သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး မြန်မာနဲ့ ဘင်္ဂလား မှာ စမ်းသပ်ခွင့်ရရှိရေး ဆွေးနွေး 


အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး COVAXIN
အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး COVAXIN

(Zawgyi/Unicode)

COVID 19 ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ Hyderabad မြို့ အခြေစိုက် Bharat Biotech Ltd ဆေး ကုမ္ပဏီက မြန်မာ နဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ကာကွယ်ဆေးထိရောက်မှုနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်နိုင်ဖို့ ခွင့်ပြုချက် ရယူဖို့ ကြိုးစားနေ တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အိန္ဒိယ သတင်းဌာနတွေက ပြောပါတယ်။

Bharat Biotech Ltd ကုမ္ပဏီထုတ် Covaxin ဆေးနဲ့ Oxford တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီထုတ် COVISHIELD ကိုဗစ် ကာကွယ်ဆေးတွေကို အိန္ဒိယနိုင်ငံက အရေးပေါ် သုံးစွဲခွင့် ပြုထားတာပါ။

Covaxin ကာကွယ်ဆေးကို Bharat Biotech ကုမ္ပဏီနဲ့ အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) က ပူးပေါင်း ထုတ်လုပ်နေတာ ဖြစ်ပါတယ်။အဲဒီဆေး ထိရောက်မှု ရှိမယ်ဆိုရင် COVISHIELD နဲ့အတူ အိန္ဒိယနိုင်ငံရဲ့ COVID 19 ရောဂါ တိုက်ဖျက်ရေးအတွက် ပိုပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာ ဖြစ်သလို အိန္ဒိယနိုင်ငံကိုလည်း ကမ္ဘာမှာ ကာကွယ်ထိုးဆေး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ပိုပြီး ယုံကြည် စိတ်ချမှု ရရှိစေမှာလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေအရ အိန္ဒိယ Bharat Biotech ကုမ္ပဏီက မြန်မာ အစိုးရနဲ့ ပုံမှန် အဆက်အသွယ် ပြုလုပ်နေပြီး မကြာခင်မှာ ထိရောက်မှု ရှိ-မရှိ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်တော့မယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဒါကာမြို့ အခြေစိုက် နိုင်ငံတကာ ကာလဝမ်းရောဂါဆိုင်ရာ သုတေသနေ ဌာနက ကုမ္ပဏီကိုယ်စား စမ်းသပ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) ရဲ့ အဆိုအရ အခုလို စမ်းသပ်မှုတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက ကာကွယ်ဆေးတွေကို မဝယ်ယူမီ ပုံမှန် လုပ်ရိုး လုပ်စဉ် စမ်းသပ်မှုတွေလို့ ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဆေးထိရောက်မှုဆိုင်ရာစမ်းသပ်မှုတွေ လုပ်မယ့် ကိစ္စအပေါ် Bharat Biotech ကုမ္ပဏီရဲ့ ပြောခွင့်ရက ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လို့ အိန္ဒိယ အခြေစိုက် mint သတင်းဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)


Bharat Biotech Ltd ကုမ်ပဏီထုတျ Covaxin ဆေးနဲ့ Oxford တက်ကသိုလျနဲ့ AstraZeneca ကုမ်ပဏီထုတျ COVISHIELD ကိုဗဈ ကာကှယျဆေးတှကေို အိန်ဒိယနိုငျငံက အရေးပေါျ သုံးစှဲခှင့ျ ပွုထားတာပါ။






ဆက်စပ်သတင်းများ ...

XS
SM
MD
LG