သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာက်န္းမာေရးလုပ္သား တသိန္းေက်ာ္ ကိုဗစ္ကာကြယ္ေဆးစထိုးႏွံမည္


PPE ဝတ္စံုဝတ္ထားတဲ့ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ရွိ ဧရာဝတီကိုဗစ္စင္တာတခုတြင္ ေတြ႔ရ။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္ ကုိဗစ္ေရာဂါ ကာကြယ္ေဆးထုိးမယ့္ အစီအစဥ္အျဖစ္ ႏုိင္ငံအႏွံ႔က က်န္းမာေရးဝန္ထမ္း ၁၀၀,၀၀၀ ေက်ာ္ကုိ မနက္ျဖန္ကစ ထုိးႏွံေပးဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ကုိဗစ္ေရာဂါ ကာကြယ္ေဆးထုိးမယ့္ အစီအစဥ္မွာ ေရာဂါတုိက္ဖ်က္ေရး ေရွ႕တန္းက တာ၀န္ယူေနၾကတဲ့ ႏုိင္ငံတ၀န္းက က်န္းမာေရးဝန္ထမ္း ၁၁၀,၀၀၀ ေက်ာ္ကို အရင္ဆုံး စတင္ထိုးႏွံေပးဖုိ႔ စီစဥ္ေနတာျဖစ္ပါတယ္။ ကာကြယ္ေဆး ဦးစားေပး ထိုးႏွံေပးမယ့္ အထဲမွာေတာ့ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြ၊ ဗဟိုနဲ႔တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႔ဝင္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အဆင့္ဆင့္ ပါ၀င္မွာျဖစ္တယ္လုိ႔လည္း က်န္းမာေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြက ေျပာပါတယ္။

ေနာက္ပုိင္းမွာလည္း အမ်ားျပည္သူၾကား လုိအပ္သူေတြကို ကာကြယ္ေဆး ထုိးႏွံရာမွာ ပူးေပါင္းေဆာင္ရြက္ၾကဖုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက တိုက္တြန္းထားပါတယ္။

"ကာကြယ္ေဆးထိုးျခင္းသည္ လက္ရွိအေျခအေနမွာဆိုရင္ COVID- 19 ကပ္ေရာဂါကို ရပ္တန႔္ဖို႔အတြက္ လက္နက္တခုလည္းျဖစ္ပါတယ္။ ကာကြယ္ေဆးနဲ႔ ကာကြယ္ျခင္းသည္ မိမိအတြက္အေကာင္းဆုံး အခြင့္အလမ္း တခုကို ရရွိတယ္လို႔ သေဘာထားၿပီးေတာ့ ကာကြယ္ေဆးကို ထိုးႏွံဖို႔အတြက္ အထူးတိုက္တြန္းလိုပါတယ္။ ကာကြယ္ေဆးထိုးႏွံတဲ့အခါမွာလည္း အႏၲရာယ္မရွိေစဖို႔အတြက္ ကာကြယ္ေဆးထိုးေနစဥ္ တေလွ်ာက္မွာလည္း က်မတို႔ေရာဂါရာဇဝင္ေမးျမန္းတာ၊ ကာကြယ္ေဆးထိုးေနတုန္းလည္း Emergency Box ေတြထားရွိၿပီးေတာ့ ေဆာင္႐ြက္မွာျဖစ္ပါတယ္။ ဒါ့အျပင္ လိုအပ္လို႔ ေဆး႐ုံတက္ေရာက္ဖို႔ ကုသဖို႔လိုတယ္ဆိုရင္လည္း နဂိုကတည္းက ေဆး႐ုံေတြနဲ႔တခါတည္း ကြန္ယက္ကခ်ိတ္ဆက္ထားၿပီးေတာ့ Ambulance အပါအဝင္၊ ဆရာဝန္၊ သူနာျပဳ၊ အကူ၊ အေရးေပၚ ကားယာဥ္ေမာင္းကအစ Ready & Stand by ထားရွိၿပီးေတာ့ ကာကြယ္ေဆးထိုးေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ စိတ္ခ်လက္ခ် ကာကြယ္ေဆးကို လာေရာက္ထိုးႏွံၾကဖို႔ ဖိတ္ေခၚပါတယ္။"

ၿဗိတိန္ေအာက္စ္ဖို႔ တကၠသိုလ္နဲ႔ ၿဗိတိန္-ဆြီဒင္ ႏုိင္ငံတကာ ကုမၸဏီႀကီးျဖစ္တဲ့ AstraZeneca တို႔ ပူးတြဲသုေတသနလုပ္ျပီး အိႏိၵယနိုင္ငံ Serum Institue က မူပိုင္ခြင့္ယူၿပီး Covishield နာမည္နဲ႔ ထုတ္တဲ့ ကာကြယ္ေဆးကုိ အသုံးျပဳ ထုိးႏွံေပးမွာ ျဖစ္ပါတယ္။ ကုိဗစ္ေရာဂါ ကာကြယ္ႏိုင္စြမ္း ၉၀ ရာခိုင္ႏႈန္းအထိရွိတယ္လို႔ ေျပာဆုိထားတဲ့ ေဆးကုိေတာ့ ေရာဂါကူးစက္ခံေနရသူ ဒါမွမဟုတ္ ေရာဂါသက္သာ ေပ်ာက္ကင္းခ်ိန္ ၁၄ ရက္မေက်ာ္ေသးသူ အပါအဝင္ ေရာဂါသံသယရွိသူေတြနဲ႔ ႏို႔တိုက္ေနဆဲ ကေလးမိခင္ေတြ၊ ကိုယ္ဝန္ေဆာင္ထားသူေတြနဲ႔ အသက္ ၁၈ ႏွစ္ေအာက္ရွိသူေတြက လြဲလို႔ က်န္တဲ့လူေတြ ထိုးႏွံႏိုင္မွာ ျဖစ္တယ္လုိ႔လည္း က်န္းမာေရး ပညာရွင္ေတြက ေျပာပါတယ္။

ကာကြယ္ေဆးထိုးၿပီးခ်ိန္မွာ လူအနည္းစုျဖစ္ေလ့ရွိတဲ့ ေနာက္ဆက္တြဲ လကၡဏာေတြ ရွိႏုိင္ေပမဲ့ ကာကြယ္ေဆး ထုိးခြင့္ရတဲ့ အခ်ိန္မွာ ထုိးျဖစ္ေအာင္ ထုိးၾကဖုိ႔လည္း က်န္းမာေရး၀န္ႀကီးဌာနေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက တုိက္တြန္းထားပါတယ္။

"တိုးတက္ၿပီးႏိုင္ငံေတြ၊ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာေတာင္မွ Anti-Vaccine Lobby ဆိုၿပီးေတာ့ေလ ကာကြယ္ေဆးကို ဆန႔္က်င္မယ့္ အဖြဲ႕ေတြရွိပါတယ္။ ဒါေတြကေတာ့ ကာကြယ္ေဆးထိုးစရာမလိုဘူး၊ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားသည္သာ အေကာင္းဆုံး၊ ငါတို႔ရဲ႕ ကိုယ္ခံအားသည္ ငါတို႔ေရာဂါေတြကို တိုက္ထုတ္ေပးႏိုင္ဖို႔အစြမ္း ရွိတယ္။ စသျဖင့္ တဘက္စြန္းေရာက္တဲ့သူေတြလည္း ရွိပါတယ္။ တခ်ိဳ႕လူေတြက်ေတာ့ ဒီကာကြယ္ေဆးအေပၚမွာ ဒါဟာ ခႏၶာကိုယ္ရဲ႕မ်ိဳး႐ိုးဗီဇေတြကို ေျပာင္းလဲၿပီးေတာ့ Gay အျဖစ္နဲ႔ေျပာင္းသြားႏိုင္တယ္ စသျဖင့္ေပါ့ေနာ္။ တခ်ိဳ႕ေတြက်ေတာ့လည္း Micro Chip ေတြထည့္သြင္းထားတာမို႔လို႔ ဒါဟာမထိုးသင့္ဘူး၊ ကိုယ္ေရာက္တဲ့ေနရာကို ေထာက္လွမ္းေနမယ္ စသျဖင့္ေပါ့ေနာ္။ တခ်ိဳ႕အစြန္းေရာက္အုပ္စုေတြကေနၿပီးေတာ့ မမွန္သတင္းေတြကို ေျပာတာမ်ိဳးေတြ ရွိပါတယ္။ အဲေတာ့ အခုလက္ရွိအေနအထားအရဆိုရင္ ကာကြယ္ေဆးထိုးဖို႔ဆိုၿပီးေတာ့ တရားဝင္ခြင့္ျပဳေပးလိုက္တယ္ဆိုရဲ႕ ေနာက္ကြယ္မွာ ကာကြယ္ေဆးရဲ႕စိတ္ခ်ရမႈ၊ ေဘးကင္းလုံၿခဳံမႈ၊ အာနိသင္ထက္ျမက္မႈ၊ ကာကြယ္ႏိုင္စြမ္းရွိမႈ၊ ဒါေတြကလည္း စိတ္ခ်ရတဲ့အေနအထား ရွိလို႔သာ ေပးျခင္းျဖစ္ပါတယ္။ အဲဒီေတာ့ ကာကြယ္ေဆးဟာ သူ႔ကိုထိုးမယ္ဆိုရင္ ကာကြယ္ေဆးေတြရဲ႕အာနိသင္ေတြဟာ အမ်ားႀကီးရွိပါတယ္။"

အိႏၵိယႏိုင္ငံအစိုးရက ႏွစ္ႏိုင္ငံအစိုးရၾကား ဆက္ဆံေရးအတြက္ လက္ေဆာင္အျဖစ္ေပးထားတဲ့ Covishield အလုံးေရ ၁,၅၀၀,၀၀၀ ကို မနက္ျဖန္မွာ စၿပီးအသုံးျပဳမွာပါ။ ကာကြယ္ေဆးထိုးႏွံၿပီးေနာက္ပိုင္းမွာလည္း ေရာဂါကာကြယ္ေရး နည္းလမ္းေတြျဖစ္တဲ့ႏွာေခါင္းစည္းတပ္တာ၊ လက္ေဆးတာနဲ႔ လူစုလူေဝးေရွာင္ၾကဥ္တာေတြကို ဆက္ၿပီးေဆာင္႐ြက္သြားၾကဖို႔လိုတယ္လို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇန္နဝါရီလ ၂၅ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့စာရင္းအရ ျပည္တြင္းမွာ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃,၀၀၀ ေက်ာ္နဲ႔ ေရာဂါကူးစက္ခံရသူေပါင္း ၁၃၇,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကျန်းမာရေးလုပ်သား တသိန်းကျော် ကိုဗစ်ကာကွယ်ဆေးစထိုးနှံမည်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်အဖြစ် နိုင်ငံအနှံ့က ကျန်းမာရေးဝန်ထမ်း ၁၀၀,၀၀၀ ကျော်ကို မနက်ဖြန်ကစ ထိုးနှံပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်မှာ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက တာဝန်ယူနေကြတဲ့ နိုင်ငံတဝန်းက ကျန်းမာရေးဝန်ထမ်း ၁၁၀,၀၀၀ ကျော်ကို အရင်ဆုံး စတင်ထိုးနှံပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးမယ့် အထဲမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဗဟိုနဲ့တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဆင့်ဆင့် ပါဝင်မှာဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ပိုင်းမှာလည်း အများပြည်သူကြား လိုအပ်သူတွေကို ကာကွယ်ဆေး ထိုးနှံရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

"ကာကွယ်ဆေးထိုးခြင်းသည် လက်ရှိအခြေအနေမှာဆိုရင် COVID- 19 ကပ်ရောဂါကို ရပ်တန့်ဖို့အတွက် လက်နက်တခုလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်ခြင်းသည် မိမိအတွက်အကောင်းဆုံး အခွင့်အလမ်း တခုကို ရရှိတယ်လို့ သဘောထားပြီးတော့ ကာကွယ်ဆေးကို ထိုးနှံဖို့အတွက် အထူးတိုက်တွန်းလိုပါတယ်။ ကာကွယ်ဆေးထိုးနှံတဲ့အခါမှာလည်း အန္တရာယ်မရှိစေဖို့အတွက် ကာကွယ်ဆေးထိုးနေစဉ် တလျှောက်မှာလည်း ကျမတို့ရောဂါရာဇဝင်မေးမြန်းတာ၊ ကာကွယ်ဆေးထိုးနေတုန်းလည်း Emergency Box တွေထားရှိပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်လို့ ဆေးရုံတက်ရောက်ဖို့ ကုသဖို့လိုတယ်ဆိုရင်လည်း နဂိုကတည်းက ဆေးရုံတွေနဲ့တခါတည်း ကွန်ယက်ကချိတ်ဆက်ထားပြီးတော့ Ambulance အပါအဝင်၊ ဆရာဝန်၊ သူနာပြု၊ အကူ၊ အရေးပေါ် ကားယာဉ်မောင်းကအစ Ready & Stand by ထားရှိပြီးတော့ ကာကွယ်ဆေးထိုးပေးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ စိတ်ချလက်ချ ကာကွယ်ဆေးကို လာရောက်ထိုးနှံကြဖို့ ဖိတ်ခေါ်ပါတယ်။"

ဗြိတိန်အောက်စ်ဖို့ တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင် နိုင်ငံတကာ ကုမ္ပဏီကြီးဖြစ်တဲ့ AstraZeneca တို့ ပူးတွဲသုတေသနလုပ်ပြီး အိန္ဒိယနိုင်ငံ Serum Institue က မူပိုင်ခွင့်ယူပြီး Covishield နာမည်နဲ့ ထုတ်တဲ့ ကာကွယ်ဆေးကို အသုံးပြု ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းအထိရှိတယ်လို့ ပြောဆိုထားတဲ့ ဆေးကိုတော့ ရောဂါကူးစက်ခံနေရသူ ဒါမှမဟုတ် ရောဂါသက်သာ ပျောက်ကင်းချိန် ၁၄ ရက်မကျော်သေးသူ အပါအဝင် ရောဂါသံသယရှိသူတွေနဲ့ နို့တိုက်နေဆဲ ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်ထားသူတွေနဲ့ အသက် ၁၈ နှစ်အောက်ရှိသူတွေက လွဲလို့ ကျန်တဲ့လူတွေ ထိုးနှံနိုင်မှာ ဖြစ်တယ်လို့လည်း ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

ကာကွယ်ဆေးထိုးပြီးချိန်မှာ လူအနည်းစုဖြစ်လေ့ရှိတဲ့ နောက်ဆက်တွဲ လက္ခဏာတွေ ရှိနိုင်ပေမဲ့ ကာကွယ်ဆေး ထိုးခွင့်ရတဲ့ အချိန်မှာ ထိုးဖြစ်အောင် ထိုးကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

"တိုးတက်ပြီးနိုင်ငံတွေ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်မှ Anti-Vaccine Lobby ဆိုပြီးတော့လေ ကာကွယ်ဆေးကို ဆန့်ကျင်မယ့် အဖွဲ့တွေရှိပါတယ်။ ဒါတွေကတော့ ကာကွယ်ဆေးထိုးစရာမလိုဘူး၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားသည်သာ အကောင်းဆုံး၊ ငါတို့ရဲ့ ကိုယ်ခံအားသည် ငါတို့ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့အစွမ်း ရှိတယ်။ စသဖြင့် တဘက်စွန်းရောက်တဲ့သူတွေလည်း ရှိပါတယ်။ တချို့လူတွေကျတော့ ဒီကာကွယ်ဆေးအပေါ်မှာ ဒါဟာ ခန္ဓာကိုယ်ရဲ့မျိုးရိုးဗီဇတွေကို ပြောင်းလဲပြီးတော့ Gay အဖြစ်နဲ့ပြောင်းသွားနိုင်တယ် စသဖြင့်ပေါ့နော်။ တချို့တွေကျတော့လည်း Micro Chip တွေထည့်သွင်းထားတာမို့လို့ ဒါဟာမထိုးသင့်ဘူး၊ ကိုယ်ရောက်တဲ့နေရာကို ထောက်လှမ်းနေမယ် စသဖြင့်ပေါ့နော်။ တချို့အစွန်းရောက်အုပ်စုတွေကနေပြီးတော့ မမှန်သတင်းတွေကို ပြောတာမျိုးတွေ ရှိပါတယ်။ အဲတော့ အခုလက်ရှိအနေအထားအရဆိုရင် ကာကွယ်ဆေးထိုးဖို့ဆိုပြီးတော့ တရားဝင်ခွင့်ပြုပေးလိုက်တယ်ဆိုရဲ့ နောက်ကွယ်မှာ ကာကွယ်ဆေးရဲ့စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု၊ အာနိသင်ထက်မြက်မှု၊ ကာကွယ်နိုင်စွမ်းရှိမှု၊ ဒါတွေကလည်း စိတ်ချရတဲ့အနေအထား ရှိလို့သာ ပေးခြင်းဖြစ်ပါတယ်။ အဲဒီတော့ ကာကွယ်ဆေးဟာ သူ့ကိုထိုးမယ်ဆိုရင် ကာကွယ်ဆေးတွေရဲ့အာနိသင်တွေဟာ အများကြီးရှိပါတယ်။"

အိန္ဒိယနိုင်ငံအစိုးရက နှစ်နိုင်ငံအစိုးရကြား ဆက်ဆံရေးအတွက် လက်ဆောင်အဖြစ်ပေးထားတဲ့ Covishield အလုံးရေ ၁,၅၀၀,၀၀၀ ကို မနက်ဖြန်မှာ စပြီးအသုံးပြုမှာပါ။ ကာကွယ်ဆေးထိုးနှံပြီးနောက်ပိုင်းမှာလည်း ရောဂါကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာနဲ့ လူစုလူဝေးရှောင်ကြဉ်တာတွေကို ဆက်ပြီးဆောင်ရွက်သွားကြဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်နဲ့ ရောဂါကူးစက်ခံရသူပေါင်း ၁၃၇,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG