆးထိုးေပးေရး လုပ္ေဆာင္ဖို႔ ေႏွးေကြးေနတယ္လို႔ အေဝဖန္္ခံေနရတာပါ။ အခုေတာ့ အသက္ ၅၅ ႏွစ္အထက္ေတြအတြက္ ဒီေဆးရဲ့ ထိေရာက္မႈနဲ႔ပတ္သက္တဲ့ အခ်က္လက္ အျပည့္အစံုမရတာကို စိုးရိမ္ေနတဲ့ၾကားကပဲ ဒီေဆးကို လူႀကီးပိုင္းေတြ အတြက္ပါ ထိုးေပးဖို႔ EMA ဥေရာပေဆးဘက္ဆိုင္ရာအဖြဲ႔ ကၽြမ္းက်င္သူမ်ားေကာ္မတီက တညီတညြတ္ထဲ အႀကံေပးခဲ့ၾကတာပါ။

ကိုရိုနာဗိုင္းရပ္စ္အတြက္ ဒီေဆးရဲ့ ထိေရာက္မႈဟာ ရာခိုင္ႏႈန္း ၆၀ ေလာက္ ရွိေၾကာင္း လူနဲ႔ စမ္းသပ္မႈေတြမွာ ေတြ႔ရတာေၾကာင့္ ဒီေဆးကို အေျခေနအရ ဒါမွမဟုတ္ အေရးေပၚအသံုးျပဳခြင့္ ခ်ေပးတာျဖစ္ေၾကာင္း EMA အႀကီးအကဲ Emer Cooke က သတင္းေထာက္ေတြကို ေျပာပါတယ္။ အရင္အတည္ျပဳေပးခဲ့တဲ့ Pfizer-BioNTech နဲ႔ Moderna ကာကြယ္ေဆး ေတြကေတာ့ ထိေရာက္မႈ ရာခိုင္ႏႈန္း ၉၀ ဝန္းက်င္မွာ ရွိေနတာပါ။

ဒီေဆးဟာ Pfizer-BioNTech ေဆးလို အဆမတန္ေအးတဲ့ အေနထားမွာ သိုေလွာင္ဖို႔မလိုသလို ေစ်းႏႈန္းအားျဖင့္လည္း အေတာ္သက္သာတဲ့အတြက္ အီးယူ က်န္းမာေရးအရာရွိ အမ်ားအျပားက ဒီ AstraZeneca ကာကြယ္ေဆးအတည္ျပဳေရး ပါဝင္ လုပ္ေဆာင္လာၾကပါတယ္။

ဒီေဆးကို အသက္ ၁၈ ႏွစ္နဲ႔ ၅၅ ႏွစ္ၾကား လုပ္အားေပးေတြနဲ႔ စမ္းသပ္မႈေပၚ အေျခခံၿပီး ခံႏိုင္ရည္ ရွိမရွိ စမ္းသပ္ထားတာ ျဖစ္ေပမယ့္ သက္ ၅၅ ႏွစ္အထက္ေတြလည္း ကာကြယ္ေဆးရ ဖို႔ EMA ကၽြမ္းက်င္သူေတြက ဆံုးျဖတ္ေၾကာင္းလည္း Emer ကေျပာပါတယ္။

AstraZeneca ကာကြယ္ေဆးကို ၿဗိတိန္နဲ႔ တျခား ႏိုင္ငံအမ်ားအျပားက အသံုးျပဳခြင့္ အတည္ျပဳေပးထားတာ ျဖစ္ၿပီး အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးစီမံခန္႔ခြဲေရးဌာန FDA ကေတာ့ အေရးေပၚအသံုးျပဳခြင့္ ခ်ေပးဖို႔ AstraZeneca ရဲ့ ေလ ွ်ာက္ထားခ်က္ကို စဥ္းစားေနဆဲ ျဖစ္ပါတယ္။

...................................................

တိုက္႐ိုက္ လင့္ခ္


AstraZeneca ကိုဗစ်ကာကွယ်ဆေး ဥရောပတိုက်မှာ အသုံးပြုဖို့ အီးယူခွင့်ပြု

(Unicode)
အီးယူ ဥရောပသမဂ္ဂ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချမှတ်သူတွေက သောကြာနေ့မှာ AstraZeneca Covid 19 ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပါပြီ။ ဒါဟာ ဥရောပဒေသအတွက် တတိယမြောက်အတည်ပြုပေးတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ပါတယ်။

အီးယူဟာ ဒေသတွင်း နေထိုင်သူတွေအတွက် ကာကွယ်ဆေးထိုးပေးရေး လုပ်ဆောင်ဖို့ နှေးကွေးနေတယ်လို့ အဝေဖန်ခံနေရတာပါ။ အခုတော့ အသက် ၅၅ နှစ်အထက်တွေအတွက် ဒီဆေးရဲ့ ထိရောက်မှုနဲ့ပတ်သက်တဲ့ အချက်လက် အပြည့်အစုံမရတာကို စိုးရိမ်နေတဲ့ကြားကပဲ ဒီဆေးကို လူကြီးပိုင်းတွေ အတွက်ပါ ထိုးပေးဖို့ EMA ဥရောပဆေးဘက်ဆိုင်ရာအဖွဲ့ ကျွမ်းကျင်သူများကော်မတီက တညီတညွတ်ထဲ အကြံပေးခဲ့ကြတာပါ။

ကိုရိုနာဗိုင်းရပ်စ်အတွက် ဒီဆေးရဲ့ ထိရောက်မှုဟာ ရာခိုင်နှုန်း ၆၀ လောက် ရှိကြောင်း လူနဲ့ စမ်းသပ်မှုတွေမှာ တွေ့ရတာကြောင့် ဒီဆေးကို အခြေနေအရ ဒါမှမဟုတ် အရေးပေါ်အသုံးပြုခွင့် ချပေးတာဖြစ်ကြောင်း EMA အကြီးအကဲ Emer Cooke က သတင်းထောက်တွေကို ပြောပါတယ်။ အရင်အတည်ပြုပေးခဲ့တဲ့ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေး တွေကတော့ ထိရောက်မှု ရာခိုင်နှုန်း ၉၀ ဝန်းကျင်မှာ ရှိနေတာပါ။

ဒီဆေးဟာ Pfizer-BioNTech ဆေးလို အဆမတန်အေးတဲ့ အနေထားမှာ သိုလှောင်ဖို့မလိုသလို ဈေးနှုန်းအားဖြင့်လည်း အတော်သက်သာတဲ့အတွက် အီးယူ. ကျန်းမာရေးအရာရှိ အများအပြားက ဒီ AstraZeneca ကာကွယ်ဆေးအတည်ပြုရေး ပါဝင် လုပ်ဆောင်လာကြပါတယ်။

ဒီဆေးကို အသက် ၁၈ နှစ်နဲ့ ၅၅ နှစ်ကြား လုပ်အားပေးတွေနဲ့ စမ်းသပ်မှုပေါ် အခြေခံပြီး ခံနိုင်ရည် ရှိမရှိ စမ်းသပ်ထားတာ ဖြစ်ပေမယ့် သက် ၅၅ နှစ်အထက်တွေလည်း ကာကွယ်ဆေးရ ဖို့ EMA ကျွမ်းကျင်သူတွေက ဆုံးဖြတ်ကြောင်းလည်း Emer ကပြောပါတယ်။

AstraZeneca ကာကွယ်ဆေးကို ဗြိတိန်နဲ့ တခြား နိုင်ငံအများအပြားက အသုံးပြုခွင့် အတည်ပြုပေးထားတာ ဖြစ်ပြီး အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA ကတော့ အရေးပေါ်အသုံးပြုခွင့် ချပေးဖို့ AstraZeneca ရဲ့ လေ ျှာက်ထားချက်ကို စဉ်းစားနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG