သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ​ COVID-19 ကာကြယ္ေဆးထိုးႏွံေရး စာရင္းေကာက္ခံျပဳစု


အိႏၵိယႏုိင္ငံက ေပးပုိ႔လုိက္တဲ့ ကိုဗစ္ကာကြယ္ေဆး Covidshield ကို ရန္ကုန္ေလဆိပ္မွာ သယ္ယူေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 ကာကြယ္ေဆး ဦးစားေပးထိုးႏွံခြင့္ရမယ့္ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းစာရင္းေတြနဲ႔ ျပည္သူလူထုၾကား ကာကြယ္ေဆးထိုးႏွံလိုသူေတြရဲ႕ စာရင္းေတြ လိုက္လံေကာက္ခံေနၿပီ ျဖစ္ပါတယ္။ ရပ္ကြက္၊ ၿမိဳ႕နယ္နဲ႔ ပုဂၢလိက ေဆး႐ုံေတြမွာပါ COVID-19 ကာကြယ္ေဆးထိုးႏွံေရး ျပင္ဆင္ စာရင္းျပဳစုေနၾကတဲ့ ေနာက္ဆံုးအေျခအေနေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံတဝန္း လူေပါင္း ၁၃၀,၀၀၀ ေက်ာ္ COVID-19 ကူးစက္ေနတဲ့အထဲ ပိုးေတြ႔လူနာ အမ်ားဆံုးျဖစ္တဲ့ တိုင္းတတိုင္းထဲ ပါဝင္တဲ့ ရန္ကုန္တိုင္းထဲမွာ COVID-19 ကူးစက္ျပန္႔ပြားမႈ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး ေရွ႕တန္းကေန ေဆးကုသ ေစာင့္ေရွာက္မႈေပးေနတဲ့ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကို ဦးစားေပး ကာကြယ္ေဆးထိုးဖို႔ စာရင္းေတြ ျပဳစုေနၾကၿပီ ျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါကာလ လူထုၾကား ေဆးကုသေပးေနတဲ့ အခမဲ့ဖ်ားနာကုေဆးခန္း အားလံုးမွာ ေဆးကုေပးေနတဲ့ ေဆးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္း ၁,၀၀၀ ေက်ာ္အတြက္ စာရင္းေပးသြင္းထားၿပီး ကိုဗစ္ကာကြယ္ေဆး ထိုးႏွံဖို႔ ျပင္ဆင္ေနၾကတယ္လို႔ ရန္ကုန္တုိင္း Community Fever Clinic ရန္ကုန္ကြန္ရက္တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာျပပါတယ္။

"ၿမိဳ႕နယ္က်န္းမာေရးမွဴးကေနတဆင့္ က်ေနာ္တို႔ စာရင္းေတြေပးရပါတယ္။ အဲဒီထဲမွာ ဆရာဝန္ပါတယ္၊ သူနာျပဳပါတယ္၊ Volunteer ပါတယ္၊ ပရဟိတ ပါတယ္ေပါ့ေနာ္။ Fever Clinic ၿမိဳ႕နယ္တၿမိဳ႕နယ္ခ်င္းရဲ႕ အခ်က္အလက္ေတြကို ၿမိဳ႕နယ္က်န္းမာေရးမွဴး အစီအစဥ္နဲ႔ သြားရပါမယ္ ကာကြယ္ေဆးထိုးဖို႔။ က်ေနာ္တို႔ေတြကေတာ့ ပထမဆံုးအုပ္စုအေနနဲ႔ ထိုးရမယ္။ အခုက လူ ၇ သိန္းခြဲစာ လက္ရွိေရာက္ၿပီေပါ့ေနာ္။ Fever Clinic က အခု ရန္ကုန္တုိင္းမွာ ၂၉ ခုဖြင့္ထားတယ္။ ၁,၃၀၀ ဝန္းက်င္ေလာက္ရွိပါမယ္ အၾကမ္းဖ်င္းေလ။ က်ေနာ္တို႔ Volunteer အင္အား၊ သူနာျပဳအင္အား၊ ဆရာဝန္အင္အားေပါ့ေနာ္။ ေနာက္ ပရဟိတအဖြဲ႔ေတြလည္း ရွိတယ္။ က်ေနာ္တို႔နဲ႔အတူတူ Ambulance Service ေတြလည္း ရွိတယ္။ အကုန္လံုးထည့္တယ္၊ သူတို႔လည္း တကယ့္ကို အေရးပါတဲ့က႑မွာ ပါတယ္။”

အခုဆိုရင္ COVID-19 ကာကြယ္ေဆး ထိုးႏွံႏိုင္ေရး ျပည္သူလူထုၾကားမွာလည္း စာရင္းလိုက္လံ ေကာက္ခံေနတယ္လို႔ လူထုအေျချပဳေဆးခန္း ဆရာဝန္ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာျပပါတယ္။

"ရပ္ကြက္ေတြထဲမွာဆိုလည္း ဒီေန႔ဆိုရင္ အိမ္တိုင္ရာေရာက္ ေဖာင္ေတြ လာေပးေနတာ ေတြ႔တယ္။ အခုေကာက္ေနတဲ့ အုပ္စုကေတာ့ ဒုတိယအုပ္စုမွာျဖစ္မယ္။ ရပ္ကြက္ေတြထဲမွာ ျပည္သူေတြကို ထိုးဖို႔ကေလ။ အခု ရပ္ကြက္ထဲမွာ စပီကာေတြနဲ႔ လိုက္ေအာ္ေနၾကတာ အခုၾကားေနရတဲ့အသံေလ။ ရပ္ကြက္ေတြထဲ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ေဖာင္ေတြျဖည့္ဖို႔။ ရပ္ကြက္ေတြထဲမွာေတာ့ အသက္က ၁၈ ကေန ၆၄ ႏွစ္ၾကား။ ကုိယ္ဝန္ေဆာင္မရဘူး၊ ေဆးမတည့္ရင္လည္း မွတ္ခ်က္အေနနဲ႔ ေျပာဖို႔ေပါ့။ က်န္တာကေတာ့ သန္းေခါင္စာရင္းဝင္တဲ့ မိသားစုဝင္ေတြအကုန္လံုး ျဖည့္ေပါ့ေနာ္။ ေဖာင္ေတြျဖည့္ၿပီး ရပ္ကြက္႐ုံးကေနတဆင့္ တုိင္းက်န္းကို သြားမယ္ထင္တယ္။"

ေနာက္ထပ္လည္း ပုဂၢလိကေဆး႐ုံေတြမွာပါ ကိုဗစ္ကာကြယ္ေဆး ထိုးမယ့္စာရင္း လိုက္လံေကာက္ခံေနတဲ့ အေျခအေနနဲ႔ COVID-19 ကာကြယ္ေဆး ထိုးႏွံႏိုင္ေရး ျပင္ဆင္ေနတဲ့ အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ ပုဂၢလိကေဆး႐ုံမွာ ေဆးကုသေပးေနတဲ့ လူထုကို က်န္းမာေရး ပညာေပးေနသူလည္းျဖစ္တဲ့ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က အခုလို အႀကံျပဳပါတယ္။

"ကိုဗစ္ကို ကုသေပးေနတဲ့ ေဆး႐ုံေတြက က်န္းမာေရးဝန္ထမ္းေတြ၊ ေနာက္ ကြာရမ္တင္းစင္တာမွာရွိတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ Volunteer ေတြက အဓိကအုပ္စုထဲ ပါမယ္။ ေနာက္တခုက ပုဂၢလိကေဆး႐ုံေတြမွာလည္း စာရင္းေတြေကာက္ၿပီး ေပးပို႔ထားတယ္လို႔ သိရတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ စၿပီးေတာ့ ဦးစားေပးအဆင့္နဲ႔ အသက္အရြယ္အလိုက္ေတြပါ စာရင္းဇယား ေကာက္ေနတာေတြကို ဆရာတို႔ ႀကိဳဆိုတယ္။ အဲဒီမွာမွ ထိုးႏွံခ်င္တဲ့သူက မ်ားတယ္ဆုိရင္ သူ႔ဦးစားေပး အစီအစဥ္အတိုင္း ထိုးသြား႐ုံပဲ ျပႆနာသိပ္မရွိဘူး။ ထိုးႏွံခ်င္တဲ့သူ နည္းတယ္ဆိုရင္ေတာ့ ဆရာတို႔ ပညာေပးအစီအစဥ္ေတြ သက္ဆုိင္ရာၿမိဳ႕နယ္ေတြအလိုက္ ေဆာင္ရြက္သင့္တယ္လို႔ ထင္တယ္။ ဆရာတို႔ကေတာ့ မ်ားမ်ားထိုးေစခ်င္တယ္။ မ်ားမ်ားထိုးေစခ်င္တာကေတာ့ မိမိကိုယ္ထဲကို COVID-19 ပိုး မဝင္ေရာက္ႏို္င္ဘူး။ ေနာက္ ကိုယ့္ပတ္ဝန္းက်င္မွာ COVID-19 ပိုး ပ်ံ႕ႏွံ႔မႈမရွိေအာင္ ကာကြယ္ဖို႔ကလည္း ပိုအေရးႀကီးတယ္။ ကိုယ့္ကိုယ္တိုင္ အသက္အႏၱရာယ္ မရွိဖို႔ထက္ စာရင္ကို Public Health အေနနဲ႔ ထိုးႏွံသင့္တယ္လို႔ ဆရာအေနနဲ႔ ျမင္တယ္။"

Together Thanlyin အဖြဲ႔ တည္ေထာင္သူ ကိုမင္းေသြးသစ္ကလည္း ေစတနာ့ဝန္ထမ္းေတြကိုပါ ကာကြယ္ေဆး ဦးစားေပးအဆင့္ထဲ ထည့္ထားမယ္လို႔ ယူဆတဲ့အေၾကာင္း ေျပာပါတယ္။

"ပထမဦးစားေပးထဲမွာ ပါတယ္လို႔ေတာ့ ေျပာတယ္။ မနက္ျဖန္ အစည္းအေဝးက်မွ အတိအက် သိရပါမယ္။ က်ေနာ္တို႔က အခုလက္ရွိမွာေတာ့ Contact Person ေတြရယ္၊ Positive လူနာေတြရယ္ကို အိမ္ေတြကေနၿပီးေတာ့ စင္တာေတြကို ပို႔ေပးေနတာေတြ ရွိပါတယ္။ ေနာက္ ေဆး႐ုံေတြကေန Positive ဆံုးသြားတဲ့ Dead Body ေတြကို က်ေနာ္တို႔ ပို႔ေပးေနၾကတာေတြ ရွိတယ္။ ေနာက္ ပိုးသတ္ေဆးဖ်န္းတာေပါ့၊ ပိုးေတြ႔လူနာေတြရဲ႕ အိမ္ေတြကို လုိက္ဖ်န္းေပးတာေတြ လုပ္ေနၾကပါတယ္။ Risk ကေတာ့ က်ေနာ္တို႔ ေရာဂါပိုးကူးစက္ႏိုင္ေျခေတာ့ အမ်ားဆံုးရွိတာေပါ့။ PPE ေတြနဲ႔ေတာ့ သြားၾကပါတယ္။ တခါတေလေတာ့လည္း ရန္ပံုေငြအခက္အခဲရယ္ PPE ဝတ္စံု မလံုေလာက္မႈေၾကာင့္ေတြရယ္ေၾကာင့္ PPE မဝတ္ဘဲ သြားၾကရတာေတြလည္း ရွိတယ္။"

အခုလက္ရွိမွာေတာ့ ျမန္မာႏုိင္ငံကို အိႏၵိယက ေပးလွဴလိုက္တဲ့ COVID-19 ကာကြယ္ေဆး ၁.၅ သန္း ေရာက္ရွိေနၿပီျဖစ္ပါတယ္။ ဒီေဆးကို က်န္းမာေရးဝန္ထမ္းေတြကို ဦးစားေပး ထိုးႏွံမွာျဖစ္ၿပီး တိုင္းနဲ႔ျပည္နယ္အႏွံ႔ ပို႔ေဆာင္ထားၿပီ ျဖစ္ပါတယ္။ ေနာက္ထပ္ လူ ၁၅ သန္းစာအတြက္ ကာကြယ္ေဆး သန္း ၃၀ အိႏၵိယကေန ဝယ္ယူထားၿပီး အဲဒီ ဝယ္ယူထားတဲ့ ဒီေဆးေတြကေတာ့ ေဖေဖာ္ဝါရီလကုန္ထဲ ေရာက္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာ COVID-19 ကာကွယ်ဆေးထိုးနှံရေး စာရင်းကောက်ခံပြုစု

COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံခွင့်ရမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းစာရင်းတွေနဲ့ ပြည်သူလူထုကြား ကာကွယ်ဆေးထိုးနှံလိုသူတွေရဲ့ စာရင်းတွေ လိုက်လံကောက်ခံနေပြီ ဖြစ်ပါတယ်။ ရပ်ကွက်၊ မြို့နယ်နဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာပါ COVID-19 ကာကွယ်ဆေးထိုးနှံရေး ပြင်ဆင် စာရင်းပြုစုနေကြတဲ့ နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်း လူပေါင်း ၁၃၀,၀၀၀ ကျော် COVID-19 ကူးစက်နေတဲ့အထဲ ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ တိုင်းတတိုင်းထဲ ပါဝင်တဲ့ ရန်ကုန်တိုင်းထဲမှာ COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး ရှေ့တန်းကနေ ဆေးကုသ စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေး ကာကွယ်ဆေးထိုးဖို့ စာရင်းတွေ ပြုစုနေကြပြီ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ လူထုကြား ဆေးကုသပေးနေတဲ့ အခမဲ့ဖျားနာကုဆေးခန်း အားလုံးမှာ ဆေးကုပေးနေတဲ့ ဆေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း ၁,၀၀၀ ကျော်အတွက် စာရင်းပေးသွင်းထားပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ပြင်ဆင်နေကြတယ်လို့ ရန်ကုန်တိုင်း Community Fever Clinic ရန်ကုန်ကွန်ရက်တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပြပါတယ်။

"မြို့နယ်ကျန်းမာရေးမှူးကနေတဆင့် ကျနော်တို့ စာရင်းတွေပေးရပါတယ်။ အဲဒီထဲမှာ ဆရာဝန်ပါတယ်၊ သူနာပြုပါတယ်၊ Volunteer ပါတယ်၊ ပရဟိတ ပါတယ်ပေါ့နော်။ Fever Clinic မြို့နယ်တမြို့နယ်ချင်းရဲ့ အချက်အလက်တွေကို မြို့နယ်ကျန်းမာရေးမှူး အစီအစဉ်နဲ့ သွားရပါမယ် ကာကွယ်ဆေးထိုးဖို့။ ကျနော်တို့တွေကတော့ ပထမဆုံးအုပ်စုအနေနဲ့ ထိုးရမယ်။ အခုက လူ ၇ သိန်းခွဲစာ လက်ရှိရောက်ပြီပေါ့နော်။ Fever Clinic က အခု ရန်ကုန်တိုင်းမှာ ၂၉ ခုဖွင့်ထားတယ်။ ၁,၃၀၀ ဝန်းကျင်လောက်ရှိပါမယ် အကြမ်းဖျင်းလေ။ ကျနော်တို့ Volunteer အင်အား၊ သူနာပြုအင်အား၊ ဆရာဝန်အင်အားပေါ့နော်။ နောက် ပရဟိတအဖွဲ့တွေလည်း ရှိတယ်။ ကျနော်တို့နဲ့အတူတူ Ambulance Service တွေလည်း ရှိတယ်။ အကုန်လုံးထည့်တယ်၊ သူတို့လည်း တကယ့်ကို အရေးပါတဲ့ကဏ္ဍမှာ ပါတယ်။”

အခုဆိုရင် COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပြည်သူလူထုကြားမှာလည်း စာရင်းလိုက်လံ ကောက်ခံနေတယ်လို့ လူထုအခြေပြုဆေးခန်း ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပြပါတယ်။

"ရပ်ကွက်တွေထဲမှာဆိုလည်း ဒီနေ့ဆိုရင် အိမ်တိုင်ရာရောက် ဖောင်တွေ လာပေးနေတာ တွေ့တယ်။ အခုကောက်နေတဲ့ အုပ်စုကတော့ ဒုတိယအုပ်စုမှာဖြစ်မယ်။ ရပ်ကွက်တွေထဲမှာ ပြည်သူတွေကို ထိုးဖို့ကလေ။ အခု ရပ်ကွက်ထဲမှာ စပီကာတွေနဲ့ လိုက်အော်နေကြတာ အခုကြားနေရတဲ့အသံလေ။ ရပ်ကွက်တွေထဲ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဖောင်တွေဖြည့်ဖို့။ ရပ်ကွက်တွေထဲမှာတော့ အသက်က ၁၈ ကနေ ၆၄ နှစ်ကြား။ ကိုယ်ဝန်ဆောင်မရဘူး၊ ဆေးမတည့်ရင်လည်း မှတ်ချက်အနေနဲ့ ပြောဖို့ပေါ့။ ကျန်တာကတော့ သန်းခေါင်စာရင်းဝင်တဲ့ မိသားစုဝင်တွေအကုန်လုံး ဖြည့်ပေါ့နော်။ ဖောင်တွေဖြည့်ပြီး ရပ်ကွက်ရုံးကနေတဆင့် တိုင်းကျန်းကို သွားမယ်ထင်တယ်။"

နောက်ထပ်လည်း ပုဂ္ဂလိကဆေးရုံတွေမှာပါ ကိုဗစ်ကာကွယ်ဆေး ထိုးမယ့်စာရင်း လိုက်လံကောက်ခံနေတဲ့ အခြေအနေနဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပြင်ဆင်နေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသပေးနေတဲ့ လူထုကို ကျန်းမာရေး ပညာပေးနေသူလည်းဖြစ်တဲ့ ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလို အကြံပြုပါတယ်။

"ကိုဗစ်ကို ကုသပေးနေတဲ့ ဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေ၊ နောက် ကွာရမ်တင်းစင်တာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေက အဓိကအုပ်စုထဲ ပါမယ်။ နောက်တခုက ပုဂ္ဂလိကဆေးရုံတွေမှာလည်း စာရင်းတွေကောက်ပြီး ပေးပို့ထားတယ်လို့ သိရတယ်။ ဒါကြောင့် အခုအချိန်မှာ စပြီးတော့ ဦးစားပေးအဆင့်နဲ့ အသက်အရွယ်အလိုက်တွေပါ စာရင်းဇယား ကောက်နေတာတွေကို ဆရာတို့ ကြိုဆိုတယ်။ အဲဒီမှာမှ ထိုးနှံချင်တဲ့သူက များတယ်ဆိုရင် သူ့ဦးစားပေး အစီအစဉ်အတိုင်း ထိုးသွားရုံပဲ ပြဿနာသိပ်မရှိဘူး။ ထိုးနှံချင်တဲ့သူ နည်းတယ်ဆိုရင်တော့ ဆရာတို့ ပညာပေးအစီအစဉ်တွေ သက်ဆိုင်ရာမြို့နယ်တွေအလိုက် ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ ဆရာတို့ကတော့ များများထိုးစေချင်တယ်။ များများထိုးစေချင်တာကတော့ မိမိကိုယ်ထဲကို COVID-19 ပိုး မဝင်ရောက်နိုင်ဘူး။ နောက် ကိုယ့်ပတ်ဝန်းကျင်မှာ COVID-19 ပိုး ပျံ့နှံ့မှုမရှိအောင် ကာကွယ်ဖို့ကလည်း ပိုအရေးကြီးတယ်။ ကိုယ့်ကိုယ်တိုင် အသက်အန္တရာယ် မရှိဖို့ထက် စာရင်ကို Public Health အနေနဲ့ ထိုးနှံသင့်တယ်လို့ ဆရာအနေနဲ့ မြင်တယ်။"

Together Thanlyin အဖွဲ့ တည်ထောင်သူ ကိုမင်းသွေးသစ်ကလည်း စေတနာ့ဝန်ထမ်းတွေကိုပါ ကာကွယ်ဆေး ဦးစားပေးအဆင့်ထဲ ထည့်ထားမယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

"ပထမဦးစားပေးထဲမှာ ပါတယ်လို့တော့ ပြောတယ်။ မနက်ဖြန် အစည်းအဝေးကျမှ အတိအကျ သိရပါမယ်။ ကျနော်တို့က အခုလက်ရှိမှာတော့ Contact Person တွေရယ်၊ Positive လူနာတွေရယ်ကို အိမ်တွေကနေပြီးတော့ စင်တာတွေကို ပို့ပေးနေတာတွေ ရှိပါတယ်။ နောက် ဆေးရုံတွေကနေ Positive ဆုံးသွားတဲ့ Dead Body တွေကို ကျနော်တို့ ပို့ပေးနေကြတာတွေ ရှိတယ်။ နောက် ပိုးသတ်ဆေးဖျန်းတာပေါ့၊ ပိုးတွေ့လူနာတွေရဲ့ အိမ်တွေကို လိုက်ဖျန်းပေးတာတွေ လုပ်နေကြပါတယ်။ Risk ကတော့ ကျနော်တို့ ရောဂါပိုးကူးစက်နိုင်ခြေတော့ အများဆုံးရှိတာပေါ့။ PPE တွေနဲ့တော့ သွားကြပါတယ်။ တခါတလေတော့လည်း ရန်ပုံငွေအခက်အခဲရယ် PPE ဝတ်စုံ မလုံလောက်မှုကြောင့်တွေရယ်ကြောင့် PPE မဝတ်ဘဲ သွားကြရတာတွေလည်း ရှိတယ်။"

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံကို အိန္ဒိယက ပေးလှူလိုက်တဲ့ COVID-19 ကာကွယ်ဆေး ၁.၅ သန်း ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အနှံ့ ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။ နောက်ထပ် လူ ၁၅ သန်းစာအတွက် ကာကွယ်ဆေး သန်း ၃၀ အိန္ဒိယကနေ ဝယ်ယူထားပြီး အဲဒီ ဝယ်ယူထားတဲ့ ဒီဆေးတွေကတော့ ဖေဖော်ဝါရီလကုန်ထဲ ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG