သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေန႔စဥ္ ျမန္မာကိုဗစ္အတည္ျပဳလူနာစာရင္း ၄၀၀ ေအာက္ က်ဆင္း


ေဝဘာဂီေဆးရံု။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳလူနာ ဒီေန႔ ၄၀၀ ေအာက္ က်ဆင္းသြားသလို ေသဆံုးသူကလည္း ၁၀ ေယာက္ ေအာက္က်သြားပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာသစ္ ၃၈၃ ေယာက္မို႔ ဒါဟာ ရက္ေပါင္းမ်ားစြာအတြင္ ၄၀၀ ေအာက္အေရအတြက္ ပထမဆံုးက်ဆင္းသြားတာျဖစ္ပါတယ္။ အလားတူပဲ ေသဆံုးသူကလည္း ၇ ဦးအထိ က်ဆင္းသြားပါတယ္။ ေသဆံုးသူေတြထဲမွာ ၆ ေယာက္က ေရာဂါအခံ႐ွိသူေတြျဖစ္တယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေန႔အတြက္ စစ္ေဆးခဲ့တ့ဲ ဓါတ္ခဲြနမူနာစုစုေပါင္းက ၁၇,၉၂၄ ခုျဖစ္ပါတယ္။

ဒီေန႔ ဇန္နဝါရီလ ၂၅ ရက္ ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၁၃၇,၉၅၇ ေယာက္ ေသဆံုးသူ ၃,၀၆၉ ေယာက္နဲ႔ ေဆး႐ံုက ဆင္းခြင့္ရသူ ၁၂၂,၁၁၆ ေယာက္ျဖစ္ပါတယ္။

ျပန္စေတာ့မယ့္ လႊတ္ေတာ္အစည္းအေဝးေတြ တက္ေရာက္ဖုိ႔ ေနျပည္ေတာ္ကိုေရာက္ေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ဳိ႕နဲ႔ မိသားစုဝင္တခ်ဳိ႕မွာ ကိုဗစ္ကူးစက္ေနေၾကာင္း စစ္ေဆးေတြ႔႐ွိခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အိႏိၵယက လက္ေဆာင္ရ႐ွိထားတဲ့ Covishield ကိုဗစ္ကာကြယ္ေဆးေတြကို ျပည္နယ္နဲ႔ တိုင္းေတြကို ျဖန္႔ေဝေနၿပီး မၾကာခင္ရက္ပိုင္းမွာ ဦးစားေပးအဆင့္လိုက္ ကာကြယ္ေဆးထိုးမႈ အစီအစဥ္ေတြကို စတင္ေတာ့မွာျဖစ္ပါတယ္။

[Unicode Version]

နေ့စဉ် မြန်မာကိုဗစ်အတည်ပြုလူနာစာရင်း ၄၀၀ အောက် ကျဆင်း

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ဒီနေ့ ၄၀၀ အောက် ကျဆင်းသွားသလို သေဆုံးသူကလည်း ၁၀ ယောက် အောက်ကျသွားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အတည်ပြုလူနာသစ် ၃၈၃ ယောက်မို့ ဒါဟာ ရက်ပေါင်းများစွာအတွင် ၄၀၀ အောက်အရေအတွက် ပထမဆုံးကျဆင်းသွားတာဖြစ်ပါတယ်။ အလားတူပဲ သေဆုံးသူကလည်း ၇ ဦးအထိ ကျဆင်းသွားပါတယ်။ သေဆုံးသူတွေထဲမှာ ၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာစုစုပေါင်းက ၁၇,၉၂၄ ခုဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၅ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၃၇,၉၅၇ ယောက် သေဆုံးသူ ၃,၀၆၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၁၂၂,၁၁၆ ယောက်ဖြစ်ပါတယ်။

ပြန်စတော့မယ့် လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့ နေပြည်တော်ကိုရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ မိသားစုဝင်တချို့မှာ ကိုဗစ်ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အိန္ဒိယက လက်ဆောင်ရရှိထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေးတွေကို ပြည်နယ်နဲ့ တိုင်းတွေကို ဖြန့်ဝေနေပြီး မကြာခင်ရက်ပိုင်းမှာ ဦးစားပေးအဆင့်လိုက် ကာကွယ်ဆေးထိုးမှု အစီအစဉ်တွေကို စတင်တော့မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG