သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပကနိုင်ငံတချို့ ကိုဗစ်ကြောင့် ခရီးသွားလာမှု ကန့်သတ်


ဂျာမနီနိုင်ငံ Duesseldorf လေဆိပ် ကိုဗစ်စစ်ဆေးရေးစင်တာက ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၀)
ဂျာမနီနိုင်ငံ Duesseldorf လေဆိပ် ကိုဗစ်စစ်ဆေးရေးစင်တာက ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကူးစက်သူ ဆက်ပြီးတိုးလာနေသလို ကူးစက်မြန် ဗီဇပြောင်းပိုးသစ် အန္တရာယ်ပါ ကြီးနေတာကြောင့် ပြင်သစ်၊ ဂျာမနီ အပါအဝင် နိုင်ငံတချို့က ခရီးသွားကန့်သတ်မှု အသစ်တွေ ချမှတ်လာကြပါတယ်။

အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှအပ ကျန်နိုင်ငံအားလုံး နိုင်ငံတွင်း အဝင်အထွက်မလုပ်ဖို့ ပြင်သစ်က တားမြစ်လိုက်ပါတယ်။ ဒီကန့်သတ်ချက် မူဝါဒအသစ်ကို တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပြီး အီးယူအဖွဲ့ဝင် နိုင်ငံတွေကနေ လာမယ့်သူတွေအတွက် ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကင်းကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံကတော့ သူ့နိုင်ငံတွင်းကို ဗြိတိန်၊ အိုင်ယာလန်၊ ဘရာဇီးလ်၊ တောင်အာဖရိကနဲ့ ပေါ်တူဂီ အပါအဝင် ဥရောပနဲ့ အာဖရိကနိုင်ငံ အများအပြားက ခရီးသွားတွေကို လာခွင့်မပြုတော့ပါဘူး။ အဲဒီနိုင်ငံတွေမှာ ရောက်နေတဲ့ ဂျာမနီနိုင်ငံသားတွေကိုတော့ ဆေးစစ်ပြီး ပိုးမရှိမှ လက်ခံမှာ ဖြစ်ပါတယ်။

ဒီ ခရီးသွားကန့်သတ်ချက် အသစ်ကို ဂျာမနီနိုင်ငံက သောကြာနေ့ ညသန်းခေါင်ယံမှာ စတင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ နိုင်ငံတွင်းဝင်လာတဲ့ လေယာဉ်စီးခရီးသည်တွေကို ဂျာမနီရဲတွေက လေဆိပ်တွေမှာ စောင့်ကြည့် စစ်ဆေးလာကြပါတယ်။

အခုတွေ့နေရတဲ့ ဗီဇပြောင်း ပိုးမျိုးသစ်တွေဟာ ကူးစက်မှုနဲ့ ပြန့်ပွားမှု ပိုမိုမြန်ဆန်တာ တွေ့ရတဲ့အတွက် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်ပြီး ကျန်းမာရေးစနစ် ထိခိုက်မှာကို ကျန်းမာရေး တာဝန်ရှိသူတွေ စိုးရိမ်လာကြတာကြောင့် အခုလို ခရီးသွား ကန့်သတ်မှုအသစ်တွေ ထုတ်ပြန်လာကြတာပါ။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG