သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလႊတ္ေတာ္အမတ္တခ်ိဳ႕ ကိုဗစ္ကူးစက္မႈ စစ္ေဆးေတြ႕ရွိ


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ကိုဗစ္ေရာဂါ သံသယရွိသူစာရင္းကို စစ္ေနတဲ့ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားမ်ား။ (ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ေရွ႕လထဲ လႊတ္ေတာ္ အစည္းအေဝးေတြ တက္ေရာက္မယ့္ ကိုယ္စားလွယ္ေတြထဲမွာ ကိုဗစ္ေရာဂါပိုး ကူးစက္သူတခ်ိဳ႕ စစ္ေဆးအတည္ျပဳထားတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ေဖေဖာ္ဝါရီလဆန္းမွာ လႊတ္ေတာ္ အစည္းအေဝး တက္ေရာက္မယ့္ ကိုယ္စားလွယ္ေတြကို ကိုဗစ္ေရာဂါ စစ္ေဆးဖို႔ ေနျပည္ေတာ္ကို ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာ ႀကိဳတင္လာေရာက္ၾကဖို႔ ေၾကညာထားၿပီး ေရာက္ရွိလာသူေတြကို စစ္ေဆးရာမွာ အနည္းဆုံး ၄ ဦးနဲ႔ မိသားစုဝင္ ၂ ဦးမွာ ေရာဂါပိုးကူးစက္ေနတာ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ေရာဂါပိုး ကူးစက္ေနေၾကာင္း စစ္ေဆးေတြ႕ရွိသူေတြကိုေတာ့ ေနျပည္ေတာ္ ကုတင္ ၁,၀၀၀ ေဆး႐ုံမွာ ေစာင့္ေရွာက္ကုသေပးထားေၾကာင္း ကိုယ္တိုင္ေရာဂါပိုး ကူးစက္ခံထားရတဲ့ NLD အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳကေျပာပါတယ္။

"၆ ေယာက္။ NLD က ၃ ေယာက္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ တေယာက္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဇနီးပါ၊ ၂ ေယာက္က ရခိုင္ပါတီကပါ။ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ သူ႔ဇနီးပါ၊ အေျခအေနေတြကတည္ၿငိမ္ပါတယ္။ အားလုံးပုံမွန္ပဲ အကုန္ေကာင္းပါတယ္။ ဆရာမတို႔က antibody လည္း ထြက္ထားၿပီးျပီဆိုေတာ့ အန္တီတို႔ဆီကေန က်န္တဲ့သူ မကူးေတာ့ဘူးေပါ့။ ပိုးကိုလည္း တိုက္ထုတ္ၿပီးသားျဖစ္ေနၿပီ။ ၃ လ အထိ စစ္ရင္ေတာ့ေပၚတတ္တယ္။ အခုေနျပည္ေတာ္ ကုတင္ ၁,၀၀၀ isolation မွာပါ။ ဆရာမတို႔အေျခအေနကေတာ့ လႊတ္ေတာ္တက္ႏိုင္တယ္။ က်န္းမာေရးဝန္ၾကီးဌာနရဲ႕ စည္းကမ္းခ်က္ကေတာ့ ဘယ္လိုလဲမသိေတာ့ လာမယ့္ ၁ ရက္ေန႔အတြက္ကိုေတာ့ မေျပာႏိုင္ေသးဘူးေပါ့။"

ရခိုင္အမ်ိဳးသားပါတီ ေက်ာက္ျဖဴၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တဦးကေတာ့ ေနျပည္ေတာ္ကို လာဖို႔ ေလဆိပ္မွာ က်န္းမာေရးစစ္ခ်ိန္ ေရာဂါပိုး ကူးစက္ေနတာ ေတြ႕ရွိရလို႔ ေဆးကုသမႈ ခံယူေနရတယ္လို႔လည္း ANP ပါတီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။ ေနျပည္ေတာ္ကို ေရာက္လာၾကတဲ့ ANP လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲက မိသားစုဝင္ တဦးမွာလည္း ေရာဂါပိုးကူးစက္ေနတာ ေတြ႕ရွိခဲ့လို႔ ေနျပည္ေတာ္မွာ ကုသမႈေပးေနတယ္လို႔လည္း ANP ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

"ျပည္ေထာင္စုလႊတ္ေတာ္မွာ ရွစ္ေယာက္ေပါ့။ ျပည္သူ႔လႊတ္ေတာ္ ေလးေယာက္၊ အမ်ိဳးသားလႊတ္ေတာ္ ေလးေယာက္။ အဲဒီမွာ အမ်ိဳးသားလႊတ္ေတာ္ ေလးေယာက္မွာ ေဒၚခင္လွၿမိဳင္က ေက်ာက္ျဖဴမွာကတည္းက postitive ျဖစ္တယ္ဆိုၿပီးေတာ့ Quarantine ဝင္ေနရတယ္ ေက်ာက္ျဖဴမွာ၊ ပါမလာဘူး။ က်န္တဲ့ ၇ ေယာက္လာတယ္။ အဲဒီ ၇ ေယာက္စလံုးကို ေနျပည္ေတာ္မွာ စစ္ေတာ့ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆီမွာ မေတြ႔ဘူး။ အဲ့မွာ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ရွိန္ဇနီးေပါ့။ အဲဒီ ဆရာမမွာ positive ျဖစ္တယ္။ ဆရာၾကီးနဲ႔ ဆရာၾကီးကေတာ္ကေတာ့ ကုတင္ ၁,၀၀၀ မွာ တခါတည္း ေခၚသြားတာေပါ့။"

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး တာဝန္ယူထားတဲ့ ေဒါက္တာလွမိုးကေတာ့ မၾကာခင္ လႊတ္ေတာ္ အစည္းအေဝးေတြ က်င္းပတဲ့အခါ ကပ္ေရာဂါ ကာကြယ္ေရး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ေဆာင္႐ြက္ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။

"တတိယအၾကိမ္ လႊတ္ေတာ္သက္တမ္းကိုတက္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း ေနျပည္ေတာ္ကို ေရာက္ရွိေနျပီ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ စမွာေပါ့ေနာ္။ လာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တိုင္းကို ေနျပည္ေတာ္အဝင္မွာကတည္းက Swab ယူၿပီး တခါတည္း စစ္ေဆးေပးပါတယ္။ စစ္ေဆးေပးၿပီးတဲ့ အခါက်မွသာလွ်င္ Negative ျဖစ္မွာသာ စည္ပင္ဧည့္ရိပ္သာကို ဝင္လို႔ရမွာ ျဖစ္ပါတယ္။ စည္ပင္ဧည့္ရိပ္သာကို ဝင္ၿပီးတဲ့အခါမွာ Quarantine ဝင္ရပါတယ္။ Quarantine ဝင္ၿပီး ၂၈ ရက္ေန႔မွာ တခါ ထပ္စစ္မွာ ျဖစ္ပါတယ္။ အဲဒီလို negative ျဖစ္မွာသာ လႊတ္ေတာ္တက္ခြင့္ရမွာ ျဖစ္ပါတယ္။ ေနာက္တခုက social Distancing နဲ႔ ပတ္သက္ၿပီးေတာ့လည္း လႊတ္ေတာ္က ျပင္ဆင္ထားၿပီးသားပါ။ ဘာေၾကာင့္ ျပင္ဆင္ထားၿပီးလဲဆိုေတာ့ လႊတ္ေတာ္ရဲ႕ ၁၅ ၾကိမ္ကစၿပီးေတာ့ COVID 19 ေရာဂါျပန္႔ပြားလာၿပီ ျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီအခ်ိန္ကစၿပီးေတာ့ ၁၆ ၾကိမ္၊ ၁၇ ၾကိမ္ ႏွစ္ၾကိမ္စလံုးမွာ social distancing နဲ႔ အညီ က်င္းပခဲ့ျခင္းျဖစ္ပါတယ္။ အေတြ႔အၾကံဳရွိၿပီးသားပါ ခင္ဗ် အားလံုး။ အခုမွ အေရးေပၚထလုပ္ရတဲ့ ကိစၥမဟုတ္ပါဘူး။ အားလံုးဟာ လြယ္လြယ္ကူကူး ေခ်ာေခ်ာေမြ႔ေမြ႔ပါပဲ။"

တတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးေတြကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ စတင္က်င္းပဖို႔ စီစဥ္ထားၿပီး လႊတ္ေတာ္ ၂ ရပ္ ေပါင္းက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုေတာ့ ေဖေဖာ္ဝါရီ ၅ ရက္မွာ က်င္းပမွာ ျဖစ္ပါတယ္။ တိုင္းနဲ႔ျပည္နယ္ လႊတ္ေတာ္ အစည္းအေဝးေတြကိုေတာ့ ေဖေဖာ္ဝါရီ ၉ ရက္ေန႔မွ စတင္က်င္းပဖို႔လည္း စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလွှတ်တော်အမတ်တချို့ ကိုဗစ်ကူးစက်မှု စစ်ဆေးတွေ့ရှိ

ရှေ့လထဲ လွှတ်တော် အစည်းအဝေးတွေ တက်ရောက်မယ့် ကိုယ်စားလှယ်တွေထဲမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူတချို့ စစ်ဆေးအတည်ပြုထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော် အစည်းအဝေး တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို ကိုဗစ်ရောဂါ စစ်ဆေးဖို့ နေပြည်တော်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြိုတင်လာရောက်ကြဖို့ ကြေညာထားပြီး ရောက်ရှိလာသူတွေကို စစ်ဆေးရာမှာ အနည်းဆုံး ၄ ဦးနဲ့ မိသားစုဝင် ၂ ဦးမှာ ရောဂါပိုးကူးစက်နေတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိသူတွေကိုတော့ နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ စောင့်ရှောက်ကုသပေးထားကြောင်း ကိုယ်တိုင်ရောဂါပိုး ကူးစက်ခံထားရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုကပြောပါတယ်။

"၆ ယောက်။ NLD က ၃ ယောက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တယောက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဇနီးပါ၊ ၂ ယောက်က ရခိုင်ပါတီကပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ သူ့ဇနီးပါ၊ အခြေအနေတွေကတည်ငြိမ်ပါတယ်။ အားလုံးပုံမှန်ပဲ အကုန်ကောင်းပါတယ်။ ဆရာမတို့က antibody လည်း ထွက်ထားပြီးပြီဆိုတော့ အန်တီတို့ဆီကနေ ကျန်တဲ့သူ မကူးတော့ဘူးပေါ့။ ပိုးကိုလည်း တိုက်ထုတ်ပြီးသားဖြစ်နေပြီ။ ၃ လ အထိ စစ်ရင်တော့ပေါ်တတ်တယ်။ အခုနေပြည်တော် ကုတင် ၁,၀၀၀ isolation မှာပါ။ ဆရာမတို့အခြေအနေကတော့ လွှတ်တော်တက်နိုင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်ကတော့ ဘယ်လိုလဲမသိတော့ လာမယ့် ၁ ရက်နေ့အတွက်ကိုတော့ မပြောနိုင်သေးဘူးပေါ့။"

ရခိုင်အမျိုးသားပါတီ ကျောက်ဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးကတော့ နေပြည်တော်ကို လာဖို့ လေဆိပ်မှာ ကျန်းမာရေးစစ်ချိန် ရောဂါပိုး ကူးစက်နေတာ တွေ့ရှိရလို့ ဆေးကုသမှု ခံယူနေရတယ်လို့လည်း ANP ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောပါတယ်။ နေပြည်တော်ကို ရောက်လာကြတဲ့ ANP လွှတ်တော်ကိုယ်စားလှယ်တွေထဲက မိသားစုဝင် တဦးမှာလည်း ရောဂါပိုးကူးစက်နေတာ တွေ့ရှိခဲ့လို့ နေပြည်တော်မှာ ကုသမှုပေးနေတယ်လို့လည်း ANP ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်မှာ ရှစ်ယောက်ပေါ့။ ပြည်သူ့လွှတ်တော် လေးယောက်၊ အမျိုးသားလွှတ်တော် လေးယောက်။ အဲဒီမှာ အမျိုးသားလွှတ်တော် လေးယောက်မှာ ဒေါ်ခင်လှမြိုင်က ကျောက်ဖြူမှာကတည်းက postitive ဖြစ်တယ်ဆိုပြီးတော့ Quarantine ဝင်နေရတယ် ကျောက်ဖြူမှာ၊ ပါမလာဘူး။ ကျန်တဲ့ ၇ ယောက်လာတယ်။ အဲဒီ ၇ ယောက်စလုံးကို နေပြည်တော်မှာ စစ်တော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီမှာ မတွေ့ဘူး။ အဲ့မှာ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရှိန်ဇနီးပေါ့။ အဲဒီ ဆရာမမှာ positive ဖြစ်တယ်။ ဆရာကြီးနဲ့ ဆရာကြီးကတော်ကတော့ ကုတင် ၁,၀၀၀ မှာ တခါတည်း ခေါ်သွားတာပေါ့။"

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ဒေါက်တာလှမိုးကတော့ မကြာခင် လွှတ်တော် အစည်းအဝေးတွေ ကျင်းပတဲ့အခါ ကပ်ရောဂါ ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

"တတိယအကြိမ် လွှတ်တော်သက်တမ်းကိုတက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း နေပြည်တော်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စမှာပေါ့နော်။ လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တိုင်းကို နေပြည်တော်အဝင်မှာကတည်းက Swab ယူပြီး တခါတည်း စစ်ဆေးပေးပါတယ်။ စစ်ဆေးပေးပြီးတဲ့ အခါကျမှသာလျှင် Negative ဖြစ်မှာသာ စည်ပင်ဧည့်ရိပ်သာကို ဝင်လို့ရမှာ ဖြစ်ပါတယ်။ စည်ပင်ဧည့်ရိပ်သာကို ဝင်ပြီးတဲ့အခါမှာ Quarantine ဝင်ရပါတယ်။ Quarantine ဝင်ပြီး ၂၈ ရက်နေ့မှာ တခါ ထပ်စစ်မှာ ဖြစ်ပါတယ်။ အဲဒီလို negative ဖြစ်မှာသာ လွှတ်တော်တက်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်တခုက social Distancing နဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်က ပြင်ဆင်ထားပြီးသားပါ။ ဘာကြောင့် ပြင်ဆင်ထားပြီးလဲဆိုတော့ လွှတ်တော်ရဲ့ ၁၅ ကြိမ်ကစပြီးတော့ COVID 19 ရောဂါပြန့်ပွားလာပြီ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအချိန်ကစပြီးတော့ ၁၆ ကြိမ်၊ ၁၇ ကြိမ် နှစ်ကြိမ်စလုံးမှာ social distancing နဲ့ အညီ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အတွေ့အကြုံရှိပြီးသားပါ ခင်ဗျ အားလုံး။ အခုမှ အရေးပေါ်ထလုပ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အားလုံးဟာ လွယ်လွယ်ကူကူး ချောချောမွေ့မွေ့ပါပဲ။"

တတိယအကြိမ်ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားပြီး လွှတ်တော် ၂ ရပ် ပေါင်းကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုတော့ ဖေဖော်ဝါရီ ၅ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ် လွှတ်တော် အစည်းအဝေးတွေကိုတော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG