သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၃၈,၈၀၂ ဦး၊ သေဆုံး ၃,၀၈၉ ဦး


ရန်ကုန်တိုင်း မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားရနေသူများကို ကုသစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)
ရန်ကုန်တိုင်း မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားရနေသူများကို ကုသစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၃၄ ယောက် ထပ်တိုးပြီး သေဆုံးသူ ၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူ ၇ ဦးလုံးဟာ ရောဂါအခံရှိတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၆,၅၅၆ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၃၂၃,၀၉၄ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၃,၀၈၉ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၈,၈၀၂ ယောက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၃၈၉ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၂၃,၁၇၀ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၆၂% ရှိပြီး ပြန်ကောင်းလာသူ ၈၇.၇၄% ၊ သေဆုံးနှုန်းက ၂.၂၃% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ ၁၀၀% အပြည့်က နောက်ခံရောဂါရှိသူတွေပါ။

ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း ပျမ်းမျှပိုးတွေ့နှုန်း ၂.၃၅% ဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကတော့ ပိုးတွေ့နှုန်း ၂.၀၉ % နဲ့ အနိမ့်ဆုံးရှိခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ COVID-19 ရောဂါကူးစက်သူ လျော့ကျလာနေတဲ့ပုံ ရှိပေမဲ့လည်း သိသိသာသာကြီး လျော့ကျသွားတာမျိုးတော့လည်း မဟုတ်သေးပါဘူး။

ဒီကနေ့မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေးနေပါပြီ။

ကာကွယ်ဆေး စထိုးပြီဆိုပေမဲ့လည်း ရောဂါကူးစက်မယ့် အန္တရာယ်ကို ပေါ့ဆလို့မရသေးတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတိပေးပြောဆိုသွားပါတယ်။

[Unicode Version]












XS
SM
MD
LG