သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၁၃၇,၀၉၈ ဦး၊ ေသဆံုး ၃,၀၄၅ ဦး


ဧရာဝတီကိုဗစ္စင္တာ အထူးၾကပ္မတ္ကုသေဆာင္မွာ ကိုဗစ္လူနာေတြကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၅၀၇ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူ ၁၄ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေန႔ထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆုံးသူေတြထဲမွာ ၁၀ ေယာက္က ေရာဂါအခံရွိသူေတြ ျဖစ္ပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၂၀,၃၉၇ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၂၅၀,၁၄၁ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၃,၀၄၅ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၃၇,၀၉၈ ယာက္ ရွိသြားပါၿပီ။

ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၅၈၁ ေယာက္ ရွိတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္း ၁၂၁,၁၂၄ ေယာက္ ရွိသြားပါၿပီ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၂.၄၉ ရာခုိင္ႏႈန္းရွိၿပီး ျပန္ေကာင္းလာသူ ၈၈.၃၅ ရာခုိင္ႏႈန္း၊ ေသဆုံးႏႈန္းက ၂.၂၂ ရာခုိင္ႏႈန္း ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၇၁.၄၃ ရာခုိင္ႏႈန္း ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

ဇန္နဝါရီလ ၁၄ ရက္ေန႔ကေန ၂၃ ရက္ေန႔အတြင္း ပ်မ္းမွ်ပုိးေတြ႔ႏႈန္း ၂.၄၉ ရာခုိင္ႏႈန္းျဖစ္ၿပီး ဇန္နဝါရီလ ၁၉ ရက္ေန႔ကေတာ့ ပိုးေတြ႔ႏႈန္း ၂.၁၆ ရာခုိင္ႏႈန္းနဲ႔ အနိမ့္ဆံုးရွိခဲ့တယ္လုိ႔ ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

COVID-19 ေရာဂါ စမ္းသပ္ေတြ႔ရွိတဲ့ ႏႈန္းထားဟာ ဓာတ္ခြဲစစ္ေဆးတဲ့ အေရအတြက္ေပၚမွာလည္း မူတည္ေနၿပီး ဇန္နဝါရီလ ၁၄ ရက္ေန႔ကေန ၂၃ ရက္ေန႔အတြင္း ေန႔စဥ္စစ္ေဆးတဲ့ ဓာတ္ခြဲနမူနာ ပ်မ္းမွ်အေရအတြက္ဟာ ၁၉,၄၄၈ ခုျဖစ္တယ္လို႔ က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

---------------------------

(Unicode)

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၃၇,၀၉၈ ဦး၊ သေဆုံး ၃,၀၄၅ ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၀၇ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၁၀ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၃၉၇ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၂၅၀,၁၄၁ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၃,၀၄၅ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၇,၀၉၈ ယာက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၅၈၁ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၂၁,၁၂၄ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၄၉ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၈၈.၃၅ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၂၂ ရာခိုင်နှုန်း ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၁.၄၃ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း ပျမ်းမျှပိုးတွေ့နှုန်း ၂.၄၉ ရာခိုင်နှုန်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ကတော့ ပိုးတွေ့နှုန်း ၂.၁၆ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးရှိခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

COVID-19 ရောဂါ စမ်းသပ်တွေ့ရှိတဲ့ နှုန်းထားဟာ ဓာတ်ခွဲစစ်ဆေးတဲ့ အရေအတွက်ပေါ်မှာလည်း မူတည်နေပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း နေ့စဉ်စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ ပျမ်းမျှအရေအတွက်ဟာ ၁၉,၄၄၈ ခုဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG