[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ၄၁၁ ေယာက္ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္အခုထိ ကူးစက္သူ စုစုေပါင္း ၁၃၈,၃၆၈ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID – 19 ေၾကာင့္ ေသဆုံးသူက ၁၃ ေယာက္ရွိတာေၾကာင့္ အခုထိေသဆုံးသူ စုစုေပါင္း ၃,၀၈၂ ေယာက္ရွိပါတယ္။
ဇန္နဝါရီလ ၂၆ ရက္ေန႔အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၁၉,၆၆၇ ခု စစ္ေဆးခဲ့ တာပါ။ ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၂.၃ သန္း ေက်ာ္ (၂,၃၀၆,၅၃၈ ခု) စစ္ေဆးၿပီးခဲ့ၿပီးျဖစ္ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီး က်န္းမာလာသူက ၁၂၂,၇၈၁ ေယာက္ရွိပါတယ္။
COVID – 19 ကာကြယ္ေဆးေတြကို ျမန္မာႏိုင္ငံမွာ ဇန္နဝါရီလ ၂၇ ရက္ေန႔က စၿပီး ထိုးႏွံေပးသြားမယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ အစိုးရအေနနဲ႔ အိႏၵိယႏိုင္ငံက ခ်စ္ၾကည္ေရး ေပးအပ္တဲ့ COVISHIELD/Astrazeneca ကာကြယ္ေဆး ၁.၅ သန္းကို လက္ခံရရွိထားၿပီးျဖစ္သလို ေနာက္ထပ္ ကာကြယ္ေဆး သန္း ၃၀ ကိုလည္း ဝယ္ယူထားပါတယ္။ မွာယူထားတဲ့ ကာကြယ္ေဆးေတြအျပင္ ကမာၻလုံးဆိုင္ရာ COVID – 19 ကာကြယ္ေဆးျဖန္႔ျဖဴးေရး အစီအစဥ္က ေဆးေတြလည္း ထပ္မံရရွိဖို႔ရွိေနတာပါ။
က်န္းမာေရး ဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကို ဇန္နဝါရီလ ၂၇ ရက္ေန႔က စၿပီး COVID – 19 ကာကြယ္ေဆးထိုးေပးသြားမွာျဖစ္သလို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေတာ့ ဇန္နဝါရီလ ၂၉ ရက္ေန႔နဲ႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သားကိုယ္စားလွယ္ေတြကို ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ ထိုးႏွံေပးသြားဖို႔ စီစဥ္ထားပါတယ္။
တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကာကြယ္ေဆးထိုးႏွံေပးမယ့္ အစီအစဥ္ေတြကိုေတာ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က စတင္ၿပီး လုပ္ေဆာင္သြား မွာျဖစ္ပါတယ္။ ကာကြယ္ေဆးထိုးႏွံၿပီးရင္လည္း ေရာဂါထိန္းခ်ဳပ္ေရး က်န္းမာေရးဌာနက ခ်မွတ္ထားတဲ့ အေျခခံအခ်က္ေတြကို ဆက္ၿပီးလိုက္နာသြားဖို႔လိုအပ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတိေပးထားပါတယ္။
[Unicode Version]
ျမန္မာကိုဗစ္ဓါတ္ခဲြအတည္ျပဳ စုစုေပါင္း ၁၃၈,၃၆၈ ဦး၊ ေသဆံုး ၃,၀၈၂ ဦး
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၄၁၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၈,၃၆၈ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၁၃ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၃,၀၈၂ ယောက်ရှိပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၁၉,၆၆၇ ခု စစ်ဆေးခဲ့ တာပါ။ ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၂.၃ သန်း ကျော် (၂,၃၀၆,၅၃၈ ခု) စစ်ဆေးပြီးခဲ့ပြီးဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီး ကျန်းမာလာသူက ၁၂၂,၇၈၁ ယောက်ရှိပါတယ်။
COVID – 19 ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့က စပြီး ထိုးနှံပေးသွားမယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အစိုးရအနေနဲ့ အိန္ဒိယနိုင်ငံက ချစ်ကြည်ရေး ပေးအပ်တဲ့ COVISHIELD/Astrazeneca ကာကွယ်ဆေး ၁.၅ သန်းကို လက်ခံရရှိထားပြီးဖြစ်သလို နောက်ထပ် ကာကွယ်ဆေး သန်း ၃၀ ကိုလည်း ဝယ်ယူထားပါတယ်။ မှာယူထားတဲ့ ကာကွယ်ဆေးတွေအပြင် ကမ္ဘာလုံးဆိုင်ရာ COVID – 19 ကာကွယ်ဆေးဖြန့်ဖြူးရေး အစီအစဉ်က ဆေးတွေလည်း ထပ်မံရရှိဖို့ရှိနေတာပါ။
ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့က စပြီး COVID – 19 ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်သလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဇန်နဝါရီလ ၂၉ ရက်နေ့နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနှံပေးမယ့် အစီအစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ပြီး လုပ်ဆောင်သွား မှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးရင်လည်း ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ အခြေခံအချက်တွေကို ဆက်ပြီးလိုက်နာသွားဖို့လိုအပ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားပါတယ်။