(Zawgyi / Unicode)
COVID-19 ကာကြယ္ေဆးေတြနဲ႔ လိုအပ္တဲ့ပစၥည္းေတြကို လြတ္လြတ္လပ္လပ္ သယ္ယူပို႔ေဆာင္ခြင့္ ေပးၾကဖို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ေသာၾကာေန႔မွာ ပန္ၾကားလိုက္ပါတယ္။
“ကာကြယ္ေဆးထုတ္လုပ္ဖို႔ လုိအပ္တဲ့ပစၥည္းေတြ၊ ေဆးစစ္တမ္းေတြနဲ႔ တျခားေဆးေတြ သယ္ယူပို႔ေဆာင္ရာမွာ ပိတ္ပင္မႈေတြ၊ ဒါမွမဟုတ္ အတားအဆီးေတြ ျဖစ္ေအာင္ ဘယ္ႏုိင္ငံကပဲလုပ္လုပ္ ဒါဟာ ကမာၻ႔ႏိုင္ငံအားလံုး လက္လွမ္းမီေစေရးအတြက္ အေထာက္အကူ မျဖစ္ဘူး” လို႔ WHO ဒုတိယအႀကီးအကဲ Mariangela Simao က ေျပာသြားတာပါ။
အီးယူ ဥေရာပသမဂၢက COVID-19 ကာကြယ္ေဆးတင္ပို႔မႈဆိုင္ရာ ထိန္းခ်ဳပ္မႈေတြ လုပ္လာတာကို တုံ႔ျပန္တဲ့အေနနဲ႔ WHO က ေျပာၾကားလုိက္တာ ျဖစ္ပါတယ္။ ကိုယ့္ႏုိင္ငံသားေတြအတြက္ ကိုယ္ကာကြယ္ဖို႔ ဦးစားေပးရမွာျဖစ္ၿပီး လက္ရွိႀကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြေၾကာင့္ အခုလို လုပ္ေဆာင္ရတာ ျဖစ္ေၾကာင္း ဥေရာပေကာ္မရွင္က ေျပာၾကားခဲ့ၿပီး ကာကြယ္ေဆး တင္ပို႔မႈဆိုင္ရာ တားျမစ္ခ်က္ေတြ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကလည္း ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး ကိုယ့္ႏုိင္ငံအတြက္ပဲ ကိုယ့္မၾကည့္ၾကဖို႔ ပန္ၾကားထားတာပါ။ အီးယူက ေသာၾကာေန႔မွာ ထုတ္ျပန္လိုက္တဲ့ ကာကြယ္ေဆး တင္ပို႔မႈဆိုင္ရာ တားျမစ္မႈေတြအတြက္ စိုးရိမ္ေၾကာင္း WHO ဒုတိယအႀကီးအကဲ Simao က ေျပာပါတယ္။
ဒီလို ထိန္းခ်ဳပ္တားျမစ္မႈဟာ ၿဗိတိန္၊ အေမရိကန္၊ ကေနဒါနဲ႔ ၾသစေၾတးလ် အပါအဝင္ ႏိုင္ငံေပါင္း ၁၀၀ ေလာက္ကို သက္ေရာက္ေစမွာ ျဖစ္တဲ့အတြက္ ဒီလို လုပ္ေဆာင္တာဟာ သိပ္စိုးရိမ္စရာ ေကာင္းသလို ေဆးေတြနဲ႔ ကာကြယ္ေဆးေတြ အတြက္ ကမာၻတလႊားက တင္ပို႔မယ့္ပစၥည္းေတြ ရဖို႔လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
--------------------------
(Unicode)
ကိုဗစ်ကာကွယ်ဆေးတွေ လွတ်လပ်စွာ သယ်ယူပို့ဆောင်ခွင့်ပြုဖို့ WHO ပန်ကြား
COVID-19 ကာကွယ်ဆေးတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်ခွင့် ပေးကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ ပန်ကြားလိုက်ပါတယ်။
“ကာကွယ်ဆေးထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးစစ်တမ်းတွေနဲ့ တခြားဆေးတွေ သယ်ယူပို့ဆောင်ရာမှာ ပိတ်ပင်မှုတွေ၊ ဒါမှမဟုတ် အတားအဆီးတွေ ဖြစ်အောင် ဘယ်နိုင်ငံကပဲလုပ်လုပ် ဒါဟာ ကမ္ဘာ့နိုင်ငံအားလုံး လက်လှမ်းမီစေရေးအတွက် အထောက်အကူ မဖြစ်ဘူး” လို့ WHO ဒုတိယအကြီးအကဲ Mariangela Simao က ပြောသွားတာပါ။
အီးယူ ဥရောပသမဂ္ဂက COVID-19 ကာကွယ်ဆေးတင်ပို့မှုဆိုင်ရာ ထိန်းချုပ်မှုတွေ လုပ်လာတာကို တုံ့ပြန်တဲ့အနေနဲ့ WHO က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသားတွေအတွက် ကိုယ်ကာကွယ်ဖို့ ဦးစားပေးရမှာဖြစ်ပြီး လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကြောင့် အခုလို လုပ်ဆောင်ရတာ ဖြစ်ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့ပြီး ကာကွယ်ဆေး တင်ပို့မှုဆိုင်ရာ တားမြစ်ချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကိုယ့်နိုင်ငံအတွက်ပဲ ကိုယ့်မကြည့်ကြဖို့ ပန်ကြားထားတာပါ။ အီးယူက သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကာကွယ်ဆေး တင်ပို့မှုဆိုင်ရာ တားမြစ်မှုတွေအတွက် စိုးရိမ်ကြောင်း WHO ဒုတိယအကြီးအကဲ Simao က ပြောပါတယ်။
ဒီလို ထိန်းချုပ်တားမြစ်မှုဟာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၁၀၀ လောက်ကို သက်ရောက်စေမှာ ဖြစ်တဲ့အတွက် ဒီလို လုပ်ဆောင်တာဟာ သိပ်စိုးရိမ်စရာ ကောင်းသလို ဆေးတွေနဲ့ ကာကွယ်ဆေးတွေ အတွက် ကမ္ဘာတလွှားက တင်ပို့မယ့်ပစ္စည်းတွေ ရဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။