သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေထာက္ပံ့ေၾကးမရေသးတဲ႔ ဆင္းရဲမိသားစုေတြအတြက္ က်ပ္ေငြ ၅၆ ဘီလီယံေက်ာ္သံုးစဲြမည္


ရန္ကုန္ၿမိဳ႕ ျမင္ကြင္းတေနရာ

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံမွာ စားဝတ္ေနေရး အခက္ႀကံဳေနရတဲ့ အေျခခံလူတန္းစားေတြကုိ ေထာက္ပံ့ေၾကးေပးရာမွာ က်န္ေနေသးတဲဲ့ အိမ္ေထာင္စု ၂ သန္းေက်ာ္ကုိ စေပးေနတဲ့အေၾကာင္း ေျပာျပပါ မယ္။ VOA ျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းတင္ဆက္ထားပါတယ္။

ကပ္ေရာဂါကာလမွာ အခက္အခဲႀကဳံေနရတဲ့ ပုံမွန္ဝင္ေငြမရွိသူ အေျခခံလူတန္းစားေတြကို အစိုးရက ၄ ႀကိမ္ ေထာက္ပံ့ခဲ့ေပမဲ့ ရသင့္တဲ့သူေတြ မရဘူးဆုိၿပီး တုိင္တန္းမႈေတြ ထြက္ေပၚခဲ့ၿပီးေနာက္ အစိုးရက ျပန္လည္စိစစ္ၿပီး ေနာက္ထပ္ အိမ္ေထာင္စု ၂ သန္းေက်ာ္အတြက္ က်ပ္ေငြ ၅၆ ဘီလီယံေက်ာ္ သုံးစဲြေထာက္ပံ့မယ့္အေၾကာင္း ျပည္ေထာင္စုဝန္ႀကီး႐ုံးဝန္ႀကီး ဦးမင္းသူက Facebook လူမႈကြန္ရက္မွာ ေျပာဆိုထားပါတယ္။

စေနေန႔ကစ ေထာက္ပံ့ေၾကးေပးေနတဲ့ မႏၲေလးတိုင္း ခ်မ္းေအးသာဇံၿမိဳ႕နယ္က အေျခအေနကုိေတာ့ အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းဆင့္ကေတာ့ အခုလိုေျပာပါတယ္။

“ေပးၿပီ၊ ၉၀ ရာခိုင္ႏႈန္းေလာက္ၿပီးသြားၿပီ။ အိမ္ေထာင္စု ၁ ေသာင္းေက်ာ္တယ္။ ၂ နည္းစလုံးနဲ႔ေပး တယ္။ အိမ္တိုင္ရာေရာက္လည္း လိုက္ေပးတယ္။ တစ္ခ်ိဳ႕ေနရာေတြဆိုရင္လည္း ရပ္ကြက္နဲ႔ နီးတဲ့ ေနရာေတြဆိုရင္လည္း ရပ္ကြက္႐ုံးေတြမွာ ေပးပါတယ္။”

ေနာက္ဆုံးအႀကိမ္ ေထာက္ပံ့ေၾကးေပးတဲ့အခ်ိန္က စာရင္းမွာမပါတဲ့သူေတြ၊ ကပ္ေရာဂါကာလ ၾကာလာရာက အလုပ္အကိုင္ အခက္အခဲ ျဖစ္ေနသူေတြ အပါအ၀င္ တကယ္အကူအညီလုိသူေတြကုိ အာဏာပုိင္ေတြ စိစစ္ၿပီး၊ ေရာဂါကူးစက္မႈမ်ားတာေၾကာင့္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ေဒသက အိမ္ေထာင္စုတစုကုိ က်ပ္ ၄၀၀၀၀ နဲ႔ က်န္ေဒသမွာ က်ပ္ ၂၀၀၀၀ ႏႈန္း ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္းမွာေတာ့ ထပ္တိုးေပးတဲ့ ေထာက္ပံ့ေၾကးရမယ့္ အေျခခံလူတန္းစား က ၂ ေသာင္းဝန္းက်င္ရွိတယ္လို႔ အုပ္ခ်ဳပ္ေရးမႈး ဦးေနမင္းထြန္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ဆီေတာ့ ဘယ္လိုဘယ္လိုေပးပါဆိုတာမ်ိဳး ၫႊန္ၾကားခ်က္မလာေသးဘူးခင္ဗ်။ ဥပမာေပါ့ေလ၊ မိသားစု ၄ ေယာက္ရွိမယ္ ၅ေယာက္ရွိမယ္၊ အဲ့ဒီမွာ အရင္ကေတာ့ အလုပ္အကိုင္ ၂ ေယာက္ရွိတာေပါ့။ အဲ့လိုဆိုေတာ့ အရင္တုန္းက အလုပ္အကိုင္ရွိတဲ့အတြက္ မေပးပါဘူးဗ်။ သို႔ေသာ္လည္းပဲ ခုခ်ိန္ကာလမွာ စက္႐ုံလုပ္သားျဖစ္ၿပီးေတာ့ Over Time အခ်ိန္ေတြ ေလ်ာ့လာတာတို႔ ဘာတို႔ ျဖစ္လာတယ္။ သူ႔မွာမွီခိုတဲ့သူကလည္း အသက္အ႐ြယ္ႀကီးတဲ့သူတို႔ ကေလးသူငယ္တို႔ အဲ့လို စီးပြားရွာႏိုင္တဲ့သူေတြ မဟုတ္ဘူးဆိုရင္ေတာ့ ဒီကာလမွာ ကြၽန္ေတာ္တို႔ ထပ္ၿပီး စဥ္းစားၿပီးေတာ့ ထည့္ေပးတာမ်ိဳးေတြေတာ့ ရွိပါတယ္ခင္ဗ်။”

ကိုဗစ္ကပ္ေရာဂါကာလ စီးပြားေရးထိခိုက္မႈသက္သာေရးစီမံခ်က္အရ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံ အိမ္ေထာင္စုေတြကို စားဝတ္ေနေရး အဆင္ေျပေစဖို႔အတြက္ ၄ ႀကိမ္ေထာက္ပံ့ရာမွာ က်ပ္ ဘီလီယံ ၆၀၀ နီးပါးသုံးခဲ့ေၾကာင္းလည္း အစုိးရက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ထောက်ပံ့ကြေးမရသေးတဲ့ ဆင်းရဲမိသားစုတွေအတွက် ကျပ်ငွေ ၅၆ ဘီလီယံကျော်သုံးစွဲမည်

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ကြေးပေးရာမှာ ကျန်နေသေးတဲ့ အိမ်ထောင်စု ၂ သန်းကျော်ကို စပေးနေတဲ့အကြောင်း ပြောပြပါ မယ်။ VOA မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းတင်ဆက်ထားပါတယ်။

ကပ်ရောဂါကာလမှာ အခက်အခဲကြုံနေရတဲ့ ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားတွေကို အစိုးရက ၄ ကြိမ် ထောက်ပံ့ခဲ့ပေမဲ့ ရသင့်တဲ့သူတွေ မရဘူးဆိုပြီး တိုင်တန်းမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရက ပြန်လည်စိစစ်ပြီး နောက်ထပ် အိမ်ထောင်စု ၂ သန်းကျော်အတွက် ကျပ်ငွေ ၅၆ ဘီလီယံကျော် သုံးစွဲထောက်ပံ့မယ့်အကြောင်း ပြည်ထောင်စုဝန်ကြီးရုံးဝန်ကြီး ဦးမင်းသူက Facebook လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

စနေနေ့ကစ ထောက်ပံ့ကြေးပေးနေတဲ့ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်က အခြေအနေကိုတော့ အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်ကတော့ အခုလိုပြောပါတယ်။

“ပေးပြီ၊ ၉၀ ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ အိမ်ထောင်စု ၁ သောင်းကျော်တယ်။ ၂ နည်းစလုံးနဲ့ပေး တယ်။ အိမ်တိုင်ရာရောက်လည်း လိုက်ပေးတယ်။ တစ်ချို့နေရာတွေဆိုရင်လည်း ရပ်ကွက်နဲ့ နီးတဲ့ နေရာတွေဆိုရင်လည်း ရပ်ကွက်ရုံးတွေမှာ ပေးပါတယ်။”

နောက်ဆုံးအကြိမ် ထောက်ပံ့ကြေးပေးတဲ့အချိန်က စာရင်းမှာမပါတဲ့သူတွေ၊ ကပ်ရောဂါကာလ ကြာလာရာက အလုပ်အကိုင် အခက်အခဲ ဖြစ်နေသူတွေ အပါအဝင် တကယ်အကူအညီလိုသူတွေကို အာဏာပိုင်တွေ စိစစ်ပြီး၊ ရောဂါကူးစက်မှုများတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ဒေသက အိမ်ထောင်စုတစုကို ကျပ် ၄၀၀၀၀ နဲ့ ကျန်ဒေသမှာ ကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် အနောက်ပိုင်းမှာတော့ ထပ်တိုးပေးတဲ့ ထောက်ပံ့ကြေးရမယ့် အခြေခံလူတန်းစား က ၂ သောင်းဝန်းကျင်ရှိတယ်လို့ အုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ဆီတော့ ဘယ်လိုဘယ်လိုပေးပါဆိုတာမျိုး ညွှန်ကြားချက်မလာသေးဘူးခင်ဗျ။ ဥပမာပေါ့လေ၊ မိသားစု ၄ ယောက်ရှိမယ် ၅ယောက်ရှိမယ်၊ အဲ့ဒီမှာ အရင်ကတော့ အလုပ်အကိုင် ၂ ယောက်ရှိတာပေါ့။ အဲ့လိုဆိုတော့ အရင်တုန်းက အလုပ်အကိုင်ရှိတဲ့အတွက် မပေးပါဘူးဗျ။ သို့သော်လည်းပဲ ခုချိန်ကာလမှာ စက်ရုံလုပ်သားဖြစ်ပြီးတော့ Over Time အချိန်တွေ လျော့လာတာတို့ ဘာတို့ ဖြစ်လာတယ်။ သူ့မှာမှီခိုတဲ့သူကလည်း အသက်အရွယ်ကြီးတဲ့သူတို့ ကလေးသူငယ်တို့ အဲ့လို စီးပွားရှာနိုင်တဲ့သူတွေ မဟုတ်ဘူးဆိုရင်တော့ ဒီကာလမှာ ကျွန်တော်တို့ ထပ်ပြီး စဉ်းစားပြီးတော့ ထည့်ပေးတာမျိုးတွေတော့ ရှိပါတယ်ခင်ဗျ။”

ကိုဗစ်ကပ်ရောဂါကာလ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ အိမ်ထောင်စုတွေကို စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ၄ ကြိမ်ထောက်ပံ့ရာမှာ ကျပ် ဘီလီယံ ၆၀၀ နီးပါးသုံးခဲ့ကြောင်းလည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG