[Unicode]
မန္တလေးမြို့ပေါ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု (သတင်းဓာတ်ပုံ)
ရန်ကုန်ပြီးရင် ပိုးတွေ့နှုန်းအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို မန္တလေးဆေးတက္ကသိုလ်နဲ့ မြို့တော်ခန်းမတို့မှာ နေရာခွဲပြီး ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအနေနဲ့ ပထမဆုံး ထိုးပေးခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့သူတွေကို ဆေးရဲ့နောက်ဆက်တွဲတွေ ခံစားရမှုရှိ၊ မရှိကို နာရီဝက်စောင့်ကြည့်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတဦးက မူးဝေတဲ့ လက္ခဏာပြတဲ့အတွက် ကုသမှုပေးခဲ့ရပါတယ်။
မန္တလေးတိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၅,၆၈၉ ယောက်ရှိပြီး ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့ကို ကာကွယ်ဆေးရောက်ရှိလာတာဖြစ်ပြီး နေ့ချင်းထိုးပေးတာလည်းဖြစ်ပါတယ်။