သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလုပ် ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုရှိ


ရုရှားလုပ် ကိုဗစ်ကာကွယ်ဆေး Sputnik V
ရုရှားလုပ် ကိုဗစ်ကာကွယ်ဆေး Sputnik V

(Zawgyi/Unicode)

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေး Sputnik-V က ဘေးကင်း လုံခြုံပြီး ထိရောက်ပုံရကြောင်း ရုရှားသိပ္ပံရှင်တွေရဲ့ကနဦး တွေ့ရှိချက်ကို ကိုးကားပြီး ဗြိတိန်နိုင်ငံထုတ် ဆေးဂျာနယ် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဆောင်းဦးရာသီကစပြီး ရုရှားနိုင်ငံက လူပေါင်း ၂ သောင်းကို စမ်းသပ်ခဲ့တာမှာ COVID 19 ကို ကာကွယ်နိုင်တဲ့စွမ်းရည် ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း လေ့လာချက်ကို Lancet ဂျာနယ်က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အွန်လိုင်းကနေ ထုတ်ပြန်ခဲ့တာပါ။

ဒီ သုတေသန လေ့လာချက်မှာ မပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကတော့ ရုရှား ကာကွယ်ဆေးကို ကမန်းကတန်းကြီး ထုတ်ပြန်အတည်ပြုခဲ့တာနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အပေါ်မှာ ဝေဖန်နေခဲ့ကြတာပါ။

ဒါပေမယ့် အခု ထုတ်ပြန်ခဲ့တဲ့ ရလဒ်က ရှင်းရှင်းလင်းလင်းကြီး ရှိနေပြီဖြစ်ကြောင်းနဲ့ COVID 19 ကူးစက် ပြန့်ပွားတာကို လျှော့ချဖို့ နောက်ထပ် ကာကွယ်ဆေးတစ်မျိုး ရပြီလို့လည်း ဗြိတိန် သိပ္ပံ ပညာရှင် Ian Jones နဲ့ Polly Roy တို့က ရေးထားပါတယ်။

Sputnik-V ကာကွယ်ဆေး ထုတ်လုပ် သုံးစွဲခွင့်ကို ရုရှားအစိုးရက ဩဂုတ်လ ၁၁ ရက်နေ့က အတည်ပြု ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်က ကာကွယ်ဆေးကို ဒါဇင်နဲ့ချီရှိတဲ့ လူတွေကိုသာ စမ်းသပ်ရသေးတာပါ။

Sputnik-V ကာကွယ်ဆေးဆိုင်ရာ သတင်းအချက်အလက်တွေကို အခုလို ထုတ်ပြန်ချိန်မှာ ဥရောပတိုက်သား သန်း ၄၅၀ အတွက် ကာကွယ်ဆေး ရရှိရေး ဥရောပ သမဂ္ဂက အပြင်းအထန် ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ ကာကွယ်ဆေး ထိရောက်တဲ့ သတင်းအပေါ် ဂျာမနီ ဝန်ကြီးချုပ် Angela Merkel က ကာကွယ်ဆေးတိုင်းကို ကြိုဆို တယ်လို့ ပြောပါတယ်။

Johns Hopkins တက္ကသိုလ်က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အခုအချိန်အထိ ကမ္ဘာမှာ COVID 19 ကူးစက်ခံရသူ ၁၀၃ သန်း (၁၀၃,၆၄၅,၁၁၀) ကျော်သွားရှိပြီး သေဆုံးသူက ၂ ဒဿမ ၂ သန်းခွဲ ကျော် (၂,၂၄၅,၆၄၉) ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


...............

ရုရှားလုပျ ကိုဗဈကာကှယျဆေး ထိရောကျမှုရှိ

(Unicode)









XS
SM
MD
LG