သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားႏုိင္ငံထုတ္ ကုိဗစ္ကာကြယ္ေဆး ျမန္မာမွာ သုံးစြဲခြင့္ျပဳ


(Zawgyi/ Unicode)

႐ုရွားနိုင္ငံထုတ္ COVID 19 ကာကြယ္ေဆးကို ျမန္မာနိုင္ငံမွာ သုံးစြဲခြင့္ျပဳလိုက္ၿပီလို႔ ႐ုရွား တိုက္ရိုက္ ရင္းႏွီးျမႇုပ္ႏွံမႈ ရံပုံေငြ အဖြဲ႕ (RDIF) က ေျပာပါတယ္။ ႐ုရွားထုတ္ Sputnik V ကိုဗစ္ ကာကြယ္ေဆးကို ျမန္မာနိုင္ငံက အတည္ျပဳေၾကာင္းကို RDIF က သူ႔ရဲ့ တြစ္တာစာမ်က္ႏွာမွာ ေရးသားထားသလို Sputnik V ကာကြယ္ေဆး အင္တာနက္ ဝဘ္ဆိုဒ္မွာလည္း ေၾကညာထားပါတယ္။

ကာကြယ္ေဆးကို ျမန္မာ ျပည္တြင္းမွာ ထပ္မံ စမ္းသပ္စရာ မလိုဘဲ အေရးပၚ အသုံးျပဳခြင့္ လုပ္ထုံးလုပ္နည္းအရ ခြင့္ျပဳတာလို႔လည္း ေဖာ္ျပထားပါတယ္။

႐ုရွားတိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ ရံပုံေငြ အဖြဲ႕ (RDIF) ရဲ့ အဆိုအရ ျမန္မာနိုင္ငံဟာ ကမၻာေပၚမွာ Sputnik V ကာကြယ္ေဆးကို အသုံးျပဳ ခြင့္ေပးတဲ့ ၂၁ နိုင္ငံေျမာက္နိုင္ငံျဖစ္ပါတယ္။ အရင္က ဒီ ကာကြယ္ေဆး သုံးစြဲခြင့္ကို ႐ုရွား၊ အီရန္၊ဘီလာ႐ုစ္၊ဆားဘီယား၊ ဗင္နီ ဇြဲလား နိုင္ငံေတြ အပါအဝင္ နိုင္ငံ ၂၀ မွာ ခြင့္ျပဳထားတာပါ။

ျမန္မာနိုင္ငံဟာ အေရွ႕ေတာင္ အာရွမွာ Sputnik V ကာကြယ္ေဆးကို အသုံးျပဳခြင့္ေပးတဲ့ ပထမဆုံး နိုင္ငံ ျဖစ္ေၾကာင္း၊ ဒီ ကာကြယ္ ေဆးက အျမန္ဆုံးနဲ႔ အထိေရာက္ဆုံး ကိုဗစ္ ကာကြယ္ေဆး တစ္ခုျဖစ္ေၾကာင္း၊ ေဒသတြင္းက နိုင္ငံေတြလည္း ျမန္မာနိုင္ငံလိုပဲ Sputnik V ကာကြယ္ေဆးကို ခြင့္ျပဳခ်က္ေပးလိမ့္မယ္လို႔ ခန္႔မွန္းရေၾကာင္း ႐ုရွားတိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ ရံပုံေငြ အဖြဲ႕ (RDIF) ရဲ့ အမႈေဆာင္ အရာရွိခ်ဳပ္ Kirill Dmitriev က Sputnik V ကာကြယ္ေဆး အင္တာနက္ ဝဘ္ဆိုဒ္မွာ ေရးထားပါတယ္။

Sputnik V ကာကြယ္ေဆးဟာ ၉၁ ဒႆမ၆ ရာခိုင္ႏႈန္း ထိေရာက္မႈရွိတယ္ဆိုၿပီး ေဖေဖာ္ဝါရီ ၂ ရက္ေန႔က ၿဗိတိန္နိုင္ငံထုတ္ the Lansat ေဆးဂ်ာနယ္ရဲ့ အြန္လိုင္း ဝဘ္ဆိုဒ္မွာ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး မြန်မာမှာ သုံးစွဲခွင့်ပြု

ရုရှားနိုင်ငံထုတ် COVID 19 ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ သုံးစွဲခွင့်ပြုလိုက်ပြီလို့ ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အဖွဲ့ (RDIF) က ပြောပါတယ်။ ရုရှားထုတ် Sputnik V ကိုဗစ် ကာကွယ်ဆေးကို မြန်မာနိုင်ငံက အတည်ပြုကြောင်းကို RDIF က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားသလို Sputnik V ကာကွယ်ဆေး အင်တာနက် ဝဘ်ဆိုဒ်မှာလည်း ကြေညာထားပါတယ်။

ကာကွယ်ဆေးကို မြန်မာ ပြည်တွင်းမှာ ထပ်မံ စမ်းသပ်စရာ မလိုဘဲ အရေးပါ် အသုံးပြုခွင့် လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုတာလို့လည်း ဖော်ပြထားပါတယ်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အဖွဲ့ (RDIF) ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ Sputnik V ကာကွယ်ဆေးကို အသုံးပြု ခွင့်ပေးတဲ့ ၂၁ နိုင်ငံမြောက်နိုင်ငံဖြစ်ပါတယ်။ အရင်က ဒီ ကာကွယ်ဆေး သုံးစွဲခွင့်ကို ရုရှား၊ အီရန်၊ဘီလာရုစ်၊ဆားဘီယား၊ ဗင်နီ ဇွဲလား နိုင်ငံတွေ အပါအဝင် နိုင်ငံ ၂၀ မှာ ခွင့်ပြုထားတာပါ။

မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ Sputnik V ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်ကြောင်း၊ ဒီ ကာကွယ် ဆေးက အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကိုဗစ် ကာကွယ်ဆေး တစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းက နိုင်ငံတွေလည်း မြန်မာနိုင်ငံလိုပဲ Sputnik V ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးလိမ့်မယ်လို့ ခန့်မှန်းရကြောင်း ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အဖွဲ့ (RDIF) ရဲ့ အမှုဆောင် အရာရှိချုပ် Kirill Dmitriev က Sputnik V ကာကွယ်ဆေး အင်တာနက် ဝဘ်ဆိုဒ်မှာ ရေးထားပါတယ်။

Sputnik V ကာကွယ်ဆေးဟာ ၉၁ ဒဿမ၆ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်ဆိုပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ဗြိတိန်နိုင်ငံထုတ် the Lansat ဆေးဂျာနယ်ရဲ့ အွန်လိုင်း ဝဘ်ဆိုဒ်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG